K-Pop Fan တွေ Idol တွေ အ ပေါ် ကျူးလွန်ခဲ့ဖူးတဲ့ အဆိုးရွားဆုံး လုပ်ရပ်များ

Image:IG/9muses & Taeyeon
Sponsored

Idol တစ်ယောက် ဖြစ်ရတာ ဟာ တကယ့် လက်တွေ့မှာ ထင် သ လောက် မလွယ်ပါဘူး။ပရိသတ်တွေ အထူး သဖြင့် ကိုရီးယား ပရိသတ်တွေ က အားပေးရင်လည်း သူများထက် သဲသဲ လှုပ် တတ်သလို မကြိုက်လို့ မုန်းပြီ ဆိုရင်လည်း ၀ိုင်းအုံ တိုက်ခိုက်ကြတာ မျိုးတွေ ရှိပါတယ်။ဒီလို ဒဏ် တွေကို ကြံ့ ကြံ့ မခံနိုင်ေ တာ့ လို့ အဆုံး စီရင် သွားတဲ့ Idol တွေ လည်း ရှိခဲ့ဖူးပါတယ်။Fan တစ်ချို့ လုပ်တတ်တဲ့ ဆိုးဆိုးရွားရွား လုပ်ရပ် တွေ အေ ကြာင်းကိုတော့ SCMP မှာ အခုလို ဖော်ပြထားပါတယ်။

Cyberbullying

 

View this post on Instagram

 

A post shared by 설리가진리 (Sulli) (@jelly_jilli) on

Sponsored

ဒါက တော့ တော် တော် များများ လည်းသိကြမှာပါ။ကြိုက်ရင် လဲ အရမ်းအားပေး၊မကြိုက်လို့ ၀ိုင်းပြော ကြပြီ ဆိုရင်လည်း Idol တွေ အ ကောင့်တွေ De ပြီး ပြေးရတဲ့ အထိ၊စိတ်ကျ ရောဂါ တွေ ခံစားရတဲ့ အထိ ရေ ဆုံး မြေ ဆုံး တိုက်ခိုက် ကြတာပါ။Sulli ဆိုလဲ ဒီလိုအဖြစ်ကြောင့် အဆုံးစီရင်ခဲ့တာပါ။ရက်ပ်ပါ Daniel Kang ဆိုရင် လည်း သူ့ရဲ့ တစ်ကိုယ်တော် ဂီတ လှုပ်ရှားမှုတွေ ကို နား ပစ်လိုက်ရပါတယ်။တစ်ချို့ ဆယ်လီတွေ ဆိုရင် မိသားစုကို ထိခိုက်လာ မှာ မလို လားလို့ မိသားစုဝင်တွေကို ချ မပြတာ မျိုးတွေ၊ဆိုရှယ်မီဒီယာ ကို လုံးဝ မ သုံးတာ မျိုးတွေ တောင်ရှိပါတယ်။

သွေးနဲ့ ရေးတဲ့စာ

 

View this post on Instagram

 

꼬맹이조카가 바라본 삼촌

A post shared by Taec (@taecyeonokay) on

တစ်ချို့က သွေးတွေ နဲ့ စာတွေ ရေးပြီး Idol တွေ ဆီကို ပို့ တာပါ။(၂၀၀၉)တုန်းက Taecyeon ဆီကို အမျိုးသမီး Fan တစ်ယောက်က ရာသီလာတဲ့ သွေးတွေနဲ့ ချစ် ကြောင်းစာ ရေးပြီး ပို့ ခဲ့ ဖူးပါတယ်။ MBLAQ  က Lee Joon ဆိုရင်လည်း  နာမည်ကြီးနေ တုန်းက အခုလို အဖြစ် မျိုးနဲ့ ကြုံ ဖူးပါတယ်။အမျိုးသား စာရေး ဆရာ တစ်ယောက်က ကိုယ့်ကိုယ်ကို သွေးထွက် အောင် လုပ်ပြီး ငါ့ကို မ မေ့ ပါနဲ့။သွေးနဲ့ ရေးတဲ့စာပါ။နင့်ကို ချစ်တယ် .. ဆိုပြီး ပို့ ခဲ့ဖူးပါတယ်။

READ
ကျယ်ဝန်းပြီး ချစ်စရာကောင်းတဲ့ သူမရဲ့အိမ်လေးကို ထုတ်ပြလိုက်တဲ့ နန်းဆု

Stalking

 

View this post on Instagram

 

#BTS #방탄소년단 #LOVE_YOURSELF 結 ‘Answer’ Concept Photo S version

A post shared by BTS official (@bts.bighitofficial) on

ပုံမှန်ထက်ပိုပြီး အရူးအမူး ရူးကြောင်ကြောင် Stalking လိုက်တာ မျိုးပါ။အိမ်တွေ၊တိုက်ခန်းတွေ၊ဟိုတယ် ခန်း တွေ အထိ ပါ လိုက်ပြီး Idol တွေရဲ့ Privacy ကို လိုက် ထိခိုက် တာ မျိုး တွေ လည်း ရှိပါတယ်။BTS အဖွဲ့ ၀င် V ဆိုရင် နောက်ဆုံး အများသုံးေ လ ကြောင်းလိုင်း ကို စီးတာပါ ရပ်လိုက်ရပါတယ်။သူ လေယာဉ် စီးတာ နဲ့ အဲ့ လေယာဉ် က ခုံတွေ ကို Fan တွေ အတင်းလိုက် ဦး ၀ယ်တာ တွေ ကြောင့် ပါ။V က Live တစ်ခု မှာ ကြောက်စရာ ကောင်းလို့ ဒီလို တွေ မလုပ်ပါနဲ့ လို့ တား ယူခဲ့ရပါတယ်။ကားတွေ နောက် ကို အတင်းတွေ လိုက် လို့ ဒဏ်ရာကြတဲ့ သူတွေ လည်းရှိပါတယ်။ထိုင်ဝမ်မှာတုန်းက BTS အဖွဲ့ စီးလာတဲ့ ကားကို fan တစ်ယောက်က အတင်းတားဖြတ်ဝင် လို့ လမ်းချော်သွားတာ မျိုး အထိ ဖြစ်ဖူးပါတယ်။

မ တော် တ ရော် တွေ ကို ကင်မရာနဲ့ ခိုးရိုက်တာ

နှာဘူး Fan တစ်ချို့ လုပ်တတ်တဲ့ လုပ်ရပ်ပါ။ဒီလို အဖြစ် မျိုးက တော့ အမျိုးသမီး Idol တွေ အများဆုံး ကြုံ ရတတ်ပါတယ်။က နေတဲ့ အချိန် စင် အောက်က နေ မ တော်တရော် ကို ကင်မရာ ခိုးရိုက်တာ  မျိုး တွေ ပါ။(၂၀၁၆)တုန်းက Nine Muses ဆိုတဲ့ အဖွဲ့ (အခုတော့ အဖွဲ့ ကွဲ သွား) ဆိုရင်  Fan တစ်ယောက် ခိုးရိုက် လိုက်တာ ကြောင့် နိုင်ငံတကာမီဒီယာတွေ အထိ သတင်း ဖော်ပြ ခံခဲ့ရပါတယ်။ဖျော် ဖြေ မှု လုပ် နေတုန်း မှာ ခိုးရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် ဖြန့် လိုက်တာပါ။(၂၀၁၇)တုန်းက လည်း Twice အဖွဲ့ ၀င် Tzuyu လည်း  အမျိုးသား fan တစ်ယောက်က စမတ်ဖုန်းနဲ့ ခိုးရိုက်တာ ခံခဲ့ရဖူးပါတယ်။

READ
နှုတ်ခမ်းနီမလေးတွေကို အူတိုအောင်လုပ်လိုက်တဲ့ ဒေါင်းနဲ့ဝတ်မှုံရွှေရည်

ပြန်ပေးဆွဲတာ

 

View this post on Instagram

 

8월

A post shared by TaeYeon (@taeyeon_ss) on

တစ်ချို့ Fan တွေ က တော့ ရိုးရိုးကြိုက်ရုံ  အဆင့်ကိုပါ ကျော်ပြီး အရူးအမူးတွေ ပိုင်ဆိုင်ချင်လာ တဲ့ အထိ ဖြစ်ကုန်တာ မျိုးတွေရှိပါတယ်။ Taeyeon ကိုဆိုရင် (၂၀၁၁) တုန်းက စင်ပေါ် ကို တက်လာပြီး အမျိုးသား တစ်ယောက်က ပြန် ပေးဆွဲ ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ဆိုးလ်က Price Music Festival မှာ ဖြစ်သွားခဲ့တာပါ။ အဆိုတော်  Lee Bon  က တော့ ပြန် ပေးဆွဲ ခံရဖူးပါတယ်။သူမ ကတော့ ကားဆီကို လျှောက်လာ တယ်၊နိုးလာ တော့ သူမ အခန်း မဟုတ်တဲ့ အခန်း တစ်ခု ထဲ ရောက် နေခဲ့ တာကိုပဲ မှတ်မိတယ်လို့ ဆိုပါတယ်။  ပြန် ပေး ဆွဲသူတွေ ကို ဖျောင်းဖျ  ခဲ့ရကြောင်းနဲ့ အထဲက တစ်ယောက်က သူမကို လက်ထပ် ခွင့် တောင်းခဲ့ ပေမယ့် သူမက ငြင်းခဲ့တယ်လို့ ပြန် ပေးဆွဲ ခံရတဲ့ အ တွေ့ အကြုံ ကို ဝေမျှ ခဲ့ပါတယ်။

#AUNTYMAY

sponsored