ေမြးရာပါအမွတ္အသားေၾကာင့္ အေလွာင္ေျပာင္ခံခဲ့ရေပမယ့္ ေမာ္ဒယ္ျဖစ္လာခဲ့သူ

Sponsored

(Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

အသက္ 22 အရြယ္ ရွိၿပီျဖစ္တဲ့ Kgothatso Dithebe အမည္ရ ေတာင္အာဖရိကႏုိင္ငံသူေလးဟာ သူမရဲ႕ မ်က္ႏွာေပၚ မွာ ထင္ထင္ရွားရွားေပၚေနတဲ့ အျဖဴကြက္ႀကီးေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ လူေတြရဲ႕ ေနာက္ေျပာင္က်ီစယ္ျခင္း ခံခဲ့ရသူ ျဖစ္ပါတယ္။ ပုိဆုိးတာက အပ်ိဳေဖာ္၀င္စ အသက္ 15 ႏွစ္အရြယ္မွာ အျဖဴကြက္ႀကီးဟာ ပုိထင္ရွားလာတာပါဘဲ။

Sponsored

PAY-MODEL-WITH-WHITE-BIRTHMARK

ဒါေပမယ့္ Dithebe ဟာ ေလွာင္ေျပာင္သူေတြ အသံေတြတိတ္သြားေစဖုိ႔ အဲဒီႏွစ္မွာပဲ ေမာ္ဒယ္ျဖစ္ေအာင္ ႀကိဳးစားဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ေမာ္ဒယ္ေအဂ်င္စီတစ္ခုနဲ႔ ဆက္သြယ္ႏုိင္ခဲ့ၿပီး၊ သူမရဲ႕ ခႏၶကုိယ္အခ်ိဳးအစားကို သေဘာက်ကာ လက္ခံခဲ့ပါတယ္။ ဒါေပမယ့္ မ်က္ႏွာေပၚက အျဖဴကြက္ကုိ ဖုံးအုပ္ဖုိ႔ မိတ္ကပ္ထူထူ လိမ္းရပါတယ္။

PAY-MODEL-WITH-WHITE-BIRTHMARK-4

အသက္ 19 ႏွစ္အရြယ္မွာ ေမာ္ဒယ္လုပ္သက္ အေတြ႕အႀကဳံရလာတဲ့  Dithebe ဟာ ေအဂ်င္စီေတြကုိ ေတာင္းဆုိခဲ့ ပါတယ္။ သူမကို မိတ္ကပ္မလိမ္းပဲ သဘာ၀အတုိင္း ေမာ္ဒယ္ လုပ္ခြင့္ေပးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။ ပထေတာ့ ေအဂ်င္စီေတြ က အင္တင္တင္ပါဘဲ။

PAY-MODEL-WITH-WHITE-BIRTHMARK-1

ဒါေပမယ့္ အရဲစြန္႔ၿပီး သုံးၾကည့္တဲ့ အခါမွာေတာ့ နဂုိကထက္ ေအာင္ျမင္ၿပီး လူသိမ်ားလာခဲ့ပါတယ္။ Dithebe က သူမရဲ႕ စိတ္ကူးဟာ အလွအပနဲ႔ပတ္သက္ၿပီး လူေတြ သိထားတဲ့ခံစားခ်က္ေတြကို ေျပာင္းလဲခ်င္ေၾကာင္း ဆုိပါတယ္။ အခုဆုိရင္ သူမရဲ႕ သဘာ၀ဆန္ၿပီး ထူးျခားတဲ့ ႐ုပ္ရည္ေၾကာင့္ ေၾကာ္ျငာေတြ၊ မဂၢဇင္းကာဗာေတြအတြက္ ဘုတ္ကင္ေတြ ျပည့္သ ေလာက္ကို  ျဖစ္ေနၿပီလုိ႔ ဆုိပါတယ္။

PAY-MODEL-WITH-WHITE-BIRTHMARK-2

အခုဆုိ Dithebe ဟာ ယခင္ကလုိ သူမရဲ႕ ေမြးရာပါအမွတ္ႀကီးကုိ မလုံမလဲနဲ႔ ဖုံးအုပ္ထားရေတာ့မယ့္ အေျခအေန မဟုတ္ေတာ့ပါဘူး။ လူေတြက သူမရဲ႕ သဘာ၀အတုိင္း လွပတဲ့ မ်က္ႏွာေလးကို ပိုၿပီးသေဘာက်မွန္း သိလုိ႔ုျဖစ္ပါတယ္။ သူမဟာ လက္ရွိအခ်ိန္မွာ  Pretoria ၿမိဳ႕က တကၠသိုလ္မွာ ဥပေဒအထူးျပဳနဲ႔ ေက်ာင္းတက္ဆဲပါ။

PAY-MODEL-WITH-WHITE-BIRTHMARK-3

Dithebe က ” လူေတြက က်မကိုျမင္ရင္ စူးစူး၀ါး၀ါး ၾကည့္ၾကတယ္ .. သူတုိ႔က ခ႐ုသင္းစြဲေနတာလုိ႔ ထင္ေနၾကတာပါ … ေမာ္ဒယ္ျဖစ္လာေတာ့ မိတ္ကပ္ေလးနဲ႔ဆုိ ကုိယ့္ကုိယ္ကို လွတယ္လုိ႔ ထင္မိတာပါဘဲ .. ဒါေပမယ့္ ကိုယ့္ကုိယ္ကုိ ဆင္ျခင္ မိတယ္ ငါ့ရဲ႕ပင္ကိုယ္႐ုပ္ရွည္က ဒီအတုိင္းမွ မဟုတ္တာ … ပင္ကို႐ုပ္ရည္ကို ခ်စ္ရမယ္ေလ … ဒါေၾကာင့္ ကၽြန္မ ဘာမွ ျပင္ဆင္မႈ မလုပ္ဖုိ႔ သတၱိေတြ ေမြးခဲ့ရတာ … အခုက ကၽြန္မ အစစ္ပါဘဲ “လုိ႔ ေျပာခဲ့ပါတယ္။

READ
လုပ္ငန္းခြင္မွာ လူေလးစားခံရတဲ့ အမ်ိဳးသမီးျဖစ္ဖုိ႔ လိုက္နာသင့္တဲ့ အခ်က္ (၅)ခ်က္

သူမဟာ မၾကာေသးခင္ကမွ Mercedes Benz အေရာင္းျပပြဲမွာ ေမာ္ဒယ္အျဖစ္ ပါ၀င္ခဲ့ၿပီး၊ ျပင္သစ္၊ အေမရိကန္၊ အီတလီေမာ္ဒယ္ေအဂ်င္စီေတြက စိတ္၀င္စားမႈကို ခံေနရၿပီလုိ႔ သိရပါတယ္။ အဲဒီႏုိင္ငံေတြကုိလည္း အသက္အရြယ္ရွိတုန္း ေလး သြားေရာက္ဖုိ႔ရွိၿပီး၊ မၾကာမီမွာ အေကာင္အထည္ ေဖာ္ႏုိင္မယ္လုိ႔ ဆုိပါတယ္။

မဒီေလး (auntymay)

source : mirror.co.uk


[Unicode Version]

ညစ်တီးညစ်ပတ် နေထိုင်မှန်းသိပြီးနောက် ကောင်မလေးကို ရည်းစားကဖြတ်

အသက် 22 အရွယ် ရှိပြီဖြစ်တဲ့ Kgothatso Dithebe အမည်ရ တောင်အာဖရိကနိုင်ငံသူလေးဟာ သူမရဲ့ မျက်နှာပေါ် မှာ ထင်ထင်ရှားရှားပေါ်နေတဲ့ အဖြူကွက်ကြီးကြောင့် နှစ်ပေါင်းများစွာ လူတွေရဲ့ နောက်ပြောင်ကျီစယ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ပိုဆိုးတာက အပျိုဖော်ဝင်စ အသက် 15 နှစ်အရွယ်မှာ အဖြူကွက်ကြီးဟာ ပိုထင်ရှားလာတာပါဘဲ။

PAY-MODEL-WITH-WHITE-BIRTHMARK

ဒါပေမယ့် Dithebe ဟာ လှောင်ပြောင်သူတွေ အသံတွေတိတ်သွားစေဖို့ အဲဒီနှစ်မှာပဲ မော်ဒယ်ဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မော်ဒယ်အေဂျင်စီတစ်ခုနဲ့ ဆက်သွယ်နိုင်ခဲ့ပြီး၊ သူမရဲ့ ခန္ဓကိုယ်အချိုးအစားကို သဘောကျကာ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် မျက်နှာပေါ်က အဖြူကွက်ကို ဖုံးအုပ်ဖို့ မိတ်ကပ်ထူထူ လိမ်းရပါတယ်။

PAY-MODEL-WITH-WHITE-BIRTHMARK-4

အသက် 19 နှစ်အရွယ်မှာ မော်ဒယ်လုပ်သက် အတွေ့အကြုံရလာတဲ့  Dithebe ဟာ အေဂျင်စီတွေကို တောင်းဆိုခဲ့ ပါတယ်။ သူမကို မိတ်ကပ်မလိမ်းပဲ သဘာဝအတိုင်း မော်ဒယ် လုပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပထတော့ အေဂျင်စီတွေ က အင်တင်တင်ပါဘဲ။

PAY-MODEL-WITH-WHITE-BIRTHMARK-1

ဒါပေမယ့် အရဲစွန့်ပြီး သုံးကြည့်တဲ့ အခါမှာတော့ နဂိုကထက် အောင်မြင်ပြီး လူသိများလာခဲ့ပါတယ်။ Dithebe က သူမရဲ့ စိတ်ကူးဟာ အလှအပနဲ့ပတ်သက်ပြီး လူတွေ သိထားတဲ့ခံစားချက်တွေကို ပြောင်းလဲချင်ကြောင်း ဆိုပါတယ်။ အခုဆိုရင် သူမရဲ့ သဘာဝဆန်ပြီး ထူးခြားတဲ့ ရုပ်ရည်ကြောင့် ကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေအတွက် ဘုတ်ကင်တွေ ပြည့်သ လောက်ကို  ဖြစ်နေပြီလို့ ဆိုပါတယ်။

PAY-MODEL-WITH-WHITE-BIRTHMARK-2

အခုဆို Dithebe ဟာ ယခင်ကလို သူမရဲ့ မွေးရာပါအမှတ်ကြီးကို မလုံမလဲနဲ့ ဖုံးအုပ်ထားရတော့မယ့် အခြေအနေ မဟုတ်တော့ပါဘူး။ လူတွေက သူမရဲ့ သဘာဝအတိုင်း လှပတဲ့ မျက်နှာလေးကို ပိုပြီးသဘောကျမှန်း သိလို့ုဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်မှာ  Pretoria မြို့က တက္ကသိုလ်မှာ ဥပဒေအထူးပြုနဲ့ ကျောင်းတက်ဆဲပါ။

PAY-MODEL-WITH-WHITE-BIRTHMARK-3

Dithebe က ” လူတွေက ကျမကိုမြင်ရင် စူးစူးဝါးဝါး ကြည့်ကြတယ် .. သူတို့က ခရုသင်းစွဲနေတာလို့ ထင်နေကြတာပါ … မော်ဒယ်ဖြစ်လာတော့ မိတ်ကပ်လေးနဲ့ဆို ကိုယ့်ကိုယ်ကို လှတယ်လို့ ထင်မိတာပါဘဲ .. ဒါပေမယ့် ကိုယ့်ကိုယ်ကို ဆင်ခြင် မိတယ် ငါ့ရဲ့ပင်ကိုယ်ရုပ်ရှည်က ဒီအတိုင်းမှ မဟုတ်တာ … ပင်ကိုရုပ်ရည်ကို ချစ်ရမယ်လေ … ဒါကြောင့် ကျွန်မ ဘာမှ ပြင်ဆင်မှု မလုပ်ဖို့ သတ္တိတွေ မွေးခဲ့ရတာ … အခုက ကျွန်မ အစစ်ပါဘဲ “လို့ ပြောခဲ့ပါတယ်။

သူမဟာ မကြာသေးခင်ကမှ Mercedes Benz အရောင်းပြပွဲမှာ မော်ဒယ်အဖြစ် ပါ၀င်ခဲ့ပြီး၊ ပြင်သစ်၊ အမေရိကန်၊ အီတလီမော်ဒယ်အေဂျင်စီတွေက စိတ်ဝင်စားမှုကို ခံနေရပြီလို့ သိရပါတယ်။ အဲဒီနိုင်ငံတွေကိုလည်း အသက်အရွယ်ရှိတုန်း လေး သွားရောက်ဖို့ရှိပြီး၊ မကြာမီမှာ အကောင်အထည် ဖော်နိုင်မယ်လို့ ဆိုပါတယ်။

မဒီေလး (auntymay)

source : mirror.co.uk

sponsored