ဇာတ်ကားသစ်ရိုက်ဖို့ ဆွေးနွေးနေတဲ့ Moon Ga Young နဲ့ Kim Seon Ho

Image:IG/Moon Ga Young & Kim Seon Ho In
Sponsored

လက်တလော ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေတဲ့ “True Beauty,”  ဇာတ်ကားထဲက မင်းသမီး Moon Ga Young က တော့ နောက်ထပ် ဇာတ်ကား သစ်ရိုက်ဖို့ ကမ်းလှမ်း ခံထားရပါတယ်။tvN ရဲ့ ဇာတ်ကားသစ်မှာ မင်းသား Kim Seon Ho နဲ့ အတူတူ  ပါဝင် ပေး ဖို့ ကမ်းလမ်းခံထားရပါတယ်။ဇန်န၀ါရီ ၁၈ ရက်နေ့ တုန်းက Sports Chosun က နေ အနုပညာလောကမှ အတွင်းသတင်း အရ Moon Ga Young က tvN drama “Link” (ယာယီ ပေးထားတဲ့ နာမည်)မှာ ပါဝင် ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုပြီး ဖော်ပြခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by MUN KA YOUNG (@m_kayoung)

Sponsored

နောက်ပိုင်းမှာတော့ သူမရဲ့ အေဂျင်စီ KeyEast က နေ Moon Ga Young က “Link” ဇာတ်ကားမှာ ပါဝင် သွားဖို့ ကိစ္စ ကို ဆွေးနွေး နေ စဲ ဖြစ် ကြောင်း တုံ့ပြန် ခဲ့ပါတယ်။“Link” က တော့ စိတ်ကူးယဉ် အချစ်ဇာတ်ကား အမျိုးအစားပါ။မိန်းမ တစ်ယောက် ခံစားရတဲ့ ခံစားချက် မျိုး ကို ရုတ် တရက် ကြီး ထပ်တူ ကျ လိုက်ခံစား ခဲ့ရတဲ့ အမျိုးသား တစ်ယောက် ရဲ့ အ ကြောင်းပါ။အဲ့ဒီ အမျိုးသားက အဲ့ဒီ မိန်းကလေး ပျော်ရင် လိုက် ပျော်၊နာကျင်ရင် လိုက်နာကျင် ထပ် တူ ခံစားခဲ့ရပါတယ်။

Moon Ga Young ကို တော့ ဒီကားမှာ Noh Da Hyun ဆိုတဲ့ ကံ ဆိုးသူ မိန်းက လေး နေရာမှာ ပါဝင် ဖို့ ကမ်းလှမ်းထားတာပါ။သူမရဲ့ ဇာတ်ကောင် က တော့ Eun Gye Hoon ဆိုတဲ့ အမျိုးသား နဲ့ တွေ့ ပြီး သူမ တောင် မသိလိုက်၊သူမ ခွင့် မပြု ပေးလိုက် ရပဲ အဲ့ဒီလူနဲ့ ခံစားချက် တွေ မျှ ဝေ ခံစား ခဲ့ရပြီး ကံကြမ္မာ တစ်ခု ကိုပါ အတူ ဝေမျှ ခံစား ခဲ့ ရပါတယ်။

 

View this post on Instagram

 

A post shared by MUN KA YOUNG (@m_kayoung)

လက်ရှိ ယာယီ ပေးထားတဲ့  “Link”  ဆိုတဲ့ နာမည် အတိုင်းပါ။ဒါရိုက်တာက တော့ Noh Sang Hoon ပါ။ဇာတ်ညွှန်းက တော့ Kwon Ki Young ပါ။သူတို့ နှစ်ယောက်ကတော့ “I Remember You.” ဆိုတဲ့ ဇာတ်ကားမှာ အတူတူ ပါဝင် ခဲ့ဖူးပါတယ်။Kim Seon Ho နဲ့ Moon Ga Young  တို့က တော့ JTBC ရဲ့  “Welcome to Waikiki 2,” မှာ လည်း ပါဝင် ခဲ့ဖူးပါတယ်။လက်ရှိမှာတော့ “Link” ဇာတ်ကားထဲက Eun Gye Hoon ဇာတ်ကောင် အတွက် Kim Seon Ho ကို ကမ်းလှမ်းထားပါတယ်။

#auntymay

sponsored