ဝဝကစ်ကစ် ကောင်မလေးပုံစံမျိုးကိုမှ သဘောကျပါတယ်ဆိုတဲ့ Idol (၅)‌ယောက်

ig/@kimseokjiin.bts,@jangkiyong_id
Sponsored

နာမည်ကြီး အမျိုးသားအနုပညာရှင် တစ်ချို့ကတော့ သူတို့ရဲ့ စိတ်ကူးထဲက မိန်းကလေးပုံစံမျိုးကို ပြောပြခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူတို့တွေက ခန္ဓာကိုယ်ပြည့်ပြည့်နဲ့ မိန်းကလေးတွေကို ပိုသဘောကျကြောင်း ပြောပြခဲ့ကြတာပါနော်။ ဒီသတင်းကို koreaboo က ဖော်ပြထားတာ ဖြစ်ပါတယ်။

Choi Jin Hyuk

 

Sponsored

ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော Choi Jin Hyuk ကတော့ သူ့ရဲ့စိတ်ကူးထဲက မိန်းကလေးပုံစံကို ပြောပြခဲ့ပါတယ်။ KBS2 က ထုတ်လွှင့်တဲ့ ‘Happy Together 3’ အစီအစဉ်မှာ သူက ပိန်တဲ့ကောင်မလေးတွေကို သဘောမကျကြောင်းကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြိုက်ပုံစံက ချစ်စရာကောင်းတဲ့ ဝဝကစ်ကစ်ပုံလေးမျိုးလေးပါ ဆိုပြီးပြောသွားခဲ့တာပါနော်။

Jin

 

 

View this post on Instagram

 

A post shared by BTS JIN (@kimseokjiin.bts)

BTS ရဲ့အဖွဲ့ဝင် Jin ဟာလည်း အနည်းငယ် ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးမျိုးကို သဘောကျကြောင်း ထုတ်ဖော်ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် Lee Gook Ju က MBC’s Radio Star အစီအစဉ်မှာ “Jin ရဲ့စိတ်ကူးထဲက ကောင်မလေးပုံစံဟာ ဝဝကစ်ကစ်ပုံစံမျိုးဖြစ်တယ်” လို့ ပြောကြားပေးခဲ့ ဖူးပါတယ်။

READ
ခရီးသွားတဲ့သူတွေဟာ ခရီးမသွားတဲ့သူတွေထက် အောင်မြင်နိုင်ခြေ ပိုများပါတယ်

Jang Ki Yong

 

မင်းသားချော Jang Ki Yong ကတော့ KBS2’s Go Back Couple ဆိုတဲ့ အစီအစဉ်မှာ အစားအသောက်ကို ခုံမင်တဲ့ မိန်းကလေးမျိုးကို သဘောကျတယ်ဆိုတဲ့အကြောင်းကို “ကျွန်တော်က ကောင်းကောင်းစားနိုင်တဲ့ ဝဝကစ်ကစ်ကောင်မလေးမျိုးကို သဘောကျပါတယ် ကျွန်တော်မှတ်မိသလောက်တော့ ကျွန်တော်ဒိတ်ဖူးသမျှ သူတွေဟာ အဲလိုမျိုး ကောင်မလေးပုံစံတွေပါ” ဆိုပြီး ပြောပြခဲ့ပါတယ်။ နောက်ပြီး သူက ချစ်သူနဲ့အတူ ချိန်းတွေ့ချင်တဲ့ ပုံစံလေးကိုလည်း ပြောပြခဲ့ပါသေးတယ် “သူမနဲ့ ပိုရင်းနှီးအောင်လို့ ပျော်ပွဲစားတွေ၊ အပန်းဖြေပန်းခြံမျိုးတွေကို သွားချင်ပါတယ်” လို့ ပြောသွားပါတယ်။

READ
အကုန်အကျနည်းနည်းနဲ့ စတိုင်ကျလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင်..

Ju Ji Hoon

 

 

View this post on Instagram

 

A post shared by Joo Ji Hoon 주지훈 (@jujihoon.ig)

ခန့်ညားချောမောမှုကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော Ju Ji Hoon ဟာလည်း KBS2’s Entertainment Weekly အစီအစဉ်ရဲ့ အင်တာဗျူးမှာ အရပ်ပုပြီး အနည်းငယ်ဝတဲ့ မိန်းကလေးပုံစံမျိုးကို သဘောကျကြောင်း ပြောပြခဲ့ပါတယ်။ နောက်ပြီး သူက ကြောင်ချစ်တတ်တဲ့ မိန်းကလေးတွေကို ပိုသဘောကျကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်နော်။

Joo Won

 

 

View this post on Instagram

 

A post shared by • Moon Joo Won (@moon_joo_won)

မင်းသားချော Joo Won က SBS’s FM4U Cultwo Show အစီအစဉ်မှာတော့ ဗိုက်အဆီလေး နည်းနည်းရှိတဲ့ ကောင်မလေးမျိုးကို သဘောကျတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူက ဗိုက်အဆီလေးတွေကို ဆွဲရတာမျိုးကို ကြိုက်တယ်လို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Khin

sponsored