သမီးမိန်းကလေး မွေးထားရတဲ့ အမေတစ်ယောက်ရဲ့ ဒီလိုမျိုး ပူပန်မှုတွေ ရှိနေပါတယ် ..

Photo by cottonbro from Pexels
Sponsored

သားသမီးဆိုတာ ဘာလေး ရမယ်ဆိုတာကို မိဘတွေက ကြိုပြီး ရွေးချယ်လို့ ရတာတော့ မဟုတ်ပါဘူး။ တစ်ချို့သော မိဘတွေကတော့ သားယောင်္ကျားလေးက မိဘတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုကို မများစေနိုင်ဘူးဆိုတဲ့ အချက်နဲ့ ယောင်္ကျားလေး မွေးဖွားရတာကို သဘောကျကြပါတယ်။ ဒီလိုပဲ သားသမီးတွေနဲ့ ပတ်သတ်ပြီး အမေတွေက ပိုပြီး ပူပန်တတ်ကြပြီး သမီးမိန်းကလေး မွေးထားရတဲ့ အမျိုးသမီးတွေကတော့ ကိုယ့်သမီးရဲ့ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခုလို စိုးရိမ်မှုတွေ ရှိနေကြရပါတယ်။

(၁) လိင်စော်ကားခံရမှု

Sponsored

မိန်းကလေးချင်းပဲ မိန်းကလေးတွေရဲ့ ခံစားမှုကို ပိုနားလည်ကြတာ သဘာဝ ဖြစ်ပါတယ်။ ကိုယ့်ရဲ့သမီးမှာ ရှိနိုင်တဲ့ အန္တရာယ်ပေါင်းစုံကို အမေတွေက တွေးထားတတ်ကြပါတယ်။ မိန်းကလေးတွေကို လိင်ဆန္ဒအတွက် ပစ်မှတ်ထားပြီး ကျူးလွန်နေတတ်တဲ့ မကောင်းတဲ့ ယောင်္ကျားတွေကြောင့် သမီးမိန်းကလေး မွေးလိုက်တည်းက ယောင်္ကျားလေးတွေကို သံသယနဲ့ စောင့်ကြည့်နေမိတတ်တာ၊ အမြဲ စိုးရိမ်ပြီး မသိမသာနဲ့ အရိပ်တကြည့်ကြည့် ဖြစ်နေရတာ အမေတွေပဲ ဖြစ်ပါတယ်။

patty-photo/Freepik

(၂) မကောင်းတဲ့သူတွေရဲ့ အညာခံရမှု

လောကမှာ လူကောင်းချည်းပဲ ရှိတာ မဟုတ်တာကို ဘဝနဲ့ရင်းပြီး သဘောပေါက်တတ်ကြတာပါ။ အသက်ကြီးတဲ့သူအများစုကတော့ ဒီလို အခြေအနေကို သဘောပေါက်ပြီးသားမို့ ငယ်သူတွေအပေါ် စိတ်ပူတတ်ပါတယ်။ သမီးမိန်းကလေး မွေးထားလို့ ဘယ်သူနဲ့မှ စိတ်ချလက်ချ လွှတ်မထားချင်စိတ်ကလည်း ဒါကြောင့်ပဲ ဖြစ်လာပြီး သမီးဖြစ်သူ သူငယ်ချင်း ထားတဲ့ အရွယ်ရောက်တဲ့အချိန်မှာ အပေါင်းအသင်းမှားမှာ မကောင်းတဲ့သူတွေနဲ့ ကြုံပြီး မဖြစ်သင့်တာတွေ ဖြစ်သွားမှာကိုလည်း အမေဖြစ်သူတွေက အမြဲ စိတ်ပူနေကြရပါသေးတယ်။

READ
မိခင်နဲ့မိခင်လောင်းတွေ စားပေးသင့်တဲ့ အစားအစာများနဲ့ သူတို့ရဲ့ကောင်းကျိုးများ

(၃) အိမ်ထောင်ဖက်ကောင်း မတွေ့မှာ

သားသမီးတွေက အချိန်တန်ရင် သူတို့ စိတ်ဝင်စားပြီး ချစ်တဲ့သူနဲ့ ဆုံပြီး အိမ်ထောင်ပြုသွားကြမှာကို သားသမီး မွေးထားတဲ့ မိဘတိုင်းက မျှော်လင့်ထားမိတတ်ကြပါတယ်။ ဒီ မျှော်လင့်မှုမှာ သူတို့ရဲ့ သမီးက သူ့အပေါ် ကောင်းတဲ့သူကို ဆုံမှာလား စိတ်ညစ်စေမယ့်သူကိုပဲ ရွေးမိမှာလားဆိုတာကို အင်မတန် စိတ်ပူနေတတ်တာကလည်း သူတို့ရဲ့ ပူပန်သောကမှု တစ်ခုပါပဲ။

(၄) ပညာမတတ်မှာ

မိန်းကလေး ဖြစ်ခြင်းက ဘယ်လောက်ထိ အပြောအဆိုခံရလဲဆိုတာ ဘယ်လောက်ထိ ပတ်ဝန်းကျင်းရဲ့ စောင့်ကြည့်ခြင်း ခံရတတ်လဲဆိုတာကို အမေတွေက ပိုပြီး ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် ဘဝမှာ ကောင်းကောင်း သန်သန်မာမာနဲ့ ရပ်တည်နိုင်ဖို့ သမီးဖြစ်သူကို ပညာတွေ တတ်နေစေချင်ပါတယ်။ ပညာတွေတတ်နေတဲ့အခါ မိန်းကလေး ဖြစ်မှုကြောင့် စော်ကားချင်တဲ့သူတွေ နည်းသွားတာကို အမေတွေက ကောင်းကောင်း သိလို့ ဖြစ်ပါတယ်။

READ
ကလေးများကိုရိုက်နှက်ဆုံးမခြင်း၏ ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ
Photo by Giftpundits.com from Pexels

(၅) မလည်မဝယ်ဖြစ်မှာ

မိန်းကလေးတွေကို သားကောင်တွေကို စိတ်အလိုဖြည့်တဲ့အရာတွေလို သဘောထားတဲ့သူတွေ ရှိတာကို အမေတွေက သိနားလည်ကြပါတယ်။ လည်ဝယ်ပြီး ထက်မြက်တဲ့အခါ စိုးရိမ်ပူပန်စရာ နည်းတာကြောင့် အမေတွေက သူတို့ သမီးတွေကို မလည်မဝယ် ဖြစ်နေပြီး သူများတွေရဲ့ အသုံးချခံ၊ အနိုင်ကျင့်စရာ လူတစ်ယောက် ဖြစ်သွားမှာကို စိုးရိမ်တတ်ကြပါတယ်။

(၆) မသမာသူတွေရဲ့ ပစ်မှတ် ဖြစ်သွားမှာ

အန္တရာယ်ဆိုတာ ကြိုမမြင်နိုင်ပါဘူး။ လောကမှာ တွေးလိုက်ရင် အန္တရာယ်တွေ အရမ်းများပေမယ့်လည်း နေ့စဉ် သွားလာ လှုပ်ရှားရတာကိုက လူ့သဘာဝ ဖြစ်နေပါတယ်။ ဒါကြောင့် အန္တရာယ် ကင်းတဲ့ တစ်နေ့တာ ဖြစ်ဖို့ အမေတွေက အမြဲ ဆုတောင်းမိတတ်ပါတယ်။ တစ်ယောက်တည်း အပြင်သွားရင်လည်း အိမ်ကို အသိပေးဖို့နဲ့ ညဘက်တွေ အပြင်မထွက်စေချင်ကြတာက အန္တရာယ် အမျိုးမျိုး ဖြစ်သွားမှာ စိုးရိမ်တဲ့ အမေတွေရဲ့ စိတ်ကြောင့် ဖြစ်ပါတယ်။

Kham

sponsored