လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူက ဒီအကြောင်းအရာတွေ မပြောဘူးဆိုရင် …….

Freepik- freepik
Sponsored

အပျော်တွဲတဲ့ရည်းစားတွေဆိုရင်တော့ ကိစ္စမရှိပေမယ့် ကိုယ်သာတကယ် လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိနေမယ်ဆိုရင်တော့ သူတို့အနေနဲ့ ကိုယ့်ကို ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိနေလဲ၊ မရှိနေလဲဆိုတော ဒီအချက် (၅) ချက်တည်းနဲ့ စမ်းစစ်နိုင်ပါတယ်။

Freepik- shisuka

(၁) အနာဂတ်

Sponsored

လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ချစ်သူမှန်ရင် ပုံမှန်အတိုင်းဆို သင်နဲ့ပတ်သက်တဲ့ အနာဂတ်အကြောင်းကိစ္စတွေကို ပြောကိုပြောရမှာပါ။ ဒါပေမဲ့ သူ့ဖက်က သင်နဲ့ပတ်သက်တဲ့ အနာဂတ်အကြောင်းအရာတွေကို သင့်ကိုခဏခဏပြောရမှာပါပဲ။ တိုင်ပင်ရမယ်၊ တီးတိုးရမယ်။ ဒါပေမဲ့ သူ့ဖက်က အဲလိုတွေတစ်ခါမှမပြောဘူးဆိုရင်တော့ သတိထားသင့်ပါတယ်။

(၂) ပိုက်ဆံကိစ္စ

ပိုက်ဆံဆိုတာ အချစ်ရေးနဲ့မပသက်ဆိုင်ဘူးဆိုပေမယ့်လို့ ရည်ရှည်လက်တွဲမယ့် စုံတွဲတွေမှာတော့ ပိုက်ဆံကိစ္စကို ပြောကိုပြောသင့်ပါတယ်။ ရှိခြင်းမရှိခြင်း ကိစ္စတိုင်းကို ပေးသိထားသင့်ပြီး အသုံးစရိတ်ကိုလည်း တိုင်ပင်ခွဲခြမ်းခြင်းဟာ လက်ထပ်မယ့်စုံတွဲတွေအတွက် ကြိုတင်လေ့ကျင့်ပြီးသားဖြစ်နိုင်ပါတယ်။

Freepik- freepik

(၃) အလုပ်ကိစ္စတွေ

လက်ထပ်မယ့်စုံတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် တွဲနေတုန်းမှာတင် grow လုပ်နိုင်ရပါမယ်။ ဆိုလိုချင်တာ တစ်ယောက်ရဲ့အလုပ်ကိစ္စတွေကို တစ်ယောက် ထောက်ပံ့နိုင်ရမယ်၊ စိတ်ဓာတ်ကျတဲ့အချိန်မှာ အားပေးနိုင်ရမယ် စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီလိုတွေ မရှိနေဘူးဆိုရင်တော့ သင်တို့ရဲ့အနာဂတ်ဟာ မှေးမှိန်နေဦးမှာပါပဲ။

READ
မိန်းကလေးတစ်ယောက်နာကျင်သွားတဲ့အခါ မြင်တွေ့ရမယ့် အပြုအမူ(၅)ခု

(၄) မိသားစုအကြောင်း

သူဟာ သူ့ရဲ့မိသားစုအကြောင်းတွေကို မပြောဘဲ တမင်ကို ထိန်ချန်ထားမယ်၊ လက်ထပ်မယ်ပြောတာတောင်မှပဲ သင့်ကို သူ့ရဲ့အသိုင်းအဝိုင်းနဲ့ ပေးမသိဘူးဆိုရင်လည်း သူ့ကိုယုံလို့မရသေးပါဘူး။

Freepik- nomadsoul1

(၅) ပွင့်ပွင့်လင်းလင်းမရှိခြင်း

ယောက်ျားလေးတွေဟာ သူတို့ရဲ့ အမှောင်ဖုံးလွှမ်းတဲ့ ဖက်တွေကို ပြလေ့မရှိပါဘူး။ ပုံမှန်ပါပဲ။ ဒါပေမဲ့လို့ သူဟာ သူ့ရဲ့ စိတ်ဓာတ်ကျခြင်းတွေ၊ ဝမ်းနည်းခြင်းတွေ စတာတွေကို လက်ထပ်မယ့်သူအရှေ့မှာတောင်မှပဲ မဖော်ပြဘဲ အမြဲတမ်းဟန်ဆောင်နေတာဟာလည်း သင်တို့ရဲ့ ဆက်ဆံရေးကို အကောင်းဆုံးအခြေအနေကို ရောက်စေမှာမဟုတ်ပါဘူး။

penny

sponsored