ချစ်ရသူနဲ့ ပျော်ရွှင်သာယာတဲ့ ချစ်ခရီးကို ဖန်တီးနိုင်ဖို့ လုံးဝမလုပ်သင့်တဲ့ အချက်များ

shutterstock/GalacticDreamer
Sponsored

Relationship တစ်ခုတည်ဆောက်ဖို့ ဘာတွေက အရေးအကြီးဆုံးလို့ ထင်လဲ။ နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှု စသဖြင့် ဒါတွေက လိုအပ်တယ်ဆိုတာကိုတော့ သိထားလောက်ပြီး ဖြစ်မှာပါ။ ဒါပေမယ့် တစ်ခြားသော အရာတွေကြောင့်လည်း relationship တစ်ခုကို ပြိုကွဲပျက်စီး စေနိုင်ပါတယ်။ ပျော်ရွှင်သာယာတဲ့ relationship တစ်ခုတည်ဆောက်ဖို့ဆိုရင် ဒီအချက်တွေကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

အချိန်မပေးခြင်း (သို့) အချစ်ပေးလွန်းခြင်း

shutterstock/Basicdog

Relationship တစ်ခုတည်ဆောက်ပြီဆိုကတည်းက တစ်ယောက်နဲ့ တစ်ယောက် အတူတူ အချိန်လေးတွေကို ဖြတ်သန်းဖို့ အချိန်တစ်ခုတော့ ပေးသင့်ပါတယ်။ နှစ်ယောက်သား ချစ်သူတွေတော့ ဟုတ်ပါရဲ့ သူ့နဲ့အတူ အမှတ်တရ ပျော်ရွှင်စရာ အချိန်တွေ မရှိဘူးဆိုရင်တော့ ဒါကို ချစ်သူစုံတွဲတွေပါလို့ မခေါ်နိုင်တဲ့အပြင် ဒီဆက်ဆံရေးဟာ ခဏလေးနဲ့ ပျက်စီးသွားမှာ အသေအချာပါပဲ။ ထိုနည်းတူပဲ တစ်ချိန်လုံး ချစ်သူအတွက် အချိန်တွေ ပေါလောနေပြန်ရင်လည်း မကောင်းပါဘူး။ ပေါပေါလောလောရတဲ့ အချစ်က တန်ဖိုးနည်းတတ်တာ ထုံးစံပဲမို့ နေ့တိုင်း ချစ်သူနဲ့ တွေ့နေတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒါက သင့်ကို အလွယ်တကူ ငြီးငွေ့သွားစေမှာပါ။ ဒါကြောင့် ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ဆိုရင် ချစ်ရသူနဲ့ ဖြတ်သန်းဖို့ အချိန်တစ်ခု သေချာသတ်မှတ်ထားသင့်ပါတယ်။

READ
ပျိုပျိုတို့ရဲ့ မျက်တောင်မွှေးလေးတွေကို ရှည်လာစေမယ့် နည်းလမ်းကောင်းလေးများ

နှလုံးသားထက် ဦးနှောက်နဲ့ ဆုံးဖြတ်ခြင်း

Sponsored

ကိုယ့်ရဲ့လက်တွဲဖော်ကို ရွေးချယ်ပြီဆိုကတည်းက ဒီအချက်ဟာ အရေးကြီးပါတယ်။ ဒီလူကို တကယ်ချစ်ရဲ့လား၊ ချစ်သူအဖြစ်ရွေးချယ်သင့်တာ သေချာရဲ့လားဆိုတာ မရွေးချယ်ခင်ကနေ သေချာစဉ်းစား ဆုံးဖြတ်သင့်ပါတယ်။ တကယ်လို့ နှလုံးသားဆန္ဒမပါပဲ ဦးနှောက်တစ်ခုတည်းနဲ့ ရွေးချယ်လိုက်ရင်တော့ နှစ်ယောက်လုံး မပျော်မရွှင်ဖြစ်ပြီး ပြိုကွဲလွယ်တဲ့ အခြေအနေဖြစ်စေမှာပါ။ ဒါကြောင့် အစကတည်းက ကိုယ့်ရဲ့လက်တွဲဖော်ကို နှလုံးသားရော ဦးနှောက်နဲ့ပါ အချိုးညီညီ စဉ်းစားတွေးခေါ်တာက အကောင်းဆုံးပါပဲ။ အချစ်မှာ နှလုံးသားရဲ့  ဆန္ဒက တကယ်အရေးကြီးပါတယ်။

ခံစားချက်တွေ မရှင်းလင်းခြင်း

shutterstock/GalacticDreamer

ဒါကတော့ တစ်ဖက်သားအပေါ် ထိခိုက်နာကျင်စေနိုင်တဲ့ အချက်ဖြစ်ပြီး လုံးဝမလုပ်သင့်တဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခံစားချက်တွေဟာ တစ်စုံတစ်ယောက်ဆီမှာပဲ မပြတ်မသားရှိနေဆဲ အခြေအနေမျိုးမှာ တစ်ခြားတစ်ယောက်ကို ရွေးချယ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလို မပြတ်မသား လုပ်တတ်ရာက အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မယ့် ကိစ္စတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်မပြတ်သားနိုင်ခင်မှာ တစ်ခြားတစ်ယောက်ရဲ့ အချစ်ကို ကိုယ့်အတွက် အသုံးမချမိပါစေနဲ့။ ဒီလို အခြေမနေမျိုးနဲ့ relationship တစ်ခုတည်ဆောက်မိတဲ့အခါ ဒီဆက်ဆံရေးဟာ ပြိုကွဲပျက်စီးမှာ အမှန်ပါပဲနော်။

READ
မိန်းကလေးတွေချစ်သူကို လုံးဝလမ်းခွဲပြတ်စဲဖို့ဖြစ်စေတဲ့ အကြောင်းအရင်း (၆) ချက်

မပွင့်လင်းခြင်း

တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ကြတဲ့အခါ ချစ်သူရည်းစားအချင်းချင်း ပွင့်လင်းမှုရှိဖို့က တကယ်လိုအပ်ပါတယ်။ ခံစားနေရတဲ့ ခံစားချက်တစ်ချို့ကို ဖွင့်မပြောပဲ မျိုသိပ်ထားလိုက်မိတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ခံစားချက်သေးသေးလေးတွေစုပုံလာပြီး အစိုင်အခဲကြီးအဖြစ်ပြောင်းလဲ ပေါက်ကွဲနိုင်ပါတယ်။ မခံစားနိုင်တဲ့အဆုံး ပေါက်ကွဲမိတဲ့အခါ အပျက်အစီးများပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးလည်း ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်မကျေနပ်တာရှိရင် သူ့ကို ပွင့်ပွင့်လင်းလင်းပြောဆို မေးမြန်းတာက ဆက်ဆံရေးတစ်ခုကို အကောင်းဆုံး တည်ဆောက်နိုင်တဲ့ နည်းလမ်းပါပဲနော်။

Khin

sponsored