ကလေးငယ်တွေ အင်တာနက်အသုံးပြုချိန်မှာ လမ်းမှားမရောက်ဖို့ ဒီအချက်တွေ သတိပြုပေးပါ

shutterstock/ Ronnachai Palas
Sponsored

ခုခေတ်ကလေးတွေက အရင်ခေတ်က ကလေးတွေလို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆော့ကစားတာမျိုးထက် ဖုန်းတစ်လုံးနဲ့ အချိန်ကုန်ဆုံးတာတွေ များလာတတ်ပါတယ်။ ဒါကလည်း ခေတ်အခြေနေတိုးတက်မှုအရမို့ အပြစ်ပြောလို့မရပေမယ့် ဖုန်သုံးရင်းနဲ့ လမ်းမှားမရောက်ဖို့ကိုတော့ သတိထားရပါမယ်။ တစ်ချို့ကလေးတွေဆို အင်တာနက်ပေါ်မှာ တွေ့ရာလူနဲ့ ရည်းစားဖြစ်သွားတတ်တာ၊ တစ်ခြားသော လမ်းမှားတွေပေါ် ရောက်သွားတာတွေလည်း ရှိတာဖြစ်လို့ ကိုယ့်ကလေး အင်တာနက်အသုံးပြုချိန်မှာ ဒါလေးတွေ စီမံထားသင့်ပါတယ်။

ကိုယ်အနားမှာ ရှိနေတယ်ဆိုတာ သတိပေးပါ

shutterstock/Alan-Smithee

ကလေးတွေ အင်တာနက်သုံးနေတဲ့အချိန်မျိုးမှာ ကိုယ်က သူတို့အနားကို  သွားတာ၊ သူတို့ကို အကဲခတ်တာတွေ လုပ်ကြည့်သင့်ပါတယ်။ နောက်ပြီး ကိုယ်ရှိနေတယ်ဆိုတာကို သူတို့သတိထားမိအောင်လုပ်ခြင်းက သူတို့တစ်ခြား မဟုတ်တာလျှောက်မလုပ်မိဖို့ အဟန့်အတားဖြစ်စေပါတယ်။ ပုံမှန်သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ ဂိမ်းဆော့တာလောက်ကတော့ မိဖတိုင်း ခွင့်ပြုပေးသင့်တဲ့ အနေအထားတစ်ခုပါနော်။

တန်ဖိုးတစ်ခုပေးမှ အသုံးပြုခွင့်ပေးပါ

Sponsored

သင့်ကလေးက တစ်ချိန်လုံး ဖုန်းချည်းပဲ ကလိနေရင်တော့ မကောင်းပါဘူးနော်။ တစ်ချိန်လုံးဖုန်းကြည့်နေရင် မျက်စိကို ထိခိုက်သလို စိတ်ပိုင်းဆိုင်ရာအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် ဖုန်းအသုံးပြုခွင့်ကို တန်ဖိုးတစ်ခု သတ်မှတ်ထားပါ။ ဥပမာ- ကားရေဆေးပြီးမှ ဖုန်းသုံးရမယ်တို့၊ ပန်းကန်ဆေးတာ၊ အခန်းရှင်းတာ၊ အပင်တွေရေလောင်းတာ၊ စာအုပ်တစ်အုပ်ပြီးအောင် ဖတ်ခိုင်းတာ စသဖြင့် ခိုင်းလို့ရပါတယ်။ ဒါက သင့်ကလေးကို ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် သင်ကြားပေးရာလည်းရောက်ပြီး ဖုန်းသုံးချိန်ကို ကန့်သတ်ပြီးသားလည်း ဖြစ်သွားစေပါတယ်။

READ
မောင်လေးရှိတဲ့ အစ်မတွေသာ နားလည်နိုင်မယ့် အကြောင်းအရာ (၇) ခု

အင်တာနက်ပေါ်က သူငယ်ချင်းတွေနဲ့ ဆော့တဲ့ဂိမ်းတွေအကြောင်း မေးကြည့်ပါ

shutterstock/ bernatets photo

သင့်ကလေး ဖုန်းတစ်လုံးနဲ့ ဘာတွေလုပ်နေတယ်ဆိုတာကို သိရအောင်လို့ အင်တာနက်ပေါ်မှာ ခင်တဲ့ သူငယ်ချင်းတွေအကြောင်း၊ ဘယ်သူနဲ့ စကားတွေပြောဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ဘာဂိမ်းတွေ ဆော့တယ်ဆိုတဲ့အကြောင်းတွေကို မသိမသာလေး မေးကြည့်သင့်ပါတယ်။ ဒါဆိုရင်တော့ သူတို့အင်တာနက်သုံးရတဲ့ အကြောင်းအရင်းတွေကို သိလာမှာပါ။

အင်တာနက်ပေါ်က အကြောင်းအရာတွေ ဆွေးနွေးပါ

သားသမီးနဲ့ မိဖ ပိုမိုပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခု ရှိဖို့လိုအပ်သလို သူတို့ရဲ့ အင်တာနက်သုံးတဲ့အကြောင်းလည်း ပိုသိအောင်လို့ အင်တာနက်ပေါ်က အကြောင်းအရာတွေ ဆွေးနွေးပါ။ နောက်ပြီး ဒီလိုဆွေးနွေးရင်းနဲ့ သူတို့ကို ပညာပေးလို့ရသလို ကိုယ်မသိတဲ့ အကြောင်းအရာတွေလည်း ခေတ်လူငယ်တစ်ယောက်ဆီကနေ သင်ယူနိုင်ပါတယ်။ ဒါက မိဖနဲ့ သားသမီးကို ပိုမိုပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မှာပါ။

Khin

sponsored