လည်ပင်း အရေးအကြောင်းတွေကို လျော့နည်းစေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းများ

shutterstock/  Irina Bg
Sponsored

တစ်ချို့လူတွေရဲ့ လည်ပင်းတွေက တစ်ခြားသူတွေထက်ကို လိုင်းတွေပိုဖြစ်နေတာမျိုး ဖြစ်တတ်ပါတယ်နော်။ ဒီလို လည်ပင်းမှာ လိုင်းတွေများခြင်းက ကိုယ့်ရဲ့အသက်အရွယ်ကို နဂိုထက် ပိုရင့်တယ်လို့ မြင်ရစေတာမို့ ဒါလေးတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ဖုန်း၊ ကွန်ပျူတာကို အနေအထားမှန်ကန်စွာ အသုံးပြုပါ

shutterstock/ Dean Drobot

လည်ပင်းမှာ အရေးအကြောင်းတွေ ပိုအဖြစ်များလာတာဟာ ဖုန်းကို အချိန်အကြာကြီး ငုံပြီးကြည့်နေတတ်တာမျိုး၊ အနေအထား မမှန်ကန်တာမျိုးကြောင့် ဖြစ်ပါတယ်။ ဒီလို မှားယွင်းတဲ့ အနေအထားက လည်ပင်းအရေးအကြောင်းတွေကို တိုးလာစေပြီး ကျောနာကျင်မှုကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီတော့ လည်ပင်းအရေးအကြောင်းတွေ လျော့နည်းစေချင်ရင်တော့ ကိုယ့်ကိုယ် မတ်မတ်ထားပြီး ရှေ့ကိုကြည့်နေတဲ့ အနေအထားမျိုးသာ ဖုန်းကိုအသုံးပြုသင့်ပါတယ်။

မျက်နှာသစ်တဲ့အချိန်တိုင်း လည်ပင်းကိုလည်း သန့်စင်ပေးပါ

shutterstock/ kei907
Sponsored

အပြင်တွေက ပြန်လာတဲ့အချိန်တွေမှာ မိတ်ကပ်တွေက မျက်နှာမှာတင်မက လည်ပင်းတွေမှာပါ ရှိနေတဲ့အတွက် မျက်နှာသစ်တဲ့အခါ လည်ပင်းကိုပါ သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး မျက်နှာကို အစိုဓာတ်ဖြည့်ပေးသလိုပဲ လည်ပင်းကိုလည်း အစိုဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်နော်။ ဒါက လည်ပင်းမှာ ဖြစ်နေတဲ့ အရေးအကြောင်းတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။

READ
ယုန်လေးကို တရားစွဲရတဲ့ အကြောင်းအရင်းကို ပြောလိုက်တဲ့ စူးရှထက်

လည်ပင်းကို ကြေးချွတ်ပါ

shutterstock/ BLACKDAY

တော်တော်များများသော သူတွေက မျက်နှာနဲ့ ခန္ဓာကိုယ် အသားအရေကို ကြေးချွတ်တာမျိုး လုပ်တတ်ပေမယ့် လည်ပင်းကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ လည်ပင်းအသားအရေဟာ ထိခိုက်လွယ်သလို ဆဲလ်သေတွေလည်း ရှိနေတတ်တဲ့အတွက် ကြေးချွတ်ခြင်းကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်နော်။ ဒီတော့ တစ်ပတ်ကို နှစ်ကြိမ်လောက် ပုံမှန်ကြေးချွတ်ခြင်းမျိုး လုပ်ဆောင်ပေးပါ။

လည်ပင်း ယောဂပြုလုပ်ပါ

shutterstock/ Tatyana Dzemileva

မျက်နှာယောဂ လေ့ကျင့်ခန်းနဲ့အတူ လည်ပင်းယောဂပါ တစ်ခါတည်း တွဲလုပ်ပေးခြင်းက တကယ့်ကို ထိရောက်တဲ့ နည်းလေးဖြစ်စေပါတယ်။ မျက်နှာအသားအရေတင်မက လည်ပင်းအရေအကြောင်းလေးတွေကိုပါ လျော့နည်းစေပြီး ကျော့ရှင်းလှပတဲ့ လည်တိုင်လေးကို ပိုင်ဆိုင်စေမှာပါ။ လည်ပင်းလေ့ကျင့်ခန်းကို application နဲ့ တစ်ခြားသော Youtube လိုမျိုးတွေမှာ အလွယ်တကူ ရှာဖွေကြည့်ရှုလို့ ရပါတယ်နော်။

Khin

sponsored