မွဲခြောက်ပြီး စိုပြေမှုမရှိတဲ့ မျက်နှာလေးကို Glow စေဖို့ အိမ်တွင်းပေါင်းတင်နည်းများ

Freepik- skawee
Sponsored

မျက်နှာအသားအရေဆိုတာ စိတ်အခြေအနေနဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။ အခုက home stay နေရတော့မယ်ဆိုတော့ အိမ်ပြင်လည်း မထွက်ရ၊ အိမ်ထဲမှာပဲ နေ့တိုင်းတစ်နေကုန်နေနေရတဲ့အတွက် ငြီးစီစီတွေပဲဖြစ်နေတဲ့အတွက် စိတ်ဖိဆီးမှုဖြစ်ကာ မျက်နှာအသားအရေတွေလည်း မွဲခြောက်ပြီး စိတ်ညစ်စရာတွေဖြစ်နေတယ်မဟုတ်လား။ ဒါကြောင့် အိမ်ထဲမှာပဲနေပြီး အစားအသောက်လေးတွေနဲ့ မျက်နှာပေါင်းတင်ရအောင်လို့ နည်းလမ်းလေး (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စတော်ဘယ်ရီနဲ့ပေါင်းတင်မယ်

Sponsored

စတော်ဘယ်ရီဟာ ဗီတာမင် စီ ဓာတ် ကြွယ်ဝစွာပါင်ပြီး alpha hydroxy acid ပါဝင်တဲ့အတွက်ကြောင့် ချေးချွတ်ရာမှာ အထူးအသုံးဝင်ပါတယ်။ အသားအရေလေးကို နူးညံ့ချောမွတ်ပြီး ဝင်းဝင်းလေးဖြစ်လာစေမှာပါ။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး ၁၀ လုံး
  • ပျားရည်လက်ဖက်ရည်ဇွန်းသေးနဲ့ ၃ ဇွန်း
  • သံလွင်ဆီ ၁ ဇွန်း

အသုံးပြုပုံ- အားလုံးကို ရောပြီး စတော်ဘယ်ရီသီးတွေကိုကြေအောင် ဇွန်းနဲ့ချေပါ။ မျက်လုံးမှလွဲပြီး ကျန်တဲ့နေရာတွေကို ခပ်ထူထူလိမ်းကာ မိနစ် ၂၀ လောက် ထားနိုင်ပါတယ်။

Freepik- alphacell

(၂) ပျားရည်နဲ့ပေါင်းတင်မယ်

READ
သင့်အသားအရေလေး ကြည်လင်ပြီး အမြဲနူးညံ့လှပနေစေဖို့ သတိထားရမယ့်အရာများ

မွဲခြောက်မှေးမှိန်နေတဲ့ မျက်နှာအသားအရေကို စိုပြေပြီးအရောင်ထွက်လာစေပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ခန့်ပြုလုပ်ပါက အမည်းစက်တွေကိုပါ သက်သာစေမှာပါ။

ပါဝင်ပစ္စည်းများ

  • ပျားရည် ၂ ဇွန်း
  • သံပုရာ သို့မဟုတ် သံပုရိုသီး ဇွန်း ၁ ဝက်

အသုံးပြုပုံ- ပျားရည်နဲ့ သံပုရာ သို့မဟုတ် သံပုရိုရည်ကို နှံအောင်မွှေကာ မျက်နှာပေါ် နာရီဝက်ခန့်ထားပြီး ရေဆေးချပါ။

Freepik- Racool_studio

(၃) ငှက်ပျောသီးနဲ့ပေါင်းတင်မယ်

ဒီနည်းလမ်းကတော့ သင့်ရဲ့မျက်နှာလေးကို ရေဓာတ်ဖြည့်ပြီး လိုနေတဲ့အားဆေးတိုက်ကျွေးသလိုဖြစ်နေမှာပါ။

ပါဝင်ပစ္စည်းများ

  • အမှည့်လွန်နေသော ငှက်ပျောသီး
  • ဒိန်ချိန်စစ်စစ် ၁ ဇွန်း
  • သံပုရာရည် ဇွန်းတစ်ဝက်

အသုံးပြုပုံ- ငှက်ပျောသီးကိုချေ၊ ပါဝင်ပစ္စည်းတွေအားလုံးနဲ့ သမအောင်မွှေပြီး မျက်နှာသန့်သန့်လေးပေါ်မှာ လိမ်းထားပေးပါ။ နာရီဝက်ခန့်ထားနိုင်ပါတယ်။

Freepik- mallivan

(၄) ကော်ဖီနဲ့ နနွင်းမှုန့်

ကော်ဖီမှာ caffeine နဲ့ antioxidants တွေ အများကြီး ပါဝင်နေတဲ့အတွက်ကြောင့် ယောင်ယမ်းဖောသွပ်မှုတွေကို လျော့ကျစေပါတယ်။ ဥပမာ မျက်ကွင်းညိုခြင်း ဖောင်းခြင်းတို့ကိုပေါ့။ နောက် နနွင်းကတော့ skin glow စေမှာပါ။

READ
အိမ်မှာကိုယ်တိုင်လုပ်နိုင်တဲ့ ဆားဝက်ခြံကပ်ခွာလုပ်နည်း

ပါဝင်ပစ္စည်းများ

  • ကော်ဖီစေ့ကြိတ်ထားတဲ့ ကော်ဖီမှုန့် ၁ ဇွန်း
  • နနွင်းမှုန့် ၁ ဇွန်း
  • ဒိန်ချဉ်စစ်စစ် ၁ ဇွန်း

အသုံးပြုပုံ- အားလုံးကို အနှစ်ရတဲ့အထိ ရောမွှေပြီးတော့ မျက်လုံးအောက်နားအပါအဝင် တစ်မျက်နှာလုံးကို သုတ်လိမ်းပေးပါ။ မိနစ် ၂၀ စောင့်ပြီး ရေနွေးစိမ်ထားတဲ့ တပတ်နဲ့ သုတ်ချလိုက်ပါ။

Freepik- wirestock

(၅) ချောကလတ်နဲ့ပေါင်းတင်နည်း

Dark chocolate စစ်စစ်ဟာ သင့်ရဲ့ အသားအရေတင်ကိုသာမကဘဲ စိတ်အခြေအနေကိုလည်း မြှင့်တင်ပေးပါတယ်။ နောက် antioxidants တွေလည်း ပါဝင်တဲ့အတွက် အရေးအကြောင်းကင်းစင်ချင်သူများအတွက် အဆင်ပြေမှာပါ။

ပါဝင်ပစ္စည်းများ

  • Cocoa Powder ဇွန်းတစ်ဝက်
  • Oats ၃ ဇွန်း
  • မုန့်လုပ်ရာမှာသုံးတဲ့ full cream နို့ရည် ၄ ဇွန်း
  • ပျားရည် အနည်းငယ်

အသုံးပြုပုံ- အားလုံးကိုရောပြီး မျက်နှာမှာ ခပ်ထူထူ သုတ်လိမ်းပါ။ ၁၀ မိနစ်သာထားပြီး ရေဆေးချနိုင်ပါပြီ။

Freepik- freepik

penny

sponsored