$961 တန် Face Shield ကို မကြာခင်မှာ ရောင်းချမယ့် LV

Image:LV
Sponsored

လက်ရှိ ကိုဗစ် ကပ် ဘေး ကာ လ က တော့ လူတွေရဲ့ ဘ၀ နေထိုင်မှု ပုံစံ တစ်ခု လုံးကို ပြောင်းလဲ သွား စေခဲ့ပါတယ်။Mask က တော့ လူတွေ ရဲ့ နေ့စဉ် ဘ၀မှာ မရှိ မဖြစ် အ ရေးပါတဲ့ အရာ တစ်ခု ဖြစ်လာ ခဲ့ ပါတယ်။နာမည်ကြီး Brand တစ်ချို့ ကလည်း Mask တွေ၊PPE တွေ၊ Face Shield တွေကို ပြောင်း ထုတ်လာ ခဲ့ပါတယ်။အခုဆိုရင်တော့ တကယ့်ကို ဈေးကြီး လွန်းတဲ့ Luxury ပစ္စည်းတွေကိုပဲ ရောင်းချ နေတဲ့ Louis Vuitton က တော့ နောက်လ ထဲမှာ Face Shield ရောင်းချ တော့မှာပါ။လူချမ်းသာတွေ အတွက် ရည်ရွယ် ထုတ်တဲ့ LV ရဲ့ Face Shield က တော့ အ မေရိကန် ဒေါ်လာ ($961) ကျ သင့်မှာ ပါ။ဒီအ ကြောင်းကိုတော့ Asia One မှာ ဖော်ပြထားတာပါ။

Sponsored

ဖက်ရှင် ကုမ္ပဏီ Burberry က တော့ ပြီးခဲ့တဲ့ လက ပေါင်(၉၀) တန် face mask ကို ထုတ်ခဲ့ပါတယ်။ Louis Vuitton က လည်း PPE ကို ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။2021 Cruise Collection ရဲ့ တစ်စိတ် တစ်ပိုင်း အ နေနဲ့ LV shield ကို ထုတ် တော့ မယ်လို့ ကြေညာခဲ့ပါတယ်။ဈေးနှုန်း က တော့ (၉၆၁) ဒေါ်လာ ကျသင့် မှာပါ။ Brand ချစ်သူ တွေ အတွက် တော့ အဲ့ဒီ LV shield မှာ LV logo ပါရှိ မှာပါ။သိုင်းကြိုးက လည်း ကျုံ့ နိုင် ဆန့် နိုင်တဲ့ ကြိုးမျိုး ဖြစ်ပြီး ခေါင်း ကို ပတ် ပြီး ၀တ်ရမှာပါ။

READ
အစ်မဖြစ်သူ Kendall နဲ့ပူးပေါင်းထားတဲ့ မိတ်ကပ်သစ်တွေထုတ်ပြလိုက်တဲ့ Kylie
Image:LV

ထူးခြားချက် ကေ တာ့ နေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။နေ ရောင်ထဲမှာဆိုရင် အနက်ရောင် အဖြစ် Auto ပြောင်းလဲ ပေးနိုင်ပါတယ်။တစ်ချို့ ဖော်ပြချက် တွေမှာတော့ လူကို အန္တရာယ် ဖြစ်စေတဲ့ UV ကိုပါ ဒီ Face Shield က ကာကွယ် ပေးနိုင်တယ်လို့ ဖော်ပြ ခဲ့ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ဖက်ရှင်ကျကျ နဲ့ အမိုက်စား face shield ဆိုတာက တော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။လူကြီးတွေ အတွက် တင် မဟုတ်ပဲ အသက် (၁၂)နှစ် အောက် က လေးတွေ အတွက် လည်း အရွယ်အစား စုံ ထုတ် ပေးသွားမှာပါ။ LV Shield ကို တော့ အောက်တိုဘာ (၃၀) က စပြီး အွန်လိုင်းက နေ ၀ယ်ယူ လို့ ရ တော့မှာပါ။

READ
(၂၀၁၈)ခုနှစ်ရဲ့ ကမ္ဘာတစ်ဝှမ်းမှ အလှဆုံးအမျိုးသမီး (၁၅) ဦး
Image:LV

#AUNTYMAY

sponsored