ပိုလှပကောင်းမွန်တဲ့ တစ်နေ့တာကို ပိုင်ဆိုင်ဖို့ သင့် မနက်ခင်းကို ဒီအရာတွေနဲ့ စတင်လိုက်ပါ

shutterstock/ chomplearn
Sponsored

လူတစ်ယောက်ရဲ့ မနက်ခင်းက အဲဒီ့လူရဲ့ တစ်နေ့တာလုံးကို သက်ရောက်မှုရှိတယ်လို့ ပြောတတ်ကြပါတယ်။ ဒါက တကယ့်ကို မှန်ကန်တဲ့ အရာဖြစ်ပြီး မနက်ခင်းမှာ ပြုမူလိုက်တဲ့ အပြုအမူလေးတွေက ကောင်းမွန်တဲ့ တစ်နေ့တာကို ဖြစ်ပေါ်လာစေတတ်ပါတယ်။ ဒီတော့ ပိုမိုကောင်းမွန်တဲ့ နေ့လေးအတွက် မနက်ခင်းကို ဒီအရာလေးတွေနဲ့ စတင်သင့်ပါတယ်။

စောစောထပါ

shutterstock/ PK Studio

စောစောထတတ်တဲ့အကျင့်က သင့်ရဲ့ တစ်နေ့တာကို ဖြတ်သန်းဖို့ အချိန်လုံလောက်စွာ ရရှိစေမှာပါ။ စောစောထတဲ့အခါ ရုံးနောက်ကျမှာကိုလည်း စိတ်ပူနေစရာမလိုသလို၊ ferry မမှီလိုက်မှာ၊ မနက်စာအတွက် ဖြစ်သလို စားလိုက်ရမှာမျိုးတွေ မရှိနိုင်ပါဘူး။ စောစောထခြင်းကို စိတ်ကိုပေါ့ပါးလန်းဆန်းစေပြီး ကိုယ့်အတွက် အေးဆေးတဲ့ တစ်နေ့တာကို ဖြတ်သန်းဖို့ အကောင်းဆုံး အလေ့အကျင့်လေးပါပဲ။

နေ့တိုင်း တူညီတဲ့ အချိန်မှာ အိပ်ရာထပါ

shutterstock/oatawa
Sponsored

ကိုယ့်ရဲ့ အိပ်ရာဝင်မယ့်အချိန်၊ အိပ်ရာထတဲ့ အချိန်တွေကို နေ့တိုင်းတူညီတဲ့ အချိန်မှာ ပြုလုပ်တာက ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နေ့တိုင်း တူညီတဲ့ အချိန်မှာ အိပ်ရာထသင့်ပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို ပိုမြှင့်တင်ပေးပြီး နောက်ဆိုရင် သူ့အလိုလိုကို အဲဒီ့အချိန်မှာ နိုးပြီးသား ဖြစ်နေတတ်ပါတယ်။

READ
သင်မသိသေးတဲ့ နေကြာဆီရဲ့ အသုံးဝင်ပုံနဲ့ အကျိုးကျေးဇူး(၄)ခု

အိပ်ရာထဲမှာ လေ့ကျင့်ခန်း လုပ်ပါ

shutterstock/ TORWAISTUDIO

လေ့ကျင့်ခန်းကို တကူးတက အချိန်ပေးပြီး မလုပ်ချင်တဲ့သူတွေအနေနဲ့ အိပ်ရာထဲမှာပဲ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ အချိန်ခဏလေးပေးပြီး တရားထိုင်တာ၊ အကြောလျော့တာနဲ့ တစ်ခြားသော လေ့ကျင့်ခန်းတွေ လုပ်ခြင်းက သင့်စိတ်ကို ပေါ့ပါးလန်းဆန်းစေမှာပါနော်။

မနက်စာ စားပါ

shutterstock/ Dean Drobot

မနက်စာဆိုတာ လူတစ်ယောက်ရဲ့ အရေးကြီးပြီး မစားပဲ မနေသင့်ပါဘူး။ ဒီတော့ မနက်ဘက်မှာ မနက်စာတော့ ဖြစ်အောင် စားသင့်ပါတယ်။ မနက်စာစားခြင်းက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ပိုကောင်းမွန်စေပြီးတော့ ဦးနှောက်ရဲ့ စွမ်းအားတွေကို တိုးမြှင့်ပေးပါတယ်။ ဒါက သင့်တစ်နေ့တာကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ အားအင်တွေ ရရှိစေမှာပါ။

Khin

 

sponsored