ကောင်လေးတွေ သင့်ကို Crush တဲ့အခါ လုပ်လေ့ရှိတဲ့ အပြုအမူလေးများ

drobotdean/ freepik
Sponsored

အချစ်ဆိုတာ မိန်းကလေးတွေပဲဖြစ်ဖြစ်၊ ယောက်ျားလေးတွေပဲဖြစ်ဖြစ် ခံစားရပုံချင်းတော့ အတူတူပါပဲ။ မိန်းကလေးဖက်ကပဲ စချစ်ချစ်၊ ယောက်ျားလေးဖက်ကပဲ စချစ်ချစ် အချစ်ကို ဖော်ပြပုံချင်းကတော့ အတူတူပဲဖြစ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ကောင်လေးတွေ သင့်ကို Crush တဲ့အခါ ပြုလုပ်တတ်တဲ့ အပြုအမူလေးတွေပဲဖြစ်ပါတယ်။

(၁) သင့်အနားကိုရောက်ရောက်လာတတ်တယ်

ကောင်လေးတစ်ယောက်ဟာ သင့်ကိုချစ်မိပြီဆိုရင် သင့်အနားကို ပုံစံမျိုးစုံနဲ့ရောက်လာတတ်ပါတယ်။ တကယ်လို့ ကောင်လေးတစ်ယောက်ယောက်ကို သင့်ပတ်ဝန်းကျင်မှာ တိုက်ဆိုင်စွာ အမြဲလိုလိုတွေ့နေရတယ်၊ ဆုံနေရတယ်ဆိုရင်တော့ တိုက်ဆိုင်မှုလို့ သတ်မှတ်လို့မရတော့ပါဘူး။ သူ့ဖက်က ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်လာတာလည်း ဖြစ်နိုင်ပါတယ်။

(၂) အမြဲလိုလိုပြုံးနေတယ်

Freepik- freepik
Sponsored

ကောင်လေးတစ်ယောက်ဟာ သင့်အနားမှာရှိနေတဲ့အချိန်ဆိုရင် အမြဲလိုလိုပြုံးနေတယ်ဆိုရင် သင့်ကိုချစ်နေလို့ ဖြစ်နိုင်ပါတယ်။ သူ့ကိုသင်သတိထားမိအောင်၊ သူ့ရဲ့အပြုံးတွေမှာကြွေသွားအောင် မာယာလေးတွေ ထုတ်သုံးနေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ အမြဲလိုလိုတွေ့နေရပြီး ပြုံးနေတတ်တဲ့ကောင်လေးတွေဆိုရင် သင့်ကိုချစ်နေတယ်လို့ ယူဆလို့ရပါတယ်။

READ
ခရီးသွားတဲ့အခါ မဖြစ်မနေယူသွားရမယ့် ပစ္စည်း (၇) မျိုး

(၃) အရောလာဝင်တယ်

ကောင်လေးတွေဟာ မိန်းကလေးတစ်ယောက်ကို ချစ်မိပြီဆိုရင် ဘလိုင်းကြီးလာရောတတ်ကြပါတယ်။ တစ်ခါတလေ အကြောင်းရှိလို့ လာရောပေမယ့် တစ်ခါတလေ အကြောင်းမရှိအကြောင်းရှာပြီး လာရောတတ်ကြပါတယ်။ ဒါကြောင့်ကိုယ့်ကို လာပြီးအရောတဝင်လုပ်နေတယ်ဆိုရင်တော့ ကိုယ့်ကိုယ်စိတ်ဝင်စားနေတာဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

(၄) အားတက်အောင်ပြောတတ်၊ လုပ်ပေးတတ်တယ်

shutterstock/Prostock-studio

ကောင်လေးတွေဟာ ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ကို ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်ရတဲ့မိန်းကလေးကို အားတက်သွားအောင်၊ စိတ်ပျော်သွားအောင် ပြောပေး၊ လုပ်ပေးတတ်ကြပါတယ်။ ကောင်လေးတစ်ယောက်ဟာ အမြဲလိုလို သင့်ဖက်မှာပါတယ်၊ သင့်ကိုပျော်အောင်ပြောပေးတယ်၊ မြှောက်ပေးတယ်ဆိုရင် သင့်ကိုစိတ်ဝင်စားနေတဲ့ လက္ခဏာဖြစ်ပါတယ်။

(၅) စိတ်ဝင်စားအောင်လုပ်တယ်

ကောင်လေးတွေဟာ ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက် ကိုယ့်အပေါ်ကို စိတ်ဝင်စားလာအောင် လုပ်တတ်ကြပါတယ်။ ဒါကြောင့် ထူးထူးဆန်းဆန်းလေးတွေ လုပ်တာ၊ အရောလာဝင်ပြီးမှ ကိုယ်ယောင်ဖျောက်တာမျိုးလေးတွေ လုပ်တတ်ကြပါတယ်။ တကယ်လို့ကောင်လေးတစ်ယောက်ဟာသင့်ကို စိတ်ဝင်စားစရာတွေ လုပ်ပေးနေပြီဆိုရင်တော့ သင့်ကို စိတ်ဝင်စားလို့ပဲဖြစ်ပါတယ်။

READ
Pay Day မှာ လုံးဝ မလုပ်သင့်တဲ့ အရာ (၄) မျိုး

Em Em

sponsored