ပင်ပန်းမှုတွေကို ပြေပျောက်စေမယ့် နေရာလေးအဖြစ် ကိုယ့်ရဲ့ အိမ်လေးကို ဒီလို ဖန်တီးပါ

shutterstock/Africa Studio
Sponsored

လူတိုင်းအတွက် အိမ်ဆိုတာ နားခိုရာ ဘုံဘိမာန်လေးတစ်ခုပါ။ အလုပ်တွေ ပင်ပန်းပြီး အိမ်ပြန်လာတဲ့အချိန်မှာ ကိုယ့်ရဲ့အိမ်လေးက အနားယူဖို့ အကောင်းဆုံး နေရာလေးပါပဲ။ ဒီတော့ အိမ်လေးထဲ ဝင်လိုက်တာနဲ့ အမောပြေသွားစေမယ့် ခံစားချက်လေးကို ပေးစွမ်းနိုင်ဖို့၊ ပင်ပန်းမှုတွေ ပြေပျောက်စေမယ့် ဘုံဘိမာန်လေးအဖြစ် ကိုယ့်ရဲ့အိမ်လေးကို ဒီလိုလေး ဖန်တီးပါ။

သန့််ရှင်းသတ်ရပ်စွာ ထားပါ

shutterstock/ Breadmaker

ပထမဆုံးနဲ့ အရေးအကြီးဆုံး အချက်က သန့်ရှင်းသတ်ရပ်နေဖို့ပါ။ အလုပ်တွေ ပင်ပန်းလို့ အိမ်ပြန်လာတဲ့အချိန်မှာ အိမ်က ရှုပ်ပွနေမယ်ဆိုရင် အမောမပြေနိုင်ရုံမက ပိုစိတ်အိုက်ပင်ပန်းသွားသလို ခံစားရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အိမ်လေးကို အတတ်နိုင်ဆုံး သန့်ရှင်းသတ်ရပ်စွာ ထားဖို့လိုအပ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ဂုဏ်ပုဒ်က အဲဒီ့အိမ်ရဲ့ သန့်ရှင်းမှုနဲ့ သက်ဆိုင်ပါတယ်နော်။

အပင်လေးတွေ စိုက်ပျိုးထားပါ

shutterstock/Lapina
Sponsored

လေကောင်းလေသန့်လည်း ရမယ်၊ အိမ်ထဲက အနံ့ဆိုးတွေကိုလည်း တိုက်ထုတ်ပေးမယ် နောက်ပြီး အိမ်လေးကို ပိုနွေးထွေးတဲ့ ပုံစံလေး မြင်ရစေဖို့ အိမ်ထဲမှာ indoor plants လေးတွေ စိုက်ပျိုးထားပေးပါ။ ဒါက ကိုယ့်ရဲ့အိမ်လေးကို ပိုနွေးထွေးစေသလို စိတ်ဖိစီးမှုတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။

READ
စကားကြွယ်လွန်း၊စကားများလွန်းသူလေးတွေမှာပဲရှိနိုင်တဲ့မဟာအားသာချက်(၆)မျိုး

အလုပ်စားပွဲခုံကို သတ်ရပ်စွာ လုပ်ထားပါ

shutterstock/ New Africa

အိမ်မှာ ကိုယ့်အတွက် အလုပ်လုပ်ဖို့ နေရာလေးကို စနစ်တကျနဲ့ သတ်သတ်မှတ်မှတ် လုပ်ထားသင့်ပါတယ်။ အလုပ်စားပွဲခုံတွေ ရှုပ်ပွနေတာမျိုး မဟုတ်ပဲ သေချာသတ်ရပ်စနစ်ကျစွာ ထားပါ။ ဒါက သင့်ရဲ့ ပင်ပန်းနေတဲ့စိတ်ကို ဖြေဖျောက်ပေးမှာပါ။ အလုပ်ကိစ္စနဲ့ အရေးကြီးတဲ့ စာရွှက်တွေ ဟိုရှာမရ၊ ဒီရှာမရ ဖြစ်တာက တကယ့်ကို ကြည့်မကောင်းပါဘူး။

ကိုယ့်ရဲ့ အိပ်ခန်းကို ဂရုစိုက်ပါ

shutterstock/  Pixel-Shot

အိမ်ကို သန့်ရှင်းသတ်ရပ်စွာ ထားသလိုပဲ ကိုယ့်အိပ်စက်အနားယူမယ့် ကိုယ့်ရဲ့အခန်းလေးကိုလည်း သေချာလေး ဂရုစိုက်ပေးဖို့ လိုပါတယ်။ အနံ့အသက်ဆိုးတွေ မဖြစ်အောင် လေဝင်လေထွက်ကောင်းအောင် ပြတင်းတံခါးတွေ ဖွင့်ထားတာ၊ အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါ ပုံမှန်လှဲပေးတာ၊ အဝတ်တွေကို စနစ်တကျ ထားတာမျိုးတွေ လုပ်သင့်ပါတယ်။ ဒါက သင့်ရဲ့စိတ်ကို ပိုကြည်လင်စေပြီး ကောင်းစွာအနားယူနိုင်မှာ ဖြစ်ပါတယ်နော်။ ကိုယ့်ရဲ့ အိမ်ကို ဒီလိုပုံစံမျိုးလေး နေချင်စရာကောင်းအောင် ရိုးရိုးရှင်းရှင်းလေး ဖန်တီးလို့ ရပါတယ်နော်။

READ
Self-confidence (ကိုယ့်ကိုယ်ကို ယုံကြည်မှု) ရှိလာအောင် ဘယ်လိုလုပ်ယူကြမလဲ

Khin

sponsored