အခုလို တိုးတက်နေတဲ့ ကာလကြီးမှာ ဂိမ်းမကစားတဲ့ သူတွေ အရမ်းရှားလောက်ပြီနော်။ ဂိမ်းအကြီးကြီးတွေ မကစားရင်တောင် Candy Crush လောက်တော့ အနည်းဆုံး ကစားတဲ့သူတွေရှိမှာပါ။ အရင်ကတော့ မိန်းကလေးနဲ့ ဂိမ်း မသက်ဆိုင်ဘူးဆိုပေမယ့် အခုဆိုရင် သက်ဆိုင်လွန်းလို့ မိန်းကလေးဂိမ်းမာတွေတောင် ပေါ်လာပြီနော်။ ဂိမ်းကစားတက်တဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားလေးတွေ ပြောရမယ်ဆိုရင်တော့…
– ဂိမ်းကစားတဲ့ မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် ပိုပြီး ပြိုင်ဆိုင်လိုစိတ် ရှိပါတယ်။
– အသင်းအဖွဲ့နဲ့စာရင် တစ်ယောက်ထဲ အေးဆေးကစားရတာ ပိုကြိုက်ပြီး ဆော့ပြီဆိုလဲ လုံးဝထိုင်ရာမထ ကစားတတ်ကြပါတယ်တဲ့။
– (၇၀)ရာခိုင်နှုန်းသော မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက် Online မှာ ဂိမ်းကစားရတာ ပိုကြိုက်ကြပါတယ်။
– ဂိမ်းတစ်ခုထဲ အတူတူ ကစားရင်တော့ မိန်းကလေးတွေက ယောင်္ကျားလေးတွေနဲ့ မတူတဲ့ ရှုထောင့်တစ်နေရာကနေ ကစားဖို့ ပိုပြီးစဉ်းစားပါတယ်။
Among Us with Momo (boo)
stop killing her first pls 😭😭 pic.twitter.com/70HppvB76K
— misa •ᴗ• (@misayeon) October 6, 2020
– ဂိမ်းကစားတဲ့မိန်းကလေး တော်တော်များများက သူများနဲ့ပြိုင်ဖို့ အတွက် ကစားတာဖြစ်ပါတယ်။ အနိုင်လိုချင်စိတ် ပိုပြင်းပြတယ်ပေါ့ နောက်တစ်မျိုးပြောရင်တော့။
– သင်္ချာကိုကြိုက်တက်သူတွေ၊ Physics ကိုကြိုက်တဲ့ မိန်းကလေးတော်တော်များများက မိန်းကလေးဂိမ်မာဖြစ်ဖို့ လမ်းစပိုများပါတယ်နော်။
TPS