မြိုသိပ်လာခဲ့ရတဲ့ သူမရဲ့ အိမ်ထောင်ရေး အကြောင်း ထုတ်ပြောလာတဲ့ မယ်လိုဒီ

Image:IG/Melody Myo
Sponsored

သရုပ်ဆောင် မင်းသမီးချော မယ်လိုဒီ က တော့ ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို ရထားသူပါ။ဟိုး အရင်  အနု ပညာ လောကထဲကို စ ၀င်ရောက်ချိန်တည်းက ပရိသတ်အားပေးမှုကို ရလာတာ အခုသားလေး တစ်ယောက် ရတဲ့ အထိ ပါ။ ပျော်စရာ ကောင်းတဲ့ အိမ် ထောင်သည် ဘ၀ ကို ပိုင်ဆိုင် ထား တယ်လို့ အားလုံး က ထင် ခဲ့ ကြ ပေမယ့် လည်း ဇွန်လ (၉)ရက်နေ့က သူမရဲ့ Fb မှာ တင်လိုက်တဲ့ Post ကြောင့် အားလုံး အံ့သြ ခဲ့ ရပါတယ်။ မြို သိပ် ထား ခဲ့ ရတဲ့ သူမရဲ့ ခံစားချက်တွေ အားလုံးကို မယ်လိုဒီက ရင်ဖွင့်ခဲ့တာပါ။

Image:IG/Melody Myo

ဒီဆုံးဖြတ်ချက်ကို အကြိမ်ကြိမ် စဉ်းစားပြီးမှ ချ ခဲ့တာ ဖြစ်ကြောင်း နဲ့ အခုအချိန် မှာတော့ သားရဲ့ အ နာဂါတ်  အတွက် ကိုပဲ ဦးစား ပေးတဲ့  အ မေ မျိုးဖြစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။သူမကို အားကျ နေကျ တဲ့ လူတွေကိုလည်း အမြဲ ပြန် ပြော နေကျ စကား ကတော့ သူမ နေရာမှာ တစ်ပတ် လောက် နေ ကြည့် ပါ လို့ ပြော ဖြစ် တယ်လို့ လည်း ပြော ထားပါတယ်။ ကိုယ့်စရိတ် ကိုယ်စားပြီး ငါးနှစ် လောက် ကံ ကောင်းသူလို့ တိတ်တဆိတ် နေလာခဲ့ ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇာတ်လမ်း အတွက် တိုက်တွေ ကွန်ဒို တွေ မရ ခဲ့ပါဘူး လို့ လည်း မယ်လိုဒီက ပြောခဲ့ပါတယ်။ သူမရဲ့ Post  အပြည့် အစုံ ကတော့….

READ
လှပနုပျိုဆဲ ပရိတ်သတ်အချစ်တော် Chae Rim (သို့) ဆန်းမီ ရဲ့လက်ရှိပုံရိပ်လေးများ
Image:IG/Melody Myo
Sponsored

လူတွေမှာ နား နှစ်ဖက်ရှိတယ်(တစ်စုံ)မျက်လုံး ၂လုံးရှိတယ်(တစ်စုံ)ပါးစပ်တစ်ပေါက်ရှိတယ်ကြားရတာ မြင်ရတာ အမှန်လား အမှားလား ခွဲခြားနိုင်စွမ်းကတော့ အသိညဏ်ပညာနဲ့ဆင်ခြင်တုံတရားဘဲဘဝမှာ ယနေ့ထိ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ရတာ ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကအသိဆုံးဘဲကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့ရလို့ ဘေးပတ်ဝန်းကျင်ကိုတောင် လှည့်ကြည့်ဖို့မအားပါဘူးဒါပေမယ့် ပတ်ဝန်းကျင်ကိုလည်း စော်ကားတတ်တဲ့စိတ်မရှိပါဘူးဘဝရဲ့အပြောင်းအလဲအတွက် အကြိမ်ကြိမ်စဉ်းစား ပြီးမှသေချာတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါကျွန်မကြောင့် အကုသိုလ် အတွေး အရေး အပြောတွေ ဖြစ်မှာစိုးလို့
ကျွန်မနဲ့သားလေးကိုချစ်တဲ့သူတွေ စိတ်ပူမှာစိုးလို့တချို့ အရေးကြီးသတင်းတွေကို တကူးတက မီဒီယာကနေ သတင်းစာကနေ မကြေငြာတာပါခုကာလကလည်း ကိုယ့်အသက် မိသားစုအသက် ကို အထူးဂရုစိုက်ရချိန်မှာ အကုသိုလ်စိတ် ပိုပြီး မဖြစ်စေ ချငိတာပါကျွန်မဘဝကို အားကျတယ်လို့ပြောခဲ့တဲ့သူတွေကိုကျွန်မ ပြန်ပြောနေကျစကားတစ်ခွန်းရှိပါတယ်(အိမ်မှာကျွန်မနေရာမှာ တပတ်လောက်နေကြည့်ပါလို့)ခုချိန်မှာ သားရဲ့အနာဂတ်အတွက် ပညာအမွေ ဥစ္စာအမွေ ပေးနိုင်တဲ့ အမေ ဖြစ်ဖို့ဘဲ ကြိုးစားပါတယ်ဘဝလမ်းမှာ တစ်ယောက်တည်းပြေးရတာ ပိုအဆင်ပြေပါတယ်နှစ်ယောက်ဆို ကျွန်မ ကျောမပိုးနိုင်ဘူးလေသိက္ခာအရ ပတ်ဝန်းကျင်အနေအထားရ ကျောပိုးနိုင်လဲ ၅နှစ်ပေါ့

Image:IG/Melody Myo

တသက်လုံး ပင်ပင်ပမ်းပမ်းရှာထားသမျှ ၅နှစ်ကျော်အတွင်း သဲထဲရေသွန်သလို ခြေထောက်ကိုဒူးဆစ်က ဖြတ်ချိုးလိုက်သလိုဘဝက လူမသေ စိတ်တွေ အကြိမ်ကြိမ်သေခဲ့ရတာပါလိမ်ခြင်းကိုမုန်းတယ် မလိမ်ပါနဲ့လို့ ပြောခဲ့တဲ့သူလိမ်တာကို ကြောက်ပါတယ်လို့ပြောမိလို့လားမသိ အကြိမ်ကြိမ်အလိမ်ခံရတယ်ရိုးရှင်းပါတယ်
ကိုယ့်ဘဝကိုကြောင်းကိုယ့်ထမင်းကိုယ်ရှာစားပြီးအိမ်ခြေမဲ့ အနေအထားပျက်အကြိမ်ကြိမ်အလိမ်ခံရတာတောင်
၅နှစ်ကျော် အပြုံးမပျက်တည်ငြိမ်သူ မေမေမျိုးအဖြစ် ဘဝရဲ့ဇာတ်ခုံမှာကိုယ့်စရိတ်ကိုယ်စား ကံကော င်းသောသူလား တိတ်တဆိတ်နေခဲ့တာပါအကယ်ဒမီသာပေးရင် ၅နှစ်ဆက်တိုက်ကိုတစ်ယော က်တည်းရမှာ

READ
Ji Chang Wook ရဲ့ ဇာတ်လမ်းတွဲအသစ် ဇာတ်ညွှန်းဖတ်ပွဲမှ ပုံရိပ်များ

ပြီးဆုံးသွာရတဲ့ဇာတ်လမ်းလေးမှာ ကိုယ်ဟာ အခြားအမျ်ုးသမီးတွေလို သိန်းပေါင်းများစွာ ကားတွေ တိုက်တွေ condo တွေ မရခဲ့သလို ကိုယ့်ကိုလူကောင်းထင်စေဖို့အလို့ငှါသူတစ်ပါးကို သူယုတ်မာလို့ ထင်ရောင်ထင် မှားဖြစ်အောင် မရေး မပြော ခဲ့ပါဘူးပြီးဆုံးပြီးသား ဇာတ်လမ်းတပုဒ်ကိုလဲ အစကပြန်မကချင်ပါဘူး ထွေးပြီး သားတံတွေး ပြန်မလျှက်သလိုရွံပါတယ်ပြောပြီး ပိုက်ဆံလေးနည်းနည်းရလဲမဆိုးပါဘူးဆိုပြီး အတင်းလိုက် ပက်သတ်နေတဲ့ မိန်းမစားထဲမှာလဲ ကျွန်မ မပါဘူးအမ်းပြီး ချစ်ရတာ မရှက်ပါဘူးချူပြီး မှီပြီး လိမ်စားနေတာ မှမဟုတ်တာငါးစိမ်းမြင်ငါးကင်ပစ်တာမဟုတ်ပါဘူးငါးမြင်တာနဲ့တင် အမ်းရတော့မှာပါလားဆိုပြီး ကြောက်နေပါ ပြီကြိုးစားစုပြီး အမ်းနိုင်တဲ့နေ့ သူငယ်ထောင်ဦးမှာပါ😇ချစ်သာသူများ အကုသိုလ်အတွေး အရေး အကြား ကင်းစေဖို့တိတ်တဆိတ်နေနေခဲ့တာပါအခြေနေအရပ်ရပ်ကိုစဆုံး သိပြီး ချစ်ကြ အားပေးကြတဲ့ အစ်မတွေ အစ်ကိုတွေနဲ့ဟင်းတွေ တနေ့တမျိုးမရိုးနိုင်အောင် ပို့ပေးကြတဲ့ မေမေစန်းနဲ့ ချစ်ရပါသော အစ်မများကိုလည်း ကျေးဇူးတင်ပါတယ်ရှင်🙏🏻

Image:IG/Melody Myo

ဘာအကြောင်းကြောင့်နဲ့မှမလိမ်နဲ့ အဖြူရောင်မုသားလဲမသုံးနဲ့ မေးတာ မဖြေလို့ရတာ ဖြေရင်တော့ အမှန်တရားဖြစ်ပါစေရိုးသားတာလေးကိုတပ်မက်ခဲ့တာလေရိုးသားတာလေး မရှိတဲ့နေ့ bye bye ဘဲလို့ အစကတည်းကအကြိမ်ကြိမ်သတိပေးခဲ့တာဘဲကိုယ့်ဘဝမှာဖြူစင်ခြင်းအားနည်းခဲ့လို့ တကူးတကဖြူတာရှာ ထားပါတယ်ဆိုမှ လိမ်ခြင်းကရင်ဝကို စုံကန်တော့တာဘဲခုတော့ တရားဝင်ပြောပါတော့မယ်🌟ကျွန်မ ဘုရင်မ ပြန်ဖြစ်သွားပြီ🌟😇၆နှစ်ကျော် ကြိုးစားခဲ့လို့ သိပ်ချောတဲ့ သားလေးတစ်ယောက်တော့ ဘုရားကဆုလက်ဆောင်အဖြစ်ပေးလိုက်တယ်ရှင်😇ဆုံးရှုံးမူတွေများပေမယ့် မိတ်ဆွေ အဖြစ်တော့ တည်ရှိနေပါတယ်😎သူမဖောက်ပြန်ဘူးဖောက်ပြန်ရင်တောင် နားလည်ပေးနိုင်တယ်တယောက်နဲ့တယောက် သည်းခံနိုင်တဲ့အကြောင်းတရားခြင်းမတူဘူးလေ စုံစမ်းမေးမြန်းခြင်း သည်းခံပါ🙏🏻🙏🏻🙏🏻🙏🏻..” ဆုိၿပီး တော့ မယ်လိုဒီက သူမရဲ့ Fb မှာ တင်ထားပါတယ်။

Source:Fb/ Melody

sponsored