ကိုရီးယားမှာ ပထမဆုံးပြန်လုပ်မယ့် MAMA 2020 မှာ ဖျော်ဖြေဦးမယ့် BTS

YouTube, Instagram
Sponsored

၂၀၂၀ ခုနှစ်အတွက် ကျင်းပမယ့် MAMA ပွဲမှာ BTS အဖွဲ့အနေနဲ့ ဖျော်ဖြေဖို့ အဆင်သင့်ဖြစ်နေပါပြီတဲ့။

 

View this post on Instagram

 

A post shared by BTS official (@bts.bighitofficial) on

Sponsored

Mnet Asian Music Awards ဆိုတဲ့ MAMA ပွဲဟာ ဂျပန်၊ ဟောင်ကောင်စတဲ့နေရာတွေမှာ လှည့်ပြီး ကျင်းပနေခဲ့ကြတာပါ။ MAMA အနေနဲ့ ကိုရီးယားမှာ မကျင်းပဖြစ်တာ အခုဆိုရင် ၁၁ တောင်ရှိလို့နေပါပြီ။ ဒါပေမဲ့ ဒီနှစ်မှာတော့ လက်ရှိကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတဲ့ COVID-19 ကြောင့် ဒီနှစ် MAMA ကိုတော့ တောင်ကိုရီးယားမှာပဲ ပြန်ကျင်းပသွားမယ်လို့ Korea Boo မှာ ဖတ်လိုက်ရပါတယ်။

READ
PARK SHINHYE ပြောတဲ့ သူမအကြိုက်ဆုံး HAIRSTYLE

၁၁ နှစ်အကြာမှ ကိုရီးယားမှာ ပြန်ကျင်းပမယ့် ပွဲဖြစ်တာကြောင့် idol တွေအတွက်ရော ပရိတ်သတ်တွေအတွက်ရော MAMA 2020 ဟာ တမူထူးခြားတဲ့ပွဲတစ်ပွဲဖြစ်လို့နေပါတယ်။ ပွဲအသေးစိတ်ကတော့ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့၊ တောင်ကိုရီးယားရဲ့ Oaju မှာရှိတဲ့ စတုရန်းပေ ၂၁၃,၀၀၀ ကျယ်ဝန်းတဲ့ CJ ENM Content World မှာကျင်းပသွားမှာပါတဲ့။

Instagram

ဒီအပြင် ဒီပွဲမှာ ဖျော်ဖြေဖို့ အနုပညာရှင်တွေကိုလည်း ရွေးချယ်သွားပြီးဖြစ်ပြီဖြစ်ပြီး အဲဒီအထဲ BTS ကတော့ အဓိကနေရာကနေ ပါဝင်သွားမှာဖြစ်ပါတယ်။ သေချာကတော့ အခုအချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်နေတဲ့ Dynamite သီချင်းကိုတော့ MAMA စင်ပေါ်မှာ live ဖျော်ဖြေတာကို ကြည့်ရမှာပါ။

Instagram- @btsofficial

တစ်ခုရှိတာကတော့ ၂၀၁၇ ခုနှစ်ကတည်းက MAMA ရဲ့ ပင်တိုင် host အဖြစ်တာဝန်ယူခဲ့တဲ့ Park Bo Gum ကတော့ စစ်မှုထမ်းနေရတာဖြစ်တဲ့အတွက် သူ့နေရာမှာ ဘယ်သူအစားထိုးဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

READ
Lee Si Young ရဲ့မင်္ဂလာပွဲ ဓါတ်ပုံတွေ ထွက်ပေါ်

ဒါကတော့ ၂၀၁၉ ခုနှစ်တုန်းက MAMA မှာ BTS ရဲ့ဖျော်ဖြေမှုလေးပဲဖြစ်ပါတယ်။

penny

sponsored