မြောက်ကိုရီးယားကနေ ရင်ထိတ်ဖွယ်ရာ ထွက်ပြေး လွတ်မြောက်လာခဲ့ကြသူများ

Sponsored

မြောက်ကိုရီးယားမှာနေထိုင်သူတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဖိနှိပ်မှုတွေကနေလွတ်မြောက်ဖို့အတွက် သူတို့နိုင်ငံကနေ ထွက်ပြေးဖို့ကြိုးစားကြပါတယ်။ မြောက်ကိုရီးယားလို အာဏာရှင်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် ကြိုးစားရင်း အချို့ကလည်း အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်ခဲ့ကြသလို အချို့ကလည်း မြောက်ကိုရီးယားနိုင်ငံအတွင်းမှာပဲ ဆက်ပြီးတော့ ပိတ်မိနေဆဲဖြစ်ပါတယ်။ ဒီကနေ့မှာတော မြောက်ကိုရီးယားကနေရင်ထိတ်ဖွယ်ရာ လွတ်မြောက်လာကြတဲ့ သူတွေရဲ့ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ လွတ်လပ်မှုကို လိုချင်လို့ ပင်လယ်ကြီးကို ဖြတ်သန်းလာသူ

မြောက်ကိုရီးယားလူမျိုးတစ်ယောက်ဟာ တောင်ကိုရီးယားကို ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် တာယာ အစုတ်တစ်ခုကို ကိုင်ပြီး (၆)နာရီကြာ ပင်လယ်ကနေ ကူးခတ်လွတ်ေ်မြာက်ခဲ့ပါတယ်။

၂။ မြေအောက်လှိုဏ်ဂူကနေ ထွက်ပြေးလွတ်မြောက်လာသူ

Sponsored

မြောက်ကိုရီးယာနိုင်ငံကနေ တောင်ကိုရီးယားကို ကျူးကျော်ဝင်ရောက်ဖို့အတွက် တည်ဆောက်ထားတဲ့ မြေအောက်လှိုဏ်ဂူကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ မြောက်ကိုရီးယားတစ်ဦးလည်း ရှိခဲဖူးပါတယ်။

၃။မြောက်ကိုရီးယား သူလျှိ

Won Jeong Hwa ကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ စပိုင်တစ်ယောက်ဖြစ်ပြီး တောင်ကိုရီးယားလူမျိုးတွေကို ပြန်ပေးဆွဲတဲ့ အမှုတွေမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေကို ဖြားယောင်းပြီး သတင်းအချက်အလက်တွေကို ခိုးယူခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူလျှိုတစ်ယောက်ဖြစ်လာဖို့အတွက် ငယ်ငယ်တည်းက လေ့ကျင့်မှုတွေအများကြီး ရှိခဲ့တယ်လို့လည်း သူမက ပြောပြခဲ့ပါတယ်။ သူမဟာ(၂၀၀၈)ခုနှစ်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် တောင်ကိုရီးယားမှာ (၅)နှစ်ထောင်ကျခဲ့ပါတယ်။ အဲဒီကတည်းက သူမဟာ တောင်ကိုရီးယားမှာ အခုအချိန်အထိ နေထိုင်လျက်ရှိပါတယ်။

READ
အပျင်းကြီးတဲ့သူတွေသာ ရနိုင်မယ့် အံ့သြစရာအကျိုးရလဒ်(၅)မျိုး

၎။ နှစ်ကြိမ်တိုင်တိုင် ထွက်ပြေးဖို့ကြိုးစားခဲ့သူ

မြောက်ကိုရီးယားရဲ့  အစာရေစာငတ်ပြတ်နေတဲ့ အချိန်မှာ ခက်ခဲစွာနေထိုင်လာခဲ့ရတဲ့ Kim Pil Ju ဟာ သူရဲ့ သူငယ်ချင်းသေဆုံးတာကို အတင်းအဓမ္မစေခိုင်းပြီး ကြည့်ခိုင်းခြင်းခံခဲ့ရပါတယ်။  ပထွေးနှိပ်စက်ခြင်းကို ခံခဲ့ရပြီးနောက်မှာတော့ မိခင်နဲအတူ တရုတ်ပြည်ကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမဲ့လည်း တရုတ်ပြည်မှာအဖမ်းခံရပြီး မြောက်ကိုရီးယားကို ပြန်ရောက်လာခဲ့ပါတယ်။ ဒုတိယအကြိမ် တရုတ်ပြည်ကို ထွက်ပြေးလာတဲ့အခါမှာလည်း အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကိုပြန်လာတဲ့လမ်းမှာ ပုံးခိုစရာနေရာတွေ့ရှိပြီး နောက်ဆုံးမှာတော့ သူလည်း ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

၅။  စစ်အရာရှိနှစ်ဦးကို သတ်ပြီး လွတ်မြောက်လာတဲ့ မြောက်ကိုရီးယားစစ်သား

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနယ်စပ်မှာ တာဝန်ကျပြီး ကင်းစောင့်နေတဲ့ မြောက်ကိုရီးယားစစ်သားကောင်လေးကတော့ သူရဲ့ စစ်အရာရှိနှစ်ဦးကို သတ်ပြီး နယ်စပ်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ တောင်ကိုရီးယားဘက်နယ်စပ်မှာ ရှိနေတဲ့ တောင်ကိုရီးယားစစ်သားတွေဟာ သေနတ်သံ(၆)ချက်ကို ကြားပြီးနောက် တစ်စုံတစ်ယောက်က ချဉ်းကပ်လာနေပြီဆိုတာကို သတိထားမိလိုက်ပါတယ်။ စစ်သားတစ်ဦးကတော့ မြောက်ကိုရီးယားက ထွက်ပြေးလာခဲ့တဲ့ ကောင်လေးဟာ ကျောင်းသားအရွယ်လောက်သာ ရှိသေးပြီး ဘာလက်နက်မှ ကိုင်ဆောင်လာခြင်းမရှိပဲ တောင်ကိုရီးယား စစ်သားတွေ ရှိတဲ့ဆီကို ပြေးဝင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

READ
အပြာကားသရုပ်ဆောင်ဘဝကနေ ကမ္ဘာကျော်ဖြစ်လာကြတဲ့ အနုပညာရှင် (၅) ဦး

Source: Koreaboo

sponsored