မျက်လုံးပြာပြာနဲ့ Percy Jackson မင်းသားလေးရဲ့ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုကြီး

Summit Entertainment ,Instagram-analuisacorrigan
Sponsored

၂၀၁၅ ခုနှစ်တုန်းကစထွက်ခဲ့တဲ့ Percy Jackson and the Lightning Thief ရုပ်ရှင်ကို ကြည့်ဖူးကြလားမသိဘူး။ အဲဒီထဲ Percy Jackson အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားလေးကိုရော မှတ်မိကြဦးမလား။

နုဖတ်နေတဲ့ ကလေးလေးမျက်နှာလေးနဲ့ အပြစ်ကင်းစင်ပြီ မျက်လုံးပြာလဲ့လဲ့နဲ့ Logan Lerman ဟာ အခုဆိုရင် ပရိတ်သတ်တွေတောင် တော်ရုံမမှတ်မိတော့တဲ့ ပုံစံမျိုးဖြစ်နေခဲ့ပါပြီ။ ၁၉၉၂ ခုနှစ်ဖွားဖြစ်တာကြောင့် အခုဆိုရင် Logan Lerman ကတော့ အသက် ၂၈ နှစ်ရှိလို့နေခဲ့ပါပြီ။

Summit Entertainment
Sponsored

Social Media သိပ်မသုံးတဲ့သူဖြစ်တာကြောင့် ပရိတ်သတ်နဲ့အဆက်အသွယ်ပြတ်နေတဲ့ သူ့ပုံတွေကိုလည်း သိပ်မမြင်ခဲ့ရပေမယ့် အခု Logan Lerman ရဲ့ ချစ်သူကောင်မလေးတင်ထားတဲ့ ဓာတ်ပုံတစ်ပုံမှာတော့ Logan Lerman တစ်ယောက် တော်တော်လေးကို ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။ အသက်အရွယ်ကြောင့် ရင့်ကျက်လာတဲ့ ရုပ်ရည်ဟာ ယောက်ျားပီသနေပြီး အရင်လို မျက်နှာဟာလည်း ကလေးလေးတစ်ယောက်လို ရှင်းရှင်းလင်းလင်းမဟုတ်တော့ဘဲ မုတ်ဆိတ်မွှေးတွေ၊ ပသိုင်းမွှေးတွေနဲ့ပါ။

READ
ရည်းစားမရှိဘဲ Feel နေတာပါလို့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ ပိုင်တံခွန်
Instagram-analuisacorrigan

အထူးဆန်းဆုံးကတော့ Logan Lerman ရဲ့ ဆံပင်ပါပဲ။ ဆံပင်အဖြူတစ်ကွက်၊ အမည်းတစ်ကွက်ဖြစ်နေတာကို ပရိတ်သတ်တွေကတော့ အံ့သြလျက်ရှိနေပါတယ်။ ဒါပေမဲ့လည်း တော်တော်များများကတော့ ဒါဟာလည်း Logan Lerman ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ပုံစံတစ်မျိုးပဲဆိုပြီး ပြောနေခဲ့ကြပါတော့တယ်။

Instagram-analuisacorrigan

Logan Lerman ဟာ ချစ်သူကတော့ Ana Corrigan ပါ။ နယူးယောက်က designer တစ်ဦးဖြစ်ပြီး နှစ်ဦးသား တည်ငြိမ်နေတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားကြပါတယ်။

READ
အမျိုးသမီး Idol တွေအပေါ် လုပ်ခဲ့တဲ့ Fan တွေရဲ့ အဆိုးရွားဆုံးလုပ်ရပ်များ

 

 

View this post on Instagram

 

A post shared by Ana Corrigan (@analuisacorrigan) on

penny

sponsored