သင့်ကိုရှိရင်းစွဲ အသက်ထက် ပိုပြီး အိုမင်းရင့်ရော်စေတဲ့ မိတ်ကပ်ပြင်ဆင်မှုများ

Freepik- pressfoto
Sponsored

လူတစ်ယောက်မှာ အပြင်အဆင်ကလည်းအရမ်းကို အရေးကြီးပါတယ်။ မိန်းကလေးဖြစ်တာနဲ့အညီ အလှအပရေးရာတွေအတွက် တလွဲတွေမဖြစ်ဘဲ အမြဲလှနေအောင် သေချာစဉ်းစားပြီးမှ ပြင်ဆင်တတ်ကြတယ်မဟုတ်လား။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့ကို ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းရင့်ရော်စေတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေကို ဖော်ပြပေးသွားမှာပါ။

Freepik- freepik

(၁) မျက်ခုံး

Sponsored

မျက်ခုံးမွှေးထူလေ ရုပ်ပိုရင့်လေပဲဆိုတာ မှတ်ထားပါ။ ဒါကြောင့် မျက်ခုံးမွှေးဆွဲတဲ့အခါ ပါးပါးလေးနဲ့ အနေတော်အရှည်လေးကိုပဲ အရောင်နုလေးတွေနဲ့ ဆိုးပေးသင့်ပါတယ်။ အကယ်၍ သင်ဆံပင်က အမည်းရောင်ဖြစ်နေမယ်ဆိုရင်လည်း မျက်ခုံးမွှေးဆွဲတဲ့အခါ မီးခိုး ဒါမှမဟုတ် မီးခိုးစိမ်းလေးနဲ့ ဆွဲပေးလို့ရပါတယ်နော်။ အမည်းကိုတော့ ရှောင်ကျဉ်ပါ။

(၂) Eye-liner

Eye-liner ဆွဲတဲ့အခါမှာ မျက်လုံးအောက်ဖက်က waterline ကို အမည်းတွေခြယ်ခြင်းကို တော်ရုံရှောင်ကျဉ်ပါလို့အကြံပေးချင်ပါတယ်။

Freepik- kuprevich

(၃) မိတ်ကပ်အရောင်

ကိုယ့်ရဲ့ပုံမှန်အသားရောင် ဒါမှမဟုတ် တစ်ဆင့်ဖြူတဲ့မိတတ်ကပ်ရောင်တွေကိုပဲ ရွေးချယ်သင့်ပါတယ်။ မိတ်ကပ်အရောင် ညိုလွန်းရင်လည်း ရုပ်ထွက်မလှသလို အိုလည်းအိုစာနိုင်ပါတယ်နော်။

READ
မျက်နှာအဆီတွေကျပြီး သွယ်လျသွားရုံသာမက အရွယ်တင်နုပျိုနေစေမယ့် နှိပ်နည်းအဆင့် (၇)ဆင့်

(၄) Contour

နုပျိုလန်းဆန်းတဲ့ make up look တစ်ခုရချင်တယ်ဆိုရင်တော့ contour တွေကို ထင်းထင်းကြီးမချလိုက်ဖို့ သတိထားပါ။ အထူးသဖြင့် ပါးရိုးမှာပဲဖြစ်ပါတယ်။

Freepik- kuprevich

(၅) နှုတ်ခမ်းနီ

နှုတ်ခမ်းနီအရောင်ရွေးချယ်တဲ့အခါမှာ ပုတ်လွန်းတဲ့အရောင်တွေ၊ အညိုဖက်သန်းတာတွေ၊ အနီရောင်တွေ၊ ခရမ်းရောင်မျိုးနဲ့ nude အရောင်တွေဟာ ထင်းထင်းလင်းလင်းနဲ့ ရုပ်ပိုရင့်စေပါတယ်။ အရွေးချယ်သင့်ဆုံးကတော့ ပန်းရောင်လေးတွေနဲ့ peach color လေးတွေပေါ့။

(၆) မျက်တောင်ကော့တဲ့အခါ

မျက်တောင်ကော့တဲ့အခါမှာ အပေါ်မျက်တောင်ကတော့ ကိစ္စသိပ်မရှိမေယ့်လို့ အောက်မျက်တောင်တွေကို အလွန်မတရား ထူထဲရှည်လျားလွန်းအောင် ကော့မိရင်လည်း ရုပ်ရင့်စေပါတယ်တဲ့။

(၇) ပါးနီ

ပါးနီရွေးခြယ်တဲ့အခါမှာလည်း အရမ်းနီရဲလွန်းပြီးထင်းလွန်းတဲ့အရောင်တွေကို လိမ်းခြယ်ခြင်းဟာ လူကို ပိုပြီးအိုစာစေပါတယ်။ ဒါကြောင့် သဘာဝအဆန်ဆုံးအရောင်လေးတွေကိုသာ ရွေးချယ်သင့်ပြီး ခပ်ဖွဖွလေးချယ်မှုန်းပေးပါ။

penny

sponsored