အသည်းခွဲခံရပြီးတဲ့ မိန်းကလေးတွေ ပိုသန်မာလာကြတဲ့ အကြောင်းအရင်းများ

shutterstock/ Sveta Y
Sponsored

မိန်းကလေးတွေက ယောကျာ်းလေးတွေထင်ထားတာထက်ကို ပိုသန်မာတဲ့ သူတွေပါ။ တစ်ခါတစ်လေမှာ ယောကျာ်းလေးတွေထက်တောင် စိတ်ဓာတ်ကြံခိုင်မှုကို ပိုင်ဆိုင်ထားကြပါသေးတယ်နော်။ ဒီလိုပဲ မိန်းကလေးတွေက သူတို့ချစ်ရသူဆီက အသည်းခွဲရတဲ့အချိန်မှာ ပိုပိုပြီး သန်မာလာတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ကိုယ်တိုင်ဖတ်ကြည့်လိုက်တော့နော်။

ကိုယ့်ကိုယ်ကို ပိုအလေးထားမိလာတယ်

shutterstock/garetsworkshop

မိန်းကလေးတစ်ယောက်ဟာ အသည်းကွဲစမှာတော့ အခန်းတံခါးပိတ်ငိုချင်ကောင်း ငိုနေပါလိမ့်မယ်။ ဒါပေမယ့် အချိန်တစ်ခု ကြာလာတဲ့အခါ သူတို့ကိုယ် သူတို့ ပြန်လည်ဆန်းစစ်ဖြစ်လာပြီး သူတို့ရဲ့ မှားယွင်းမှုကို ရှာဖွေတွေ့ရှိသွားတတ်ကြပါတယ်။ သူတို့ရဲ့ စုတ်ပြတ်နေတဲ့ ပုံစံတွေ၊ မျက်ရည်တွေ၊ စိတ်ခံစားလွယ်မှုတွေကို ပြန်မြင်ယောင်သွားတဲ့အခါ သူတို့ကို သူတို့ သန်မာကြံခိုင်ဖို့ ဆုံးဖြတ်လိုက်တတ်ကြပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက် ပိုကြံခိုင်သန်မာလာရခြင်းဟာ သူတို့ချစ်တဲ့ တစ်စုံတစ်ယောက်ဆီက မထင်ထားတဲ့ နာကျင်မှုတွေကို ရလိုက်တဲ့အတွက်ကြောင့်ပါနော်။

တစ်ယောက်တည်း ပိုပျော်ရွှင်တတ်လာတယ်

shutterstock/eva_blanco
Sponsored

ကိုယ်ယုံကြည်ကိုးစားတဲ့ သူတွေ၊ ကိုယ်ချစ်ခင်ရတဲ့ သူတစ်ချို့က နာကျင်ထိခိုက်စေတယ်ဆိုတာကို သဘောပေါက်သွားတဲ့အခါမှာ မိန်းကလေးတွေဟာ  ကိုယ့်ကိုယ်ကို အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်လာတဲ့အထိ သန်မာပစ်လိုက်တတ်ကြပါတယ်။ သူတို့ဘေးနားမှာ ဘယ်သူမှမရှိရင်တောင် ရှင်သန်ရပ်တည်နိုင်လာအောင် အသွင်ပြောင်းလိုက်တတ်ကြပြီး တစ်ယောက်တည်းလည်း ပျော်အောင် နေတတ်လာကြပါတယ်။

READ
Sweet ဖြစ်တဲ့ အချစ်မျက်ဝန်းပိုင်ရှင် ထိုင်းဆယ်လီကိုကိုများ

ဘာပဲဖြစ်ဖြစ် မျက်နှာမှာ အပြုံးကို ချိတ်ဆွဲလာနိုင်တယ်

shutterstock/HTeam

ဘဝမှာ ကိုယ့်ချစ်တဲ့သူက ပေးတဲ့နာကျင်မှုလောက် ဘယ်အရာကမှ ဒီလောက် နာကျင်မယ်မထင်ပါဘူး။ ဒီလိုခံစားချက်ကို ခံစားမိပြီးနောက်မှာတော့ ဝမ်းနည်းနာကျင်မှုတွေ၊ ပျော့ညံ့မှုတွေက အရေးမပါဘူးဆိုတာကို သိလာရပါတယ်။ ဒီတော့ ဘယ်လောက်ခက်ခဲနေပါစေ၊ ဘယ်လောက်ပင်ပန်းနေပါစေ အပြုံးကို မျက်နှာမှာ ချိတ်ဆွဲပြီး အရာရာကို ရင်ဆိုင်တတ်လာတာပဲ ဖြစ်ပါတယ်။

အချစ်ကို မကိုးကွယ်တော့ဘူး

shutterstock/HTeam

အချစ်ဆိုတာ နာကျင်ရပါလားလို့ သိလာရတဲ့အခါမှာ အချစ်ကို မကိုးကွယ်တတ်တော့ပါဘူး။ တစ်ခါတစ်လေ အချစ်ကို ခံစားမိကောင်းခံစားလိုက်မယ် ဒါပေမယ့် ဘဝမှာ အချစ်ဆိုတာမျိုးက မရှိမဖြစ် အရာတစ်ခုအဖြစ် မသတ်မှတ်တတ်ကြတော့ပါဘူး။ အသည်းကွဲတိုင်းလည်း ကိုယ့်ကိုယ်ကို ထိခိုက်လောက်အောင် မခံစားတတ်တော့ပဲ လှလှပပကို အသည်းကွဲတတ်လာပါတယ်။ ဒါဟာ ကိုယ်ရဲ့ခံစားချက်တွေနဲ့ ရင်းပြီးရလိုက်တဲ့ သန်မာကြံခိုင်ခြင်းတွေပဲ ဖြစ်ပါတယ်နော်။

READ
Face Roller ကို မှန်ကန်စွာ အသုံးပြုနည်း နဲ့ ကောင်းကျိုးများ

Khin

 

 

sponsored