ကိုယ့်ချစ်သူ ပိုပိုချစ်လာတာခံချင်ရင် ဒီအရာလေးတွေကို ကြိုးစားပေးလိုက်ပါ

Sponsored

မိန်းကလေးတွေက ချစ်သူကို အရမ်းချစ်လာပြီဆိုရင် အမှားတွေလုပ်တတ်တယ်။ သူတို့ချစ်သူအပေါ် အမှားတွေလုပ်လာလေလေ သူတို့ပိုခံစားရလေလေဖြစ်လာတယ်။ ဒါကြောင့် ဒီနည်းတွေက သင့်ကိုယ်သင့်လည်း မခံစားရဘဲ သင့်ချစ်သူ သင့်အပေါ် အချစ်တွေတိုးလာစေမယ့်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ၁၀၀% နီးပါး သင်နေတတ်သလိုနေပါ

သင့်ချစ်သူ သင့်ကို အချစ်တွေတိုးပြီးချစ်လာဖို့အတွက် ဘာကိုမှ အတင်းအကြပ်လုပ်ယူစရာမလိုပါဘူး။ သင့်ချစ်သူက ဒီလိုပုံစံတွေကြိုက်တယ်ဆိုပြီး သင့်ကိုယ်သင့်ပြောင်းပစ်စရာမလိုပါဘူး။ သင့်ချစ်သူအကြိုက်ကို အတင်းလုပ်ယူပြီး နေနေတာထက်စာရင် သင်နေတတ်သလိုနေပါ။ အကြောင်းကတော့ သင့်ချစ်သူလည်း ဟန်ဆောင်ပြီး အတင်းလုပ်ယူနေတာထက်စာရင် သင့်နေတတ်သလိုနေတာကို ပိုပြီးသဘောကျမှာပါ။

(၂) ပျော်ပျော်နေပါ

Sponsored

သင့်ချစ်သူ သင့်အပေါ်အချစ်တွေတိုးလာစေချင်ရင် ပျော်ပျော်နေပါ။ ပျော်ပျော်နေပါဆိုလို့ အတင်းလုပ်ယူခိုင်းတာမဟုတ်ပါဘူး။ ပျော်စရာရှိတာကို ပျော်ပျော်နေခိုင်းပါ။ ပျော်ပျော်နေတတ်တဲ့ သင့်ကို သင့်ချစ်သူကလည်း အချစ်တွေပိုတိုးလာမှာမို့လို့ပဲဖြစ်တယ်။

READ
သင့်ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေလုပ်သင့်ပြီဖြစ်ကြောင်း ပြနေတဲ့လက္ခဏာ (၅) ရပ်

(၃) သင့်ချစ်သူအပေါ် ကောင်းပေးပါ

ဘယ်ချစ်သူမဆိုပါ သူတို့အပေါ်မကောင်းဘဲ၊ သူတို့ဘာလုပ်လုပ်အကောင်းမပြောတဲ့ ချစ်သူနားမှာ မနေချင်ကြပါဘူး။ သင့်အပေါ် သူလုပ်ပေးခဲ့တဲ့အရာတွေအတွက် ပြန်ကောင်းပေးပါ။ သူ့မှာ ချီးကျူးစရာ ၊ ဂုဏ်ယူစရာကိစ္စတွေရှိလို့ သင့်ကို အရင်ဆုံးပြောပြတာက သင့်ဆီက ချီကျူးသံတွေနဲ့ သင်နဲ့အတူ ပျော်ရွင်စရာတွေကို မျှဝေပေးချင်လို့ပဲဖြစ်တယ်။ ဒါကြောင့် သင့်ချစ်သူ သင့်ကို အချစ်တွေတိုးလာစေချင်ရင် သူ့ကို ကောင်းပေးပါ။ မေတ္တာဆိုတာ အသွား၊ အပြန်ရှိမှ ပိုတိုးတာပါ။

(၄) ပွစိပွစိ လုပ်တာတွေရှောင်ပေးပါ

သင်ချစ်သူကို ပွစိပွစိလုပ်လေ သင့်ချစ်သူ ပိုစိတ်ညစ်သွားလေပဲဖြစ်တယ်။ သင့်ချစ်သူ သင့်အပေါ် အချစ်တွေတိုးလာစေချင်ရင်တော့ ပွစိပွစိလုပ်တာတွေကို ရှောင်ပေးပါ။ အတတ်နိုင်ဆုံး နားလည်ပေးပါ။ သင်အနေနဲ့ဆိုရင်လည်း သင့်ကို ပွစိပွစိလုပ်တဲ့သူကို အချစ်တွေပိုတိုးလာစေချင်မှာလား။  ဒါကြောင့် ပွစိပွစိ လုပ်တာတွေကို ရှောင်တာ အကောင်းဆုံးပဲဖြစ်တယ်။

READ
ဒီရုံးတွင်းလေ့ကျင့်ခန်းကိုလုပ်ပေးရင် အညောင်းမိနေတာတွေပျောက်သွားမှာပါ.....

(၅) တစ်ခါတစ်လေ လွတ်လပ်မှုပေးလိုက်ပါ

ချစ်သူ သင့်အပေါ်ကို အချစ်တွေ တစ်နေ့ပြီးတစ်နေ့တိုးလာစေချင်ရင် အရမ်းချုပ်မထားပါနဲ့။ မိန်းကလေးတွေက အရမ်းချစ်လာပြီးဆို သူတို့ချစ်သူတွေကို ချုပ်ချယ်ထားတတ်ကြတယ်။ ဒါက တစ်ခါတစ်လေအတွက်ပဲကောင်းပါတယ်။ အမြဲချုပ်ချယ်ထားတယ်ဆိုရင် သင့်ကို အချစ်တွေ ပိုတိုးလာဖို့နေနေသာသာ သင့်ဆီကနေထွက်ပြေးချင်စိတ်တွေဖြစ်လာမှာပါ။ ဒါကြောင့် တစ်ခါတစ်လေ သင့်ချစ်သူအတွက် စိတ်ထွက်ပေါက်ပေးပေးပါ။

Hannwe Soe (Auntymay)
sponsored