GOT7 ကတော့ သူတို့ရဲ့ မူလအေဂျင်စီနဲ့ လက်တွဲဖြုတ်လိုက်ကြပါပြီ။ အဖွဲ့ဝင်တွေအားလုံးက ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စာချုပ်ပြည့်သွားပြီးတဲ့နောက် ထပ်ပြီးတော့ စာချုပ် မချုပ်ဖြစ်ခဲ့ကြပါဘူး။ ဒီအတွက် သူတို့ရဲ့ ပရိသတ်တွေကလည်း စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။
View this post on Instagram
အဖွဲ့ဝင် တစ်ဦးချင်းက ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းကြတော့မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ Mark ကလည်း သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ Los Angeles ကို ပြန်တော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုတွေနဲ့ အတူ ရှိနေမှာ ဖြစ်ပြီး သူ့ရဲ့ ရှေ့ဆက်မယ့် အနုပညာအလုပ်တွေအတွက် Youtube Channel လည်း ဖွင့်ထားပါတယ်။
View this post on Instagram
View this post on Instagram
သူ့ရဲ့ တစ်ကိုယ်တော် အနုပညာခြေလှမ်းသစ်အနေနဲ့ Youtube Channel ဖွင့်ထားကြောင်း ပရိသတ်တွေကို အသိပေးပြီးတဲ့နောက်မှာတော့ ပရိသတ်တွေက သူ့ရဲ့ ဗီဒီယိုတွေ ကြည့်ရဖို့ မျှော်လင့်နေလျက် ရှိပါတယ်။ အခုအချိန်အထိ သူ့ရဲ့ Channel မှာ ဘာတစ်ခုမှ မတင်ရသေးပေမယ့် Subscribe လုပ်သူ ဦးရေကတော့ ၈ သိန်းနီးပါး ရှိနေပါပြီ။
You guys are seriously too much.. silver play button with no vids..? LETSGOOO 💚 https://t.co/wa1YWehMnn
— Mark Tuan (@marktuan) January 11, 2021
Subscribe လုပ်သူ ဦးရေ များပြားလာတာကြောင့် Mark ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေလျက် ရှိပါတယ်။ ဒါကြောင့်လည်း ဘာဗီဒီယိုမှ မရှိဘဲ Youtube ရဲ့ Silver Play Button ယူကြမလားဆိုပြီး ပရိသတ်တွေကို မေးထားပါသေးတယ်။
ပရိသတ်တွေကတော့ Mark တင်မယ့် ဗီဒီယိုကို စောင့်မျှော်နေလျက် ရှိနေပါတယ်။ Mark ကတော့ ဘာမှ ထပ်ပြီး အသိပေးထားတာမျိုးတော့ မရှိသေးပါဘူး။
Kham