Computer Skill နဲ့ စာအရေးအသားကောင်းရုံနဲ့ လုပ်လို့ရမယ့် Part-time Job များ

shutterstock/Milan Ilic Photographer
Sponsored

ခုလို IT ခေတ်ကြီးမှာ computer ဟာ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် တကယ့်ကိုအရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘယ်အလုပ်ခေါ်စာကြည့်လိုက်လိုက် computer ကျွမ်းကျင်ရမယ် ဆိုတာကိုတော့ တွေ့ကြမှာပါ။ Computer ကိုအများကြီး မကျွမ်းကျင်ရင်တောင် အခြေခံလောက်တော့ သင်ကြားတတ်မြောက်ထားသင့်ပါတယ်နော်။ ကျောင်းတက်နေဆဲ သူတွေ၊ ကျောင်းပြီးခါစ သူတွေနဲ့ အလုပ်ရှာနေတဲ့သူတွေအတွက် သင်ကြားထားသင့်တဲ့ ပညာရပ်တစ်ခုပါ။ Computer ကျွမ်းကျင်ပိုင်နိုင်ရုံနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေအလွယ်တကူ ရရှိနိုင်မယ့် အလုပ်အကိုင်လေးတွေ ရှိလို့နေပါတယ်။

Writing/ Editing

shutterstock/JKstock

Computer နဲ့ ကျွမ်းကျွမ်းကျင်ကျင် စာရိုက်တတ်ရုံနဲ့ ဝင်ငွေရနိုင်မယ့် အလုပ်တစ်ခုဖြစ်ပါတယ်။ ဒီအလုပ်အကိုင်အတွက်ကတော့ computer လက်ကွက်တွေကို မြန်မြန်ဆန်ဆန် ရိုက်နိုင်ရမှာဖြစ်ပြီးတော့ အချိန်နဲ့တပြေးညီ ငွေရှာနိုင်မယ့် အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။ တစ်ခုလိုအပ်တာက စာလုံးပေါင်းသတ်ပုံမှန်ပြီး spacing တွေကို သေချာနားလည်ထားသူ ဖြစ်ရပါမယ်။ ဒီလိုအချက်တွေနဲ့ ကိုက်ညီရင်တော့ ဒီအလုပ်က သင့်ကို အပိုဝင်ငွေရအောင် ကူညီပေးနိုင်ပါတယ်။

READ
ဝီလျံနဲ့ ဟယ်ရီတို့ရဲ့ ညီမဝမ်းကွဲ တော်ဝင်အလှပဂေး လေဒီ အမ်မလီယာဝင်ဆာ

Translator

Sponsored

ဒီအလုပ်အကိုင်အတွက် ကွန်ပျူတာကျွမ်းကျင်မှုအပြင် ဘာသာစကားကျွမ်းကျင်မှုလည်း လိုအပ်ပါတယ်။ ခုနောက်ပိုင်း တော်တော်ခေတ်စားလာတဲ့ translate နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေက ဝင်ငွေလည်း ကောင်းတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။ ဘာသာစကား အများကြီးမကျွမ်းကျင်ရင်တောင် english တစ်ခုတည်း ကျွမ်းကျင်ရုံနဲ့ အဆင်ပြေတဲ့ အလုပ်ဖြစ်ပါတယ်။ ကိုယ်အားနေတဲ့အချိန် အချိန်ပိုင်း translate လုပ်ပေးနိုင်ပြီးတော့ video translate, audio and document translate စတာတွေကို လုပ်ကိုင်လို့ရပါတယ်။

Online Tutor

shutterstock/Stock Rocket

တစ်ခြားသူတွေကို သင်ပြပေးရတာ ကြိုက်တဲ့သူတွေ၊ ဆရာအလုပ်ကို စိတ်ဝင်စားတဲ့သူတွေအတွက် ဒီအလုပ်အကိုင်က ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအလုပ်အကိုင်ဟာ ကျောင်းသားတွေ လိုအပ်တဲ့သင်ကြားမှုတွေ၊ ကျောင်းသားတွေရဲ့ မေးခွန်းတွေ၊ မသိတာတွေကို online ပေါ်က အကြံပြုလုပ်ကိုင်ပေးရမယ့် အလုပ်အကိုင်တစ်ခုပဲ ဖြစ်ပါတယ်။ အချိန်နာရီိပိုင်းလေးအတွင်းမှာ ဝင်ငွေများများရနိုင်ပြီး အချိန်ပိုင်းလုပ်ကိုင်လို့ ရတဲ့အလုပ်အကိုင်တစ်ခု ဖြစ်ပါတယ်။

READ
ပိုက်ဆံစုတာနဲ့ပတ်သက်လို့ အသက်(၂၀)ကျော်အရွယ်မှာ လုပ်တတ်တဲ့ အမှား (၅)မျိုး

Vlogger

Social network တွေလွှမ်းမိုးမှု အရမ်းများနေတဲ့ ခုလိုခေတ်မှာ vlogger အလုပ်ကလည်း လူကြိုက်များပြီး ဝင်ငွေရတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်လုပ်ကိုင်လို့ရပြီးတော့ အလှအပရေးရာ၊ အစားအသောက်၊ ခရီးသွား၊ ဖက်ရှင်နဲ့ တစ်ခြားသော စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာတွေ lifestyle စတာတွေကို ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်ပြီး vlogger လုပ်လို့ရပါတယ်။ ဒီအလုပ်က like တွေနဲ့ sponsor တွေဆီကနေပြီး သင်အောင်မြင်ရင် အောင်မြင်သလောက် ဝင်ငွေရရှိပြီး အချိန်ပိုင်းလုပ်ကိုင်လို့ အဆင်ပြေတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်နော်။

Khin

 

 

 

 

sponsored