အရင်လိုမျိုး ကမ္ဘာကြီး နေပြန်ကောင်းရင် ဒါတွေ လုပ်ကြမယ်

shutterstock/Tom Wang
Sponsored

ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ ကပ်ရောဂါကြောင့် အလုပ်တွေလည်း ပုံမှန် မလည်ပတ်နိုင် လူတွေလည်း ပုံမှန် မသွားလာနိုင်ဘဲ အိမ်မှာပဲ အများဆုံး နေထိုင်နေရလျက် ရပါတယ်။ စီးပွားရေး အခြေအနေတွေကြောင့် သွားလာရတဲ့သူတွေ ရှိနေပေမယ့်လည်း ပုံမှန်အတိုင်းတော့ မဟုတ်သေးပါဘူး။ ဒီလို အချိန်တွေမှာ လွမ်းစရာကောင်းတာကတော့ သွားချင်တိုင်း သွားလို့ စားလို့ ရနေတဲ့ အတိတ်နေ့ရက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးနေကောင်းရင် ဒီလိုလေးတွေ အတူလုပ်ကြရအောင်နော်။

(၁) ဟော့ပေါ့ဆိုင် သွားမယ်

Sponsored

ဒီအခြေအနေမှာ ချုပ်ထိန်းထားရတဲ့ အထဲမှာ စားချင်တာတွေ စားလို့ မရတာလည်း ဆိုးပါတယ်။ သွားနေကျ အကင်ဆိုင်တွေ၊ ဟော့ပေါ့ဆိုင်တွေနဲ့ အကြိုက်ဆုံးစားစရာဆိုင်တွေကို ပုံမှန်အတိုင်း ပြန်ဖြစ်တာနဲ့ အတိုးချပြီး သွားစားရအောင်နော်။

READ
သာမန်လူတွေ လုပ်နိုင်ပေမယ့် မျက်မှန်သမားတွေအတွက်တော့ အခက်တွေ့ရတဲ့ အရာ (၇)မျိုး
shutterstock/Alpha_7D

(၂) ခရီးသွားမယ်

ကားဂိတ်တွေပိတ်၊ ပြည်ဝင်ခွင့် ပိတ်တဲ့နေရာတွေ ပိတ်နဲ့ ခရီးသွားမယ်လုပ်ထားတဲ့ နှစ်မှာ သိပ်နှမြောနေမိတော့ပါပဲနော်။ ပိတ်ရက်တွေများလို့ ခရီးသွားမယ် တွေးထားပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့လို့ ကမ္ဘာကြီး နေပြန်ကောင်းတာနဲ့ သူငယ်ချင်းတွေ မပါလည်း ခရီးတွေ ရအောင် ထွက်ကြမယ်နော်။

(၃) ဓာတ်ပုံတွေ ရိုက်မယ်

အပြင်တွေသွား ဓာတ်ပုံတွေ မရိုက်လို့ အိမ်ထဲမှာပဲ ဓာတ်ပုံတွေ ရိုက်နေရတာ ပျင်းစရာ တော်တော် ကောင်းနေပါပြီ။ ဒါကြောင့် အပြင်ထွက်လို့ ရတာနဲ့ ဓာတ်ပုံတွေ လှလှလေးတွေ ရိုက်ပြီး မျက်စိနောက်လောက်အောင် ပုံတွေ အပြိုင်အဆိုင် IG/fb မှာ တင်ကြမယ်။

Photo by Dương Nhân from Pexels

(၄) အဝတ်သစ်တွေ ဝယ်မယ်

ဆိုင်တွေကလည်း လျှော့ဈေးတွေနဲ့  ပြန်ဖွင့်ကြသလို ဝယ်ချင်တာတွေလည်း စိတ်ထဲမှာပဲ သိမ်းထားရတဲ့အတွက် ပိုက်ဆံကုန်တော့ သက်သာနေပါတယ်။ ဒါကြောင့် ပိုက်ဆံစုထားပြီး လိုချင်တာတွေကို ဝယ်ဖို့ စာရင်းမှတ်ထားကြမယ်နော်။

READ
မှဲ့များ၏တည်နေရာနှင့် ၎င်းတိုကပြောပြသည့် သင့်အကြောင်း

(၅) ငွေပိုရှာမယ်

ကမ္ဘာကြီး ပုံမှန် မလည်ပတ်တာနဲ့ ဝင်ငွေတွေကနည်း စီးပွားရေးတွေက ကျကုန်တာလည်း စိတ်ညစ်စရာပါပဲ။ ဒါကြောင့် ကမ္ဘာကြီး ပုံမှန် ဖြစ်တာနဲ့ ကြိုးစားပြီး ငွေတွေ အများကြီး ပြန်ရှာကြအောင်ပါနော်။

(၆) သင်တန်းတွေ တက်မယ်

နှစ်သစ်မှာတော့ ဘာသင်တန်း ညာသင်တန်း တက်မယ် အားခဲထားသမျှ မလုပ်ဖြစ်လိုက်ရလို့ ဝမ်းနည်းမနေဘဲ ကြိုလေ့လာထားကြနော်။ ကမ္ဘာကြီး နေကောင်းတာနဲ့ ပညာတွေလည်း အတိုးချ ရှာကြမယ် လေ့လာကြမယ်နော်။

Kham

sponsored