တောင်ပေါ်ဒေသထွက် ရိုးရာလက်ဖက်ကို စားသုံးလေ့ရှိတဲ့ ပုံစံအမျိုးမျိုး

shutterstock/lernsai
Sponsored

လက်ဖက်နဲ့ မြန်မာနိုင်ငံဆို ခွဲခြားလို့တော့ မရပါဘူး။ လက်ဖက်က ခေတ်အဆက်ဆက် ကောင်းသတင်းတွေ ဆောင်ကျဉ်းတဲ့နေရာတွေမှာ အသုံးပြုခံရသလို ညဦးစကားဝိုင်းအမှတ်တရတွေကို ဖန်တီးပေးတတ်တဲ့အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီလို လက်ဖက်ကိုတော့ မကြိုက်တဲ့သူဆိုတာ မရှိသလောက်ကို ရှားပါတယ်။ လက်ဖက်က ထမင်းနဲ့လည်း လိုက်ဖက်စွာ စားကောင်းတတ်တဲ့ အရာလည်း ဖြစ်သလို အချိုပွဲအဖြစ်လည်း လိုက်ဖက်ပါတယ်။ ဒီလို လက်ဖက်ကို ပုံစံအမျိုးမျိုးနဲ့ စားလေ့ ရှိတာမို့ လက်ဖက်သုပ်ကြတဲ့ပုံစံအမျိုးမျိုးကို ဖော်ပြပေးလိုက်ရပါတယ်နော်။

ပုံစံ (၁)

Sponsored

ဒါကတော့ ရှေးရှေးတုန်းက လက်ဖက်စားကြတဲ့ပုံစံ ဖြစ်ပါတယ်။ လက်ဖက်ရယ် လက်ဖက်နဲ့အတူ တွဲဖက်စားတဲ့ ပဲအမျိုးမျိုးအကြော်တွေရယ်ကို သပ်သပ်စီခွဲထည့်ထားပြီး တစ်မျိုးစီ ယူစားတတ်ကြတာမျိုးပါ။ ဒီလိုစားရတာကို ဒီနေ့ခေတ်အထိ ကြိုက်နှစ်သက်ကြသူတွေ ရှိဆဲပါပဲ။

shutterstock/Piccia Neri

ပုံစံ (၂)

လက်ဖက်ကို အကြော်ရယ် ခရမ်းချဉ်သီးမှည့် သို့ ခရမ်းချဉ်သီးအစိမ်း ဂေါ်ဖီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ပုဇွန်ခြောက်တို့ ထည့်ပြီး သုပ်ပြီးလည်း စားတတ်ကြပါသေးတယ်။ နေ့လည် နေ့ခင်း ပျင်းတဲ့အခါမျိုးတွေမှာ အိမ်တွေမှာ အခုလိုပဲ သုပ်စားလေ့ ရှိပါတယ်။ ဆီရွှဲရွှဲလေးနဲ့သုပ်ပြီး ထမင်းကြမ်းလေးနဲ့ တွဲစားကြသလို ရေနွေးကြမ်းကတော့ မပါမဖြစ် တွဲဖက်စရာ ဖြစ်နေပါတယ်။

READ
အတွေ့အကြုံရှိသူတွေပြောကြတဲ့ ဖရဲသီးဝယ်ရင် အသီးကောင်းတာရွေးတတ်ဖို့ နည်းလမ်းများ
shutterstock/Zay Nyi Nyi

ပုံစံ (၃)

ဒါကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းကသူတွေ စားတဲ့ပုံစံလည်း ဖြစ်ပါတယ်။ အောက်ဘက်ကသူတွေက လက်ဖက်ထဲ ပြောင်းဖူးထည့်ပြီး မစားကြပေမယ့် အလယ်ပိုင်းကသူတွေကတော့ ပြောင်းဖူးပြုတ်ကို အစေ့ခြွေပြီး လက်ဖက်နဲ့ သုပ်စားလေ့ ရှိကြပါတယ်။ ပြောင်းဖူးနဲ့ လက်ဖက်ကတော့ မပါမဖြစ်ထည့်ကြပြီး တစ်ခြားသော အစာပလာတွေကို ခရမ်းချဉ်းသီးအစိမ်းအပြင် မြေပဲ ငါးနီတူခြောက် သို့ ငါးခြောက်ဖုတ်ကိုပါ ထည့်ပြီး သုပ်စားတတ်ကြသေးတယ်။

shutterstock/Zay Nyi Nyi

ပုံစံ (၄)

သင်္ဘောအဖိုရဲ့အရွက်က လေကြေတာကြောင့် လက်ဖက်နဲ့ တွဲဖက်စားကြပါသေးတယ်။ သင်္ဘောရွက်အနုလေးတွေကို ကတ်ကြေးလေးနဲ့ ပါးပါးလေး ညှပ်ပြီး လက်ဖက်နဲ့ ရောသုပ်စားနဲ့အခါ ခပ်ဖန်ဖန်လေးနဲ့ စားလို့ကောင်းပါတယ်။ ဒီလို သုပ်စားသလို ပုံမှန်အတိုင်း လက်ဖက်ကို သုပ်ပြီး သင်္ဘောရွက်နဲ့ ပြန်ပြီး ထုပ်စားတာမျိုးလည်း ရှိကြပါတယ်။

READ
စားရက်စရာ မရှိလောက်အောင် ချစ်ဖို့ ကောင်းလွန်းတဲ့ ထမင်းလုံးလေးများ

ပုံစံ (၅)

အခုလိုမျိုးလည်း လက်ဖက်ကို ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ သံပရာသီး၊ ပဲခြမ်းကြော်မျိုးစုံနဲ့ ကြက်သွန်နီပါ ရောထည့်ပြီး ကွမ်းရွက်ပေါ်တင်ပြီး အလှဆင်ပြီး တွဲဖက်စားကြတာမျိုးပါ။ ဒီလို ကွမ်းရွက်နဲ့ တွဲဖက်တာကတော့ အတော်ရှားတယ်လို့ပဲ ပြောရမှာပါ။

shutterstock/orientalprincess

ပုံစံ (၆)

လက်ဖက်ကို ပုံစံမျိုးစုံနဲ့ အစာပလာမျိုးစုံနဲ့ သုပ်တတ်ကြသလို သုပ်ထားတဲ့လက်ဖက်ကို ဂေါ်ဖီရွက်နဲ့ ပြန်ထုပ်စားကြတာမျိုးလည်း ရှိပါသေးတယ်။

လက်ဖက်ပရိသတ်တွေ ရှိမယ်လို့ ထင်ပါတယ်နော်။ ဒီထဲ မပါတဲ့ သုပ်နည်းတွေ သိထားရင်လည်း မျှဝေပေးသွားပါဦးနော်။

by Kham

 

sponsored