အူတက်အောင် ရယ်ရတဲ့ ကိုရီးယား ဇာတ်ကား(၄)ကား

Image:twitter/netflix & @n3omah3
Sponsored

ကိုရီးယား ဒရမ်မာဇာတ်ကားကောင်းတွေ အများကြီးရှိပါတယ်။အဲ့ဒီအ ထဲကမှ ဘယ် အချိန် ပဲ ကြည့်ကြည့် ကြတဲ့ သူကို အူတက် အောင် ရယ်ရတဲ့ ဇာတ်ကားကောင်းလေးတွေ နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ စိတ်ညစ် နေတဲ့အချိန်၊စိတ် မကြည်တဲ့ အချိန် မျိုးတွေ မှာတော့ ၀မ်းနည်းစရာ ၊စိတ်ညစ်စရာ၊ကြောက် စရာ ကောင်းတဲ့ ဇာတ်ကား မျိုးထက် ဒီလို ဇာတ်ကား ကောင်းလေးတွေကို ကြည့်တာက ဘ၀ အ မော တွေကို ပြေ စေ ပါတယ်။

Welcome to Waikiki 2

Sponsored

Welcome to Waikiki မှာလည်း (1)နဲ့ (2)ရှိပေမယ့် 2 ကို ပိုပြီး သ ဘောကျ တာ ကြောင့် (2) ကို ညွှန်း ပေးချင်ပါတယ်။ကိုရီးယားဇာတ်ကားတွေကို ကြိုက်တဲ့ ပရိသတ်တွေ ဆိုရင် တော့ ဒီကားကို ကြည့်ဖူး ကောင်း ကြည့် ဖူးမှာပါ။ဒီကားက တော့ (၂၀၁၉) TV စီးရီးဖြစ်ပြီး (၂၀၁၈)တုန်းက Welcome to Waikiki ရဲ့ အဆက်ပါ။ တော် တော် လေး ရယ်ရပါတယ်။ဒီဇာတ်ကားမှာတော့ Lee Yi-kyung, Kim Seon-ho, Shin Hyun-soo, Moon Ga-young, Ahn So-hee နဲ့  Kim Ye-won တို့ ပါဝင်ထားပါတယ်။လူငယ်ဆန်ဆန် ပေါ့ပေါ့ ပါးပါး ဇာတ်ကားလေးပါ။

READ
အိပ်ဆေးတွေ အလွန်အကျွံသောက်လို့ ဆေးရုံတင်လိုက်ရတဲ့ Shim Eun Ha

Potato Star 2013QR3

ဒီကားလေးလဲ တော် တော် လေးကို ရယ်ရပါတယ်။ဟာသ ဆန် ဆန် ပျော်စရာ အလွဲ လေးတွေ က ကြည့်တဲ့ သူတွေကို ရယ် ရ အောင် လုပ် ပေးနိုင်ပါတယ်။(၂၀၁၃) စက်တင်ဘာ မှာ စလွှင့်ပြီး (၂၀၁၄) မေ မှာ ပြသ ပြီးခဲ့တဲ့ ဇာတ်ကားပါ။ Noh မိသားစုနဲ့ သူတို့ အိမ် နီးချင်းတွေ ရဲ့ ပျော်စရာ ကောင်းတဲ့ ဘ၀ အ ကြောင်းလေးတွေပါ။မင်းသမီးချော Seo Ye-ji လည်း ပါဝင်ထားတဲ့ ဇာတ်ကားလေးပါ။

The Sound of Your Heart

ဒီဇာတ်ကားကလည်း မိသားစု ဇာတ်ကားလေးပါ။အရမ်းကို ရယ်ရပါတယ်။Running Man ပရိသတ်တွေ ကို  ရယ်ရ အောင် အမြဲ လုပ် ပေးနေတဲ့ Lee Kwang-soo ပါဝင်ထားတဲ့ ဟာသ ဇာတ်ကား မို့  ရယ်ချင်တယ်၊ ပျော် ချင် တယ် ဆိုရင်ေ တာ့ သေချာ ပေါက် ကြည့်သင့်တဲ့ ဇာတ်ကားပါ။တမင်ကြီး လုပ်ယူ ပြီး ကလိ ထိုး ရယ်ခိုင်း တဲ့ ဇာတ်ကားမျိုး မဟုတ်ပဲ အရမ်းရယ်ရတဲ့ Sitcom ဇာတ်ကားပါ။

READ
Bit Hit Entertainment ကဖော်ပြခဲ့တဲ့ အနုပညာမိသားစုဓာတ်ပုံလေးများ

High Kick!

High Kick! မှာလည်း Season တွေ အများကြီးရှိပေမယ့် (1) ကိုတော့ အကြိုက်ဆုံး ၊အရယ်ရ ဆုံးပါ။ဇာတ်ကား ထဲက ဗီဒီယိုဖိုင် အတို လေးတွေကို အွန်လိုင်းပေါ်မှာ ဖြတ်ပြီး တင်တာတွေ ရှိပါတယ်။အတို လေးတွေနဲ့ တင် တော် တော် လေးကို ရယ်ရပါတယ်။မိသားစုတွေ ကြားက ဖြစ်တတ်တဲ့ သ ဘော၊သဘာဝ လေးတွေကို ဟာသ မြောက် အောင် ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ရယ်ချင်တယ်ဆိုရင် တော့ ဒီဇာတ်ကားကို ကြည့်ပါ။တ၀ါးဝါး တဟားဟားနဲ့ကို ရယ်ရတဲ့ ဇာတ်ကားပါ။

#AUNTYMAY

sponsored