အသားအရေအရမ်းကောင်းတဲ့လူတွေ မနက်တိုင်းပြုလုပ်နေကြတဲ့အရာ (၅) ခု

Freepik- kitthanes
Sponsored

သူများတွေများကြည့်လိုက်ရင် မျက်နှာအသားအရေလေးက နူးညံ့ချောမွတ်ဝင်းပလို့ဆိုပြီး အားကျရတဲ့အဖြစ်မျိုး ကြုံဖူးကြတယ်မဟုတ်လား။ နဂိုကိုမှ အသားအရေကောင်းတဲ့လူတွေရှိပေမယ့်လို့ အသားအရေကောင်းအောင် lifestyle တစ်ခုလုံး စည်းစနစ်ကျကျသွားနေတဲ့လူတွေလည်းရှိနေပါတယ်။ ဒါဆိုရင် အဲဒီလူတွေ မနက်တိုင်း အသားအရေကောင်းအောင် ဘယ်လိုတွေ လုပ်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်နှာသစ်ဆေးရွေးချယ်မှု

Sponsored

မနက်ပိုင်းဟာ ညပိုင်းမျက်နှာသစ်တာလောက် သိပ်ပြီး ဂျေးဖုန်တွေ မများတဲ့အတွက်ကြောင့် မလိုအပ်ဘဲ အားပြင်းတဲ့ မျက်နှာသစ်ဆေးတွေကို မသုံးဘဲ ပျော့တဲ့မျက်နှာသစ်ဆေးကိုပဲ အသုံးပြုပါတယ်။

Freepik- press foto

(၂) နေရောင်ကိုကြောက်ကြတယ်

မနက်မိုးလင်းတာနဲ့ နေရောင်ကာခရင်ကို လိမ်းလေ့ရှိကြပါတယ်။ အပြင်သွားမှမဟုတ်ဘဲ တီဗီ၊ ဖုန်းနဲ့ လက်ပ်တော့မှလည်း အသားအရေပျက်စီးနိုင်တဲ့ ရောင်ခြည်တွေ ထွက်တတ်တာကြောင့် နေရာင်ကာခရင်ကို မနက်မိုးလင်းတာနဲ့ လိမ်းပေးသင့်ပါတယ်။

Freepik- wayhomestudio

(၃) ဝက်ခြံဆို မညှစ်ကြဘူး

ဝက်ခြံကိုညှစ်ခြင်းဟာ အသားအရေရဲ့ အပေါ်ယံအလွှာကို ပျက်ဆီးစေတဲ့အပြင် အတွင်းပိုင်းချွေးပေါက်ကိုပါ ယောင်ယေမ်းစေပါတယ်။ ဒီအပြင် ဝက်ခြံအဆံထွက်ပြီးနောက်မှာလည်း အမာရွတ်ကျန်နိုင်တာကြောင့် အသားအရေဂရုစိုက်တဲ့လူတွေကတော့ ဝက်ခြံကိုမညှစ်ထုတ်တတ်ကြပါဘူးတဲ့။

READ
အဆီပြန်သော အသားအရည်များအတွက် အကောင်းမွန်ဆုံး နည်းလမ်း (၂) မျိုး
Freepik- drobotdean

(၄) ရေသောက်တယ်

မနက်မိုးလင်းတိုင်း ဝမ်းထဲက အပူအပုတ်တွေ ကျဆင်းစေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရေဓာတ်ပြည့်ဝနေအောင် ရေကို တစ်လီတာကုန်အောင် အမြဲသောက်လေ့ရှိပါတယ်။ တစ်နေ့လုံးလည်း ရေကို ၃ လီတာမှ ၄ လီတာအထိ သောက်လေ့ရှိပါတယ်။

shutterstock/KatyaPulina

(၅) မနက်စာကို အရောင်စုံအောင်စားတယ်

မနက်စာစားတဲ့အခါ ဆီးများလွန်းတဲ့ အသုပ်တွေနဲ့ ဆီကြော်တွေကို ရှောင်ရှားပြီး အရောင်စုံစေတဲ့ အသီးအနှံ၊ အသီးအရွက်တွေနဲ့ ပရိုတင်းပါတဲ့အစားအသောက်တွေကိုပဲ စားသုံးပါတယ်တဲ့။

penny

sponsored