သင်သိသင့်တဲ့ အိမ်ထောင်ရေးအမျိုးအစားများ

Sponsored

လူပေါင်းမျိုးစုံထဲက လူတွေအချင်းချင်း ပေါင်းဖက်ကြတာဖြစ်တဲ့ အိမ်ထောင်ရေးဟာ နာမည်တပ်ပြီး အတပ်ခွဲခြားမရနိုင်ပေ မယ့် အခြေခံအားဖြင့် လေးမျိုးခွဲခြားနိုင်ပါတယ်။ ဒါ့ကြောင့် သင်တို့ရရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးဟာ ဘယ်အမျိုး အစားထဲမှာပါသလည်းဆိုတာ သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Young couple having a good time - Indoors

Sponsored

ပြဇာတ်ဆန်ဆန်အိမ်ထောင်ရေး

ဒီအိမ်ထောင်ရေးပိုင်ရှင်တွေဟာ အမြဲလိုလို ရန်ဖြစ်နေတတ်ကြပါတယ်။ သို့ပေမယ့်လည်း မတည့်အတူနေဆိုသလို ခွဲခွာလို့မရတဲ့ ထိုနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆင်းရဲအောင် လုပ်တာထက် အစဉ်အမြဲ ပျော်ရွှင်နေ အောင်ပဲ ဂရုစိုက်လေ့ရှိပါတယ်။ မကြာခဏဆိုသလို ကွဲမယ်ကွာမယ်လုပ်လိုက် တော်ကြာနေ ကြားလေတောင် အသွေး မခံနိုင်လောက်အောင် ပြန်ချစ်သွားကြလိုက်ဆိုတာ ဒီလိုစုံတွဲမျိုးတွေပါပဲ။

happy_married_couple

ရဲဖော်ရဲဖက်ဆန်တဲ့အိမ်ထောင်ရေး

ဒီစုံတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တည်မှီဖြစ်တည်နေကြသူတွေပဲ ဖြစ်ပါတယ်။ တစ်ယောက် မပါဘဲ တစ်ယောက်က အပြင်မသွားချင်သလို တစ်ယောက်မသိဘဲလည်း နောက်တစ်ယောက်က ကိုယ်ထင်ရာ မလုပ်တတ်ပါဘူး။ အဆိုပါမောင်နှံစုံတွဲမျိုးဟာ အသက်ရှုနေသမျှကာလပတ်လုံး သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့သာ အချိန်ကုန် ဆုံးလိုကြပါတယ်။ အခြားအရာအားလုံးထက် သူတို့ရဲ့ အိမ်ထောင်ရေးကိုသာ ပိုအလေးထားတတ်ကြပါတယ်။

READ
လက်ထပ်ခြင်းနဲ့ ပတ်သတ်ပြီး လူငယ်အများစု စိုးရိမ် ထိတ်လန့်တဲ့ အချက်(၇)ချက်

be-the-buffer

အသိုင်းအ၀ိုင်းတူအိမ်ထောင်ရေး

ဒီအိမ်ထောင်ရေးအမျိုးအစားကို ပြောရရင် သူငယ်ချင်းအုပ်စုတစ်စုတည်းကနေ ချစ်ကြိုက်ပြီး ညားသွားကြသူတွေနဲ့ ဆင်တူပါတယ်။ ပတ်သက်နေသမျှ ပတ်ဝန်းကျင်အားလုံးဟာ နှစ်ယောက်စလုံးနဲ့ သက်ဆိုင်နေပါတယ်။ သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်းတွေဟာလည်း အတူတူပဲ ဖြစ်နေတတ်တဲ့အတွက် မတော်တဆ ကွဲချင်ကွာချင်ရင်တောင် သူငယ်ချင်း တွေရဲ့ ပယောဂနဲ့ တစ်ယောက်ရဲ့ ၀ဲဂယက်ထဲက တစ်ယောက် ရုန်းမထွက်နိုင်ကြတဲ့ မောင်နှံတွေပဲ ဖြစ်ပါတယ်။

shutterstock_145609372

အငြင်းသန်တဲ့အိမ်ထောင်ရေး

ဒီဇနီးမောင်နှံတွေကတော့ မရှိရှိတာကို လိုက်ရှာပြီး ငြင်းကြခုန်ကြလေ့ရှိပြီး ပြဿနာတစ်ခု ပြီးသွားလည်း နောက်တစ်ခု ကို ပြန်အစဖော်ကာ မပြီးမချင်း ထိုင်ငြင်းနေတတ်ကြပါတယ်။ နှစ်ယောက်စလုံးက ငြင်းရတာ ကြိုက်တဲ့အတွက် ဒီအမူ အကျင့်လေးကပဲ သူတို့ကို တည်မြဲနေအောင် ဆက်ထိန်းသိမ်းပေးထားတာ ဖြစ်ပါတယ်။

ဒါကတော့ တွေ့ရများတဲ့ အခြေခံအကျဆုံး အိမ်ထောင်ရေးအမျိုးအစားလေးတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ သင်လည်း ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

READ
ညားခါစ စုံတွဲအသစ်စက်စက်လေးလိုပဲ အိမ်ထောင်ရေးပြန်လည်သာယာစေမယ့်နည်းလမ်းများ

 

sponsored