Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ

Freepik- drobotdean
Sponsored

ပတ်ဝန်းကျင်ကလူတွေကိုက အရွယ်ရောက်လို့ ရည်းစားမရှိရင် တော်တော်လေးကို ကဲ့ရဲ့ချင်ကြတာမဟုတ်ဘူးလား။ အချိန်အကြာကြီး ရည်းစားမရှိဘဲ တစ်ယောက်တည်းနေရတဲ့ single လေးတွေမှာပဲ ခံစားရတဲ့ အခက်အခဲတွေကို ပြောပြပေးချင်ပါတယ်။

လူတွေရဲ့သနားခြင်းကိုခံရခြင်း

Sponsored

သူ့မှာဘာများ ချို့ယွင်းချက်ရှိလို့ပါလိမ့်၊ ဘာလို့သူ့ကို ကောင်လးတွေက မကြိုက်ကြတာလဲဆိုပြီး အလကားနေရင်းကို သနားစိတ်ဝင်ပြီး သနားနေကြတာ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းနေပါတယ်။

Freepik- ArthurHidden

လူတွေရဲ့နားချခြင်းကိုခံရတယ်

သမီးကညာ အခါမလင့်စေနဲ့တို့၊ အရွယ်ရောက်နေပြီ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တို့ စတဲ့စကားတွေနဲ့ အမြဲတမ်း ထိုးနှက်ပြီး ရည်းစားထားဖို့ကိုပဲ နားချနေကြတာမျိုး။

သူငယ်ချင်းတွေရဲ့အတင်းမိတ်ဆက်ပေးခြင်း

ရည်းစားလိုချင်တယ်၊ ကိုယ်အထီးကျန်နေတယ်ပဲထင်ပြီး သူငယ်ချင်းတွေက သူစိမ်းတွေနဲ့ အတင်းမိတ်ဆက်ပေးတာတို့၊ အတင်းအောင်သွယ်ပေးတာမျိုးတို့ကိုလည်း ကြုံရပါသေးတယ်။ တော်တော်လေးကို စိတ်အနှောက်အယှက်ဖြစ်စေတာပါ။

Freepik- diana.grytsku

လွယ်လွယ်ရတယ်လို့ထင်တယ်

ဒါကတော့ ကောင်လေးတွေပေါ့။ ဒီကောင်မလေး single ဖြစ်နေတာကြာပြီဆိုတော့ ငါလိုက်ရင် ခဏလေးနဲ့ ရမယ်ဆိုပြီး ထင်တာမျိုးတွေ။ တကယ်ကို စော်ကားနေသလိုပါပဲ။ တကယ်တော့ ကိုယ်တွေက သူတို့ကိုတောင် စိတ်မဝင်စားလို့ တစ်ယောက်တည်းနေနေတာလေနော်။

READ
သင့်ချစ်သူအကြောင်း ဘယ်လောက်သိလဲဆိုတာဒီမေးခွန်းလေးတွေ ဖြေကြည့်ရုံနဲ့ သိနိုင်ပါတယ်
Freepik- katemangostar

နောက်ကွယ်မှာ အတင်းပြောတယ်

ဒီအသက်အရွယ်ရောက်နေပြီ ကြိုက်မယ့်သူမရှိဘူးလားဆိုပြီး အရင်းနှီးဆုံးလူတွေဆီကတောင်မှပဲ အတင်းအပြောခံရတာမျိုးတွေအထိ ဖြစ်လာတတ်ပါတယ်။ တကယ်တော့ အကြောင်းအရင်းတချို့ကြောင့် single ဖြစ်နေတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ကိုက single ဖြစ်ဖို့ရွေးချယ်ထားတာပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲ single ဖြစ်နေနေ တစ်ယောက်တည်းနေနေရတဲ့အချိန်မှာ single life ကို အပြည့်အဝခံစားကြည့်ပါ။

တကယ်တော့ သင့်ရဲ့ ပျော်ရွှင်မှုတွေကို တခြားလူတွေအပေါ်မှာ လုံးဝမမှီခိုထားသင့်ပါဘူး။ တစ်ယောက်တည်းမွေးလာတဲ့အတွက် တစ်ယောက်တည်းလည်း ပျော်ရွှင်စွာ ရှင်သန်နိုင်ရပါမယ်။ ပတ်ဝန်းကျင်က စကားတွေကို နားမယောင်ပါနဲ့။

penny

sponsored