အသည်းနင့်အောင်ချစ်တတ်ကြတဲ့ အချစ်ကြီးကြီးရာသီခွင် (၄) ခု

Freepik- cookie_studio
Sponsored

တချို့တွေက အချစ်သိပ်ကြီးကြတာ။ ကိုယ့်ကို ဘယ်လောက်ပဲ ဆိုးဆိုး၊ ဘယ်လောက်ပဲ ဥပက္ခာပြုပြု၊ တန်ပြန်မေတ္တာတွေ ပြန်မရရင်တောင်မှပဲ တစ်ဖက်သားအပေါ် အသည်းနင့်အောင် ချစ်တတ်ကြတာမျိုး။ ဒီတော့ အဲလိုမျိုး အချစ်သိပ်ကြီးကြတဲ့ ရာသီခွင် (၄) ခုကိုဖော်ပြပေးလိုက်ပါတယ်။ ဘယ်ရာသီခွင်တွေများဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ အထိ

Sponsored

သူ့ကိုချစ်နေရရင် ဘယ်လောက်ပဲ အဆိုးတွေကြုံကြုံ လုံးဝမပင်ပမ်းတဲ့ရာသီခွင်ပေးပါပဲ။ တော်ပြီ မချစ်တော့ဘူးလို့ တစ်ခါလေးမှ မစဉ်းစားမိတဲ့အထိ အဲဒီလူကို စွဲစွဲလန်းလန်းချစ်တာပါတဲ့လေ။ အရာရာကိုလည်း အချစ်နဲ့ပဲ ဆုံးဖြတ်လေ့ရှိသလို သိပ်ကိုလည်း အစွဲအလန်းကြီးတဲ့ ရာသီခွင်လေးတွေပါပဲ။

Freepik- prostooleh

(၂) Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်အထိ

Cancer လေးတွေဟာ သူတို့ဘဝရဲ့ ဖုံးကွယ်ထားတဲ့ နာကျင်စရာ၊ ဝမ်းနည်းစရာတွေကို ဘယ်သူ့ကိုမှ မပြောဘဲ ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒါပေမဲ သူတို့တကယ်ချစ်မိသွားပြီဆိုရင်တော့ အဲဒီလူတစ်ယောက်တည်းကိုသာ သူတို့ရဲ့စိတ်ပင်ပမ်းစရာတွေကို ရင်ဖွင့်တတ်ပြပါတယ်တဲ့။ ဒါကြောင့် သူတို့ဟာ အဲဒီလူအပေါ် အရမ်းစိတ်နှစ်ပြီး ချစ်တတ်ကြတယ်၊ အားလည်းကိုးတယ်၊ အရမ်းလည်း တွယ်တာတတ်ကြပါတယ်။

READ
မိဿရာသီ(Aries) ဖွားများအတွက် 2017 ဇွန်လ အထွေထွေဟောစာတမ်း
Freepik- pressfoto

(၃) Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်

သူတို့တွေဟာ စိတ်ကူးယဉ်သိပ်ဆန်တယ်၊ အချစ်နဲ့ပတ်သက်ရင် အရမ်းကိုနူးညံ့လွန်းတယ်၊ မိုက်ရူးရဲဆန်ပြီး သိပ်အစွဲလန်းကြီးကြတယ်။ ဒါကြောင့် အချစ်ရေးမှာလည်း အမြဲတမ်း ရှုံးနိမ့်တတ်ကြပါတယ်။

Freepik- freepic.diller

(၄) Virgo- သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ အထိ

Virgo လေးတွေဟာ အရင်မူရင်းစိတ်ကိုက အရမ်းကိုတာဝန်ယူစောင့်ရှောက်ချင်စိတ်ရှိတယ်။ ကိုယ်ချစ်ရတဲ့လူကို အကောင်းဆုံးတွေပဲဖြစ်လာအောင် အမြဲတမ်း ထုဆစ်ပေးနေလေ့ရှိတယ်။ ဒါကြောင့် သူတို့အချစ်ဟာ အနစ်နာခံဖြူစင်တဲ့ ချစ်ခြင်းတွေပါပဲ။ ချစ်ရသူရဲ့ အဆိုးဆုံးတွေမှာတောင် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမယ့် ချစ်ခြင်းမျိုးပါ။

penny

sponsored