ထက်မြက်ထူးချွန်တဲ့ မိန်းကလေးအများစုက single life ကို ရွေးချယ်ဖြစ်ကြတဲ့ အကြောင်းအရင်း

shutterstock/   Anatoliy Cherkas
Sponsored

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေက ပိုထက်မြက်ထူးချွန်တဲ့ သူတွေဖြစ်လာကြသလို ဦးဆောင်နိုင်စွမ်းတွေလည်း အရမ်းကို မြင့်မားလာကြပါတယ်။ နောက်ပြီး ဒီလိုမိန်းကလေးတွေဟာ relationship တစ်ခုကို တည်ဆောက်ရတာဟာ သူတို့ရဲ့ single life ကို ပိုသဘောကျလာတတ်ကြပါတယ်။ သူတို့တွေက single life ကို ရွေးချယ်လာရခြင်းက ဒီလိုအချက်တွေကြောင့် ပါတဲ့နော်။

ခေတ်မိန်းကလေးတွေက အမှီအခိုကင်းကင်း ရပ်တည်နိုင်တယ်

shutterstock/ Phoenixns

ခေတ်ကာလအရ မိန်းကလေးတွေဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်ကိုင်လာကြသလို ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ကိုယ်တိုင် ဖန်တီးလာကြပါတယ်။ တစ်ခြားသူကို မှီခိုနေရတာမျိုးကို အရမ်းမုန်းတတ်လာကြပြီး ကိုယ့်သဘော၊ ကိုယ့်ဆန္ဒအတိုင်း ကိုယ့်ဘဝကို စိတ်ကြိုက်ပုံဖော်ဖို့ ဘဝကို အမှီအခိုကင်းကင်း ရှင်သန်လာတတ်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့အတွက် တကူးတကကြီး မှီခိုဖို့သူ ရှာစရာ မလိုတဲ့ အဓိကအကြောင်းအရင်း ဖြစ်လာတယ်လို့ ဆိုရမှာပါ။

သူတို့ရဲ့ အချိန်နဲ့ လွတ်လပ်မှုတွေကို မြတ်နိုးတတ်လာတယ်

shutterstock/ Dean Drobot
Sponsored

အိမ်ထောင်ရှင် အမျိုးသမီးတွေကတော့ အိမ်အလုပ်တွေ၊ မိသားစု စားသောက်ဖို့ ချက်ပြုတ်ရတာ၊ ခင်ပွန်းအတွက်၊ ကလေးတွေအတွက် ဝေယျာဝစ္စတွေလုပ်ရင်း ကိုယ့်အတွက် အချိန်ဆိုတာ မရှိသလောက်ပါပဲ။ ဒါတွေကို သိလာတဲ့ မိန်းကလေးတွေကတော့ ကိုယ်ပိုင် အချိန်လေးတွေနဲ့ လွတ်လွတ်လပ်လပ်နေရတာကို ပိုတပ်မက်လာကြပါတယ်။ ကိုယ်သွားချင်တဲ့နေရာကို ဘာမှစိတ်ပူနေစရာ မလိုပဲ ထသွားလိုက်မယ်၊ ကိုယ်စားချင်တာ စားမယ်၊ ကိုယ်ကြိုက်သလို နေမယ် နောက်ပြီး ကိုယ့်အတွက် အကျိုးရှိမယ့် အရာတွေကို ထပ်ပြီး လေ့လာမယ် ဒါဟာ တကယ့် လွတ်လပ်မှုရဲ့ အရသာအစစ်ဖြစ်လို့ တစ်ယောက်တည်း ဘဝက သူတို့အတွက် ချိုမြိန်လွန်းတာပါ။

READ
ပရိသတ်တွေ အံ့သြသွားရလောက်အောင် အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ Zico

စိတ်ခံစားမှုတွေ ပိုကြံခိုင်လာလို့

shutterstock/ Victoria Chudinova

ထက်မြက်တဲ့ မိန်းကလေးတွေက သူတို့ရဲ့ စိတ်ဓာတ်တွေကိုလည်း ပြုပြင်ပြောင်းလဲ လာတတ်ကြပါတယ်။ ပျော့ညံမှုက အရာရာတိုင်းအတွက် ကောင်းမနေဘူးလို့ သိလာတဲ့အခါ စိတ်ဓာတ်ကြံခိုင်သူတွေ ဖြစ်လာကြပါတယ်။ ဒီတော့ ပိုထက်မြက်လာတယ်၊ ပိုတော်လာတယ်၊ ပိုအသိအမြင်တွေ ကြွယ်ဝလာတယ်၊ ပိုစိတ်ဓာတ်တည်ငြိမ်လာတဲ့အခါ လွယ်လွယ်နဲ့လည်း စိတ်မကစားတတ်တော့သလို အချစ်တစ်ခုကိုပဲ မကြည့်ပဲ လေးစားမှုတွေ၊ နားလည်မှုတွေ စသဖြင့် တစ်ခြားသော အရာတွေကိုပါ ကြည့်တတ်လာပါပြီ။ သူတို့လိုချင်တဲ့ သူမျိုးကို တွေ့ဖို့ခဲယဉ်းသလို တစ်ခြားသော အရေးမပါတဲ့ အချစ်တွေကို မလိုချင်လို့ တစ်ယောက်တည်း နေဖြစ်လာတာပါ။

စိတ်ကူးယဉ်ပုံပြင်တွေကို မယုံကြည်တော့လို့

shutterstock/ Phoenixns

ရိုမက်တစ်ဆန်တဲ့ အချစ်တွေ၊ အသက်ပေးချစ်မယ့် အချစ်တွေ၊ ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲက ပြီးပြည့်စုံတဲ့ စိတ်ကူးယဉ်အချစ်ပုံပြင်တွေက အပြင်မှာ မရှိဘူးဆိုတာကို နားလည်တဲ့အတွက် အချစ်ဆိုတာကိုလည်း သိပ်အထူးအဆန်း ဖြစ်မနေတော့ပါဘူး။ အချစ်အတွက် ရူးမိုက်တဲ့ လုပ်ရပ်တွေကိုလည်း အထင်မကြီးသလို၊ ပါးစပ်က မင်းအချစ်ကို ရဖို့ဆိုရင် ဘလာဘလာဘလာ စတာတွေက အပြောသပ်သပ်ဆိုတာ နားလည်သွားတဲ့အတွက် အပူတွေရှောင်ပြီး တစ်ယောက်တည်း သာသာယာယာပဲ နေနေတာ ဖြစ်ပါတယ်။

READ
Rain ရဲ့ Music Video Teaser ထွက်ရှိ

Khin

sponsored