Love in the Moonlight ဇာတ်ကားရိုက်ကူးမှု နောက်ကွယ်က ရိုက်ကွင်း ပုံရိပ်တစ်ချို့

ig/@boyoocouple_home
Sponsored

2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ Love in the Moonlight ဒီဇာတ်ကားလေးကိုတော့ တော်တော်များများက သိပြီးသား ဖြစ်မှာပါ။ ဒီဇာတ်ကားလေးက သာမာန် နန်းတွင်းကားလေးတွေထဲကနေ ခွဲထွက်နေပြီး ငယ်ရွယ်နုပျိုတဲ့ အချစ်တွေကို အဓိကထား ရိုက်ကူးထားခဲ့တဲ့ youth romance ဇာတ်ကား အမျိုးအစားလေးပဲ ဖြစ်ပါတယ်။

 

Sponsored

ဒီဇာတ်ကားလေးက ၁၉ ရာစု Joseon မင်းဆက် အကြောင်းကို အခြေခံရေးသားထားတဲ့ အခန်းဆက် ဝတ္တုရှည် Moonlight Drawn by Clouds စာအုပ်လေးကို ပြန်လည် ရိုက်ကူးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးဟာ ကိုးရီးယားနိုင်ငံမှာ rating 23.3% အထိရရှိခဲ့ပြီး 22nd Asian Television Awards အခမ်းအနားပွဲမှာ Best Drama Series ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ နောက်ပြီး 53rd Baeksang Arts Awards အတွက် nominate စာရင်းမှာ ဆုခြောက်ခုအထိ ဝင်ရောက်ခဲ့ပါသေးတယ်နော်။

READ
သင့်ကိုပိုမိုဆွဲဆောင်မှုရှိနေစေမည့် အသေးအဖွဲအပြုအမူလေးများ

 

Love in the Moonlight ဇာတ်ကားလေးမှာ မင်းသားချော Park Bo-gum က အနုပညာနဲ့ ဂီတကို ချစ်မြတ်နိုးတဲ့ အိမ်ရှေ့စံ Lee Yeong အဖြစ်၊ မင်းသမီးချောလေး Kim Young-jung က လူချစ်လူခင်များပြီး ထက်မြက်တဲ့ ကောင်မလေးတစ်ယောက်ပေမယ့် သူမအမေရဲ့ စီစဉ်မှုကြောင့် ကောင်လေးတစ်ယောက်လိုမျိုး ဟန်ဆောင်နေရတဲ့ Hong Ra-on အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

 

ဒီဇာတ်ကားလေးက ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ ဇာတ်ကားလေးဖြစ်သလို 2016 ခုနှစ်က ထွက်ရှိခဲ့ပေမယ့် အခုအချိန်ထိကို ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ စွဲထင်နေတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်နော်။ ဒါကြောင့် ဒီဇာတ်ကားလေး ရိုက်ကူးစဉ်တုန်းက နောက်ခံရိုက်ကွင်း ပုံရိပ်တစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်နော်။

READ
သင့်ကို တစ်ဘဝစာ ရည်ရွယ်ပြီးတွဲသူလား/အပျော်ကြံသူလား ဘယ်လိုသိနိုင်မလဲ

Love in the Moonlight ကိုတော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတ ယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

Khin

 

sponsored