Comeback အတွက် အဖွဲ့ဝင်တွေနဲ့ တိုင်ပင် နေပြီဆိုတဲ့ မင်ဟို

Image:IG/Minho & GQ
Sponsored

SHINee အဖွဲ့ဝင် မင်ဟိုက တော့ စစ်မှုထမ်း ပြီး လို့ ပြန်လာ တာ သိပ် မကြာ သေးပါဘူး။မင်ဟိုက တော့ ‘GQ’ magazine ရဲ့ ကာဗာ မော်ဒယ် အဖြစ် နဲ့ ပါဝင် ပေးခဲ့ပါတယ်။ အဲ့ဒီမှာတော့ အမိုက်စား ပုံတွေ အပြင် သူ့ရဲ့ အင်တာဗျူး အစီအစဉ် လည်း ပါပါတယ်။ဖက်ရှင် ကျကျ နဲ့ လုံးဝ အမိုက်စား ပုံတွေကို ရိုက်ကူး ပေးခဲ့တာ ဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ထုတ်  ‘GQ’ မှာတော့ မင်ဟို့ ကို တွေ့ရမှာပါ။ဒီအ ကြောင်းကိုတော့ All Kpop မှာ ဖော်ပြထားတာာပါ။

Sponsored

အင်တာဗျူးမှာ တော့ ရေတပ် မှာ စစ်မှုထမ်း ခဲ့ချိန်မှာ ရင့်ကျက် လာတဲ့ အကြောင်းတွေ၊ပြန်လာ တော့ လုပ် မယ့် သူ့ အနုပညာ လှုပ်ရှားမှု အ ကြောင်းတွေကိုပါ ပြော ပြခဲ့ပါတယ်။ အဲ့ဒီအထဲမှာ တော့ တစ်ကိုယ်တော်ရော SHINee အနေနဲ့ အဖွဲ့ လိုက် အကြောင်း တွေ ပါ ပါဝင်ပါတယ်။ SHINee အနေနဲ့ က တော့ မတူ တဲ့ Music နဲ့ Visual ပုံစံ မျိုးတွေကို ဖန်တီး ချပြ နိုင်ဖို့ ကြိုးစား နေတယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၁ မှာတော့ SHINee ရဲ့ Comeback ကို မြင် တွေ့ရနိုင် ချေ ရှိပါတယ်။ဒီရက် ပိုင်းတွေ မှာ သူနဲ့ တခြား အဖွဲ့ ၀င် တွေ က SHINee အနေနဲ့ ဘယ်လို မျိုး အနုပညာတွေကို ချ ပြ ရမလဲ ဆိုတာကို ပြော ဖြစ် နေ ကြောင်း၊ SHINee ရဲ့ ကိုယ်ပိုင် စတိုင် ပုံစံ တစ်ခု ကို ရှင်းရှင်း လင်းလင်း ပြ နိုင်ဖို့ ကြိုးစားနေတယ်လို့ မင်ဟိုက ပြောခဲ့ပါတယ်။

မင်ဟိုက တော့ (၂၀၁၉)ဧပြီ (၁၅)မှာ တာဝန်ထမ်းဆောင်ပြီး (၂၀၂၀) နိုဝင်ဘာ မှာ တာဝန်ပြီးဆုံးခဲ့တာပါ။စစ်မှုထမ်း ပြန်လာတာ မကြာသေးတဲ့ မင်ဟို က တော့ KakaoTV drama “Lovestruck in the City.” မှာ ဧည့်သည် သရုပ်ဆောင်အဖြစ် လည်း ပါဝင်ပေးခဲ့ပါတယ်။ SHINee အဖွဲ့ဝင် အနေနဲ့ ရော တစ်ကိုယ်တော် အနေနဲ့ ရော ဘယ်လို အနုပညာ လှုပ်ရှားမှု တွေဆက် လုပ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

#AUNTYMAY

sponsored