မိခင်တွေမှာသာ ပိုင်ဆိုင်ထားကြတဲ့ ထူးထူးခြားခြား Super Power များ

shutterstock/ George Rudy
Sponsored

မိခင်ဆိုတာ သားသမီးတွေအတွက်တော့ တကယ့်ကို superhero ကြီးတစ်ယောက်ပါ။ အမေအနားမှာရှိရင် ပိုလုံခြုံသလိုခံစားရပြီး တစ်ခုခုဖြစ်တိုင်းလည်း အမေကိုပဲ ရှာတတ်ကြတာ မဟုတ်လား။ ဒီလိုမျိုး မေမေတွေမှာ တကယ့်ကို မှော်ဆန်တဲ့ အရာတွေကို ပိုင်ဆိုင်ထားပါတယ်။ ဘယ်လိုအချက်တွေက သင့်မေမေရဲ့ ထူးခြားတဲ့ super power တွေလဲဆိုတာ ကြည့်လိုက်နော်။

အိမ်မှာရှိတာလေးနဲ့ပဲ အကောင်းဆုံးဟင်းလျာဖန်တီးနိုင်တာ

shutterstock/LightField Studios

အိမ်ကရေခဲသေတ္တာထဲမှာ အသားတွေ၊ အသီးအရွှက်တွေ ကုန်နေရင်တောင် ကျန်နေသေးတဲ့ အသီးအရွှက်နည်းနည်းလေးနဲ့ အကောင်းဆုံး ဟင်းလျာရအောင်လို့ ချက်ပြုတ်နိုင်တာ အမေတွေရဲ့ တကယ့် super power တွေပါ။ အဲဒီ့ ဘာမှအထူးအထွေမရှိတော့တာကို အကောင်းဆုံးဟင်းတစ်ခွက်ရအောင် ချက်ပြုတ်နိုင်စွမ်းရှိပါတယ်နော်။

အနာဂတ်ကို ကြိုမြင်နိုင်တာ

Sponsored

အပြင်သွားမလို့ ထွက်ခါနီးတိုင်း သားသမီးတွေကို အမေတွေက သတိပေးစကား ပြောတတ်ကြပါတယ်။ အပြင်မှာအေးမယ် အနွေးထည်ယူသွားလေလို့သတိပေးတာကို ဂရုမစိုက်ပဲ မယူမိတော့ အအေးမိပေါင်းလည်း မနည်းတော့ဘူးမှလား။ အဲလိုပါဆို အမေတွေက အနာဂတ်ကို ကြိုမြင်နိုင်ပါတယ်လို့။

READ
သမီးမိန်းကလေးတွေကို စိတ်ဒဏ်ရာဖြစ်စေတဲ့ မေမေတို့ရဲ့ ဆုံးမစကား (၅)ခွန်း

အတော်ဆုံး ဆရာဝန်တွေ

shutterstock/Ermolaev Alexander

ထိခိုက်ဒဏ်ရာရတိုင်း အမေဆေးထည့်ပေးလိုက်ရင် အဲဒီ့ဒဏ်ရာက အရှင်းပျောက်ရော ဒေါက်တာတွေတောင် အဲလောက်စွမ်းနိုင်မယ် မထင်ဘူး။ အဲလိုမျိုး မေမေတွေက တကယ့်ကို အတော်ဆုံး ဆရာဝန်တွေပါနော်။ ဘယ်လိုမျိုး ဒဏ်ရာပဲရရ မေမေတွေကုပေးရင် တကယ်ကိုပျောက်သွားတတ်တာကတော့ မေမေတွေရဲ့ ပါဝါတွေပေါ့။

အရာအားလုံးကို ဖြေရှင်းနိုင်စွမ်းရှိတာ

မေမေတွေဆိုတာ အိမ်အလုပ်တွေရော၊ လူမှုရေးကိစ္စတွေရော၊ သားသမီးအိမ်ထောင်မှု အရာအားလုံးကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိတဲ့သူတွေပါ။ ခရီးသွားခါနီးတိုင်း ခရီးဆောင်အိတ်ထဲမှာ မဆန့်တော့လို့ ထားပစ်ခဲ့ရတော့မယ့် အဝတ်တွေကို အမေလာထည့်ပေးလိုက်တော့ အကုန်ဆန့်သွားတာမျိုး၊ မနက်အစောကြီး ကိုယ်တွေအိပ်မက်မက်လို့ ကောင်းနေသေးတဲ့အချိန်မှာ အမေကတော့ မနက်စာတောင် ပြင်ဆင်ပြီးသွားတာ၊ အဝတ်တွေပေါက်ပြဲနေလို့ လွှင့်ပစ်ရတော့မလိုဖြစ်နေတာကို အမေပြင်ပေးလိုက်လို့ ပြန်ဝတ်လို့အဆင်ပြေသွားတာ၊ ကိုယ်ဗိုက်ဆာတတ်တဲ့အချိန်ကို ကြိုသိနေလို့ တစ်ခုမဟုတ် တစ်ခုပြင်ဆင်ထားတတ်တာ အမေတွေပါနော်။ အမေတွေဆိုတာ ကိုယ်တွေအတွက်တော့ တကယ့်ကို super hero တွေပါပဲ။

READ
သမီးရဲ့အနာဂတ်လက်တွဲဖော်အကြောင်း ဖခင်တစ်ယောက်မှ ပေးစာ

Khin

sponsored