ရာသီခွင်တစ်ခုချင်းစီပေါ်လိုက်ပြီး လူတစ်ယောက်စီတိုင်းမှာ မတူညီတဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေရှိနေပါတယ်။ ဒီတော့ ဒီတစ်ခေါက်မှာ Aunty May ပရိတ်သတ်ကြီးအတွက် ရာသီခွင်တစ်ခုချင်းစီပေါ်လိုက်ပြီး စိတ်ပျက်ဖို့ အကောင်းဆုံးဆိုတဲ့ အကျင့်စရိုက်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ကိုယ်နဲ့ တူနေမလားဆိုတာ ဆက်ဖတ်ကြည့်ပေးပါဦးနော်။
Aries: မတ်လ ၂၁ မှ ဧပြီလ ၁၉ ရက်နေ့ထိ
Aries တွေရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ အကျင့်ကိုပြောပါဆိုရင်တော့ သူများတကာကို အရမ်းဆရာလုပ်တာပါပဲ။ “တွေ့လား၊ ငါပြောသားပဲ”၊”ငါထင်သားပဲ” စတဲ့စကားတွေနဲ့ ရေနစ်သူကိုဝါးကူထိုးတဲ့နေရာမှာ ဆရာကြီးတွေပါပဲတဲ့။
Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ
စပ်စလူးနတ်ပူးလေးတွေဆိုရင်တော့ Taurus တွေပါပဲ။ ဘာလုပ်လုပ်အမြဲတမ်း လျှောမွှေးလေးတွေမလို့ ချစ်ဖို့ကောင်းပေမယ့် တစ်ချို့ကိစ္စတွေမှာတော့ လွဲချော်မှုတွေကြောင့် တော်တော်လေး စိတ်ပျက်ဖို့ ကောင်းလှနေပါတယ်။
Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ
အရမ်း moody ဖြစ်တဲ့ ရာသီခွင်ပေါ့။ မနက်ခင်းဆိုပိုဆိုးတယ်။ လူတွေက သူတို့ရဲ့ စိတ်ခံစားချက်ကိုပဲ အမြဲတမ်း လိုက်ကြည့်ပြီး နေနေရလို့ စိတ်လည်း တော်တော် ပျက်နေကြပါပြီတဲ့။

Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ
ဘယ်တော့မှဆုံးဖြတ်ချက်မပျက်သားတဲ့ ရာသီခွင်ကိုပြောပါဆိုရင် Cancer တွေပဲ။ အခုတစ်မျိုး တော်ကြာတစ်မျိုး၊ ဟော.. နောက်ခဏနေရင် နောက်တစ်မျိုးဆိုတာ သူတို့။
Leo: ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၂ ရက်နေ့ထိ
ဂုဏ်ဆာလွန်းပြီးတော့ ကိုယ့်ကိုယ်ကို အမွှန်းတင်လွန်းလို့ သူများတွေရဲ့ မျက်စိဆံပင်မွှေးစူးခြင်းကို ခံနေရတဲ့ ရာသီခွင်ပါ။
Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ
တကယ့်ကိုမှ ဇီဇာကြောင်နိုင်လွန်းသော လူသားလေးတွေပါပဲ။ ကိစ္စသေးသေးလေးကအစ အကြီးကြီးအဆုံး သူတို့ရဲ့ ဇီဇာလိုက်ကြောင်နေလို့ကို မဆုံးပါဘူး။ အမြဲတမ်း ကိုယ်လုပ်မှ အဟုတ်ကလည်း ထင်တတ်သေး။

Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ
အချစ်ရူးလေးတွေပေါ့။ Libra တွေက တကယ့် မေတ္တာရှင်လေးတွေပဲ။ သူုတို့မေတ္တာရှိတဲ့လူအတွက်ဆိုရင် ဘယ်လောက်ပဲ အနစ်နာခံရခံရ ပင်ပမ်းတယ်လို့ကိုမရှိဘူး။ ဒါတွေကြောင့်ပဲ ဘေးလူတွေက သူတို့ကို အမြင်ကတ်ပြီး ပစ်ထားတတ်ကြတာတဲ့လေ။
Scorpio: အေက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ
ပြဿနာဘယ်လောက်ကြီးပဲ တက်နေတက်နေ အရမ်း အနေစိမ့်တဲ့ ရာသီခွင်တစ်ခုပါပဲ။ သူများတွေက ခေါင်းမီးတောက်နေလည်း သူကတော့ အေးဆေး၊ မဆိုင်သလိုနေနိုင်လွန်းသူတွေပါ။
Sagittarius: နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ
ပစ္စည်းဆိုလည်း ဖွရမှကျေနပ်၊ ပြဿနာဆိုလည်း မီးထွန်းရှာရမှကျေနပ်တဲ့လူတွေ။ ပြီးရင် သူတို့ရှင်းနိုင်လားဆိုတော့လည်း မရှင်းနိုင်။ ဘေးကလူတွေကို အပူကပ်လွန်းလို့ Sagittarius တွေဆို ဝေါင်ဝေါင်ရှေးပါနော်။

Capricorn Dates: ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့ထိ
ဂုန်းအဆင်းဆုံး ရာသီခွင်ဖြစ်တာကြောင့် မိသားစုဝင်ချင်းတောင် ပယ်ထားချင်တဲ့သဘောမှာရှိနေပါတယ်။
Aquarius: ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ
လုံးဝမယုံကြည်ရ၊ နှုတ်မလုံတဲ့အတွက်ကြောင့် သင့်ကိုဆိုရင် လူတွေက စကားတောင်မပြောချင်ကြပါဘူးတဲ့။ ဒီအကျင့်လေးတော့ ပြင်လိုက်ပါနော်။
Pisces: ဖေဖော်ဝွရီ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ
အနေအထိုင်ကလည်း မသပ်မရပ်၊ ညစ်တီးညစ်ပတ်နဲ့မလို့ သင့်ကိုကြည့်တိုင်း လူတွေဟာ စိတ်ပျက်တတ်ကြပါတယ်။
penny