ကောင်လေးတွေ မနှစ်မြို့တဲ့ မိန်းကလေးတွေရဲ့ social media ပေါ်က အကျင့်များ

tirachardz/Freepik
Sponsored

လူငယ်တော်တော်များများ လူမှုကွန်ယက်ကို သုံးကြပါတယ်။ ဒါပေမယ့် ကောင်လေးတွေနဲ့ ကောင်မလေးတွေရဲ့ လူမှုကွန်ယက် အသုံးပြုပုံကတော့ မတူညီကြပါဘူး။ မတူညီတဲ့အညီ မိန်းကလေးတွေရဲ့ လူမှုကွန်ယက်ပေါ်က အကျင့်တစ်ချို့ကိုလည်း ကောင်လေးတွေက သဘောမတွေ့တတ်ကြပါဘူး။ အဲ့ဒါတွေကတော့ ကောင်လေးတွေအတွက် ခံစားမရတဲ့အရာတွေ ဖြစ်နေတတ်ပါတယ်။

အပြန်အလှန် ချီးမွမ်းခြင်း

Sponsored

မိန်းကလေး အများစုက ပုံလှလှတွေ တင်ပြီး ချောလိုက်တာ လှလိုက်တာ စသဖြင့် ချီးမွမ်းကြလေ့ ရှိပါတယ်။ ဒီလို comments တွေကို မမနဲ့ တူလို့ပါ ညီမလေးလောက်တော့ မဟုတ်ပါဘူး စသဖြင့် reply ပြန်တာကို ရယ်မိတတ်ကြပါတယ်။ သူ့တို့စိတ်ထဲမှာ အရမ်း လောကွတ်တွေချော်နေကြပြီး သဘာဝဆန်တယ်လို့ မခံစားရတာကြောင့် အဲ့လို ပြောတာတွေကို သဘောမကျကြပါဘူး။

rawpixel.com/Freepik

Love react ပေးတာကို စိတ်တိုခြင်း

ကောင်မလေးဓာတ်ပုံတွေကို love reacted ပေးတာကို မိန်းကလေးတွေ အရမ်း ခံစားတတ်ကြပါတယ်။ ဒါပေမယ့် ကောင်လေးတွေ စိတ်ထဲမှာတော့ ဘာရယ်မဟုတ်ပဲ ပေးလိုက်ကြခြင်းပါ။ ချောရင် ချောတယ် မှတ်လိုက်ရုံကလွဲပြီး ကောင်လေးတွေက ပိုတွေးလေ့ မရှိပါဘူး။ အဲ့ဒါကို အသည်းအသန် ဖြစ်နေတာကို ကောင်လေးတွေက နားမလည်နိုင်သလို အဲ့သလို သဘောထားကိုလည်း စိတ်တိုမိတတ်ကြပါတယ်။

READ
ချစ်သူကိုအပွန်းပဲ့မခံဘဲ နှစ်နှစ်ကာကာချစ်တတ်တဲ့ယောက်ျားတွေရဲ့အပြုအမှု

Reply ကို အာရုံစိုက်ခြင်း

Post တင်လိုက်လို့ အောက်မှာ ရှိတဲ့ comment တွေကို reply ပြန်တာမှာ ကောင်လေးတွေက အလျင်းသင့်သလို ပြန်ချင် ပြန်လိုက်တတ်ကြပါတယ်။ အဲ့ထက်ပိုပြီး ရှည်ရှည်ဝေးဝေးတွေလည်း မတွေးကြပါဘူး။ ဒါပေမယ့်လည်း ကောင်မလေးတွေက ဟိုကောင်မလေးကို ဘာလို့ reply ပြန်တာလဲ reply ပြန်စရာ လိုလို့လား စသဖြင့် ရှုပ်လောက်အောင် တွေးတာကို ကောင်လေးတွေက မနှစ်မြို့ကြပါဘူး။

wombatzaa/Freepik

ပုံအများကြီး တင်ခြင်း

ကောင်လေးတွေက ပုံတင်ချင်ရင် တစ်ပုံလောက် ကောက်တင်တာတို့ပဲ အများဆုံး လုပ်ဖြစ်ကြပါတယ်။ ကောင်မလေးတွေကတော့ တစ်နေရာထဲမှာပဲ ရိုက်တဲ့ ပုံ ၅ ပုံလောက်က အနည်းဆုံး တင်တတ်ကြပါတယ်။ ဘာလို့ ပုံတွေ အများကြီး တင်ကြလဲဆိုတာ မသိကြပေမယ့်လည်း ကောင်လေးတွေက ဝင်ကြည့်တတ်ကြပါတယ်။

READ
မိန်းကလေးတွေ အမှန်တကယ်လိုချင်တဲ့ စိတ်ကူးထဲက ချစ်သူပုံစံ(၇)မျိုး

ခံစားမှု အလွန်အကျွံ ဖြစ်ခြင်း

လူမှုကွန်ယက်ပေါ်က လှုပ်ရှားမှုတွေကို အလွန်အကျွံ ခံစားတာမျိုးကို ကောင်လေးတွေက မကြိုက်ကြပါဘူး။ စာမပြန်သေးလို့ Comment ပေးလို့ new feed ကြည့်နေလို့ စသဖြင့် လိုက်ခံစားတာမျိုးကို သူတို့လည်း မလုပ်ကြသလို အဲ့လို ခံစားတာကိုလည်း သဘောမကျတတ်ပါဘူး။ ဒါ့အပြင် သမီးရည်းစား စိတ်ကောက်တာလောက်ကို ပြဿနာရှာပြီး လိုင်းပေါ်တင်တာမျိုးကိုလည်း စိတ်ညစ်တတ်ကြပါတယ်။

Kham

sponsored