ဒီ ရာသီခွင် (၅) ခုထဲက တစ်ခုခုနဲ့ချစ်သူဖြစ်နေပြီဆိုရင် အသည်းခွဲခံရနိုင်တာမလို့ သတိထားပါ

Freepik- oundum101
Sponsored

ရာသီခွင်တွေပေါ် အခြေခံပြီးတော့ အသည်းခွဲဖို့ ရာခိုင်နှုန်းအများဆုံးဆိုတဲ့ ရာသီခွင်ကိုတွေကို ဖော်ပြပေးသွားမှာပါ။ တကယ်လို့ သင့်အနေနဲ့ ဒီလိုရာသီခွင်တွေနဲ့ ချစ်သူတော်ထားရပြီဆိုရင်တော့ သတိထားလိုက်ပါတော့နော်။

Sagittarius – နိုဝင်ဘာ ၂၂ ရက် မှ ဒီဇင်ဘာ ၂၁ ရက်

Sponsored

သူတို့က လွတ်လပ်မှုကို လိုလားတယ်၊ ပြင်းရိငြီးငွေ့တာတွေကို မကြိုက်ဘူး စတာတွေကြောင့် ရည်ရှည် အချစ်ရေးမှာ သူတို့တွေဟာ မတည်မြဲတတ်ကြပါဘူး။ ဒါဟာ သူတို့ရဲ့ သဘာဝအကျင့်ပဲဖြစ်တာကြောင့် ပြောင်းလဲလို့မရပါဘူး။

Freepik- wayhomestudio

Aquarius – ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်

Aquarius တွေက စိတ်ကစားတတ်တဲ့အကျင့်တွေရှိနေတာကြောင့် လူတစ်ယောက်တည်းကိုပဲ အတည်တကျချစ်ဖို့အတွက်မဖြစ်နိုင်ပါဘူး။ Relationship မှာ မတည်မြဲတာဟာလည်း သူတို့တွေရဲ့ သစ္စာမရှိမှုတွေကြောင့် အများကြီးပါဝင်နေပါတယ်။ နောက်တစ်ယောက်နဲ့ အတည်တွဲလိုက်ဆိုတော့လည်း မဟုတ်ဘဲ ချစ်သူထားပြီးတော့ တခြားလူတွေကို သွားသွားပြီး အီစီကလီလုပ်တာမျိုးပါ။

READ
ဘောလုံးသမား Son Heung Mi နဲ့ Jisoo ရဲ့ အချစ်ရေးကောလာဟလ ထွက်ပေါ်

Leo – ဇူလိုင် ၂၃ ရက်မှ သြဂုတ်လ ၂၂

သူတို့တွေက သင့်ကို အပြည့်အဝထိန်းချုပ်ချင်ကြတယ်၊ တစ်ကိုယ်ကောင်းဆန်စွာပဲ သူတို့ကို ဦးစားမပေးဘူးဆိုရင် အဲဒီလူကို ငြိုငြင်လာတတ်ကြပါတယ်တဲ့။ ဒါကြောင့် သူတို့လိုချင်သလိုသာ ချစ်သူက လိုက်မလုပ်ပေးနိုင်ဘူးဆိုရင်တော့ အဲဒီလူကို ဖြတ်ကြတာပါပဲ။

Freepik- oundum101

Taurus – ဧပြီလ ၂၀ မှ မေ ၂၀

သူတို့ဟာ အချစ်ရေးထက် အနာဂတ်ရှေ့ရေးနဲ့ အလုပ်ကိစ္စတွေကို ဦးစားပေးတတ်ကြတဲ့လူမျိုးတွေပါ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အချစ်ရေးက ကန့်လန့်ကန့်လန့်လုပ်တော့မယ်ဆိုရင်တော့ သူတို့လမ်းခွဲဖို့အတွက် မတွန့်ဆုတ်တော့ပါဘူးတဲ့။

Virgo- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ 

Virgo တွေကတော့ ဒီအုပ်စုထဲမှာ အသည်းခွဲဖို့ ရာခိုင်နှုန်းအနည်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ သဘာဝအလျောက် attention လိုချင်ကြတဲ့အတွက်ကြောင့် သူတို့ကို attention မပေးတာနဲ့ကို စိုးရိမ်စိတ်တွေဝင်လာပြီးတော့ စိတ်ဆင်းရဲကာ လမ်းခွဲတတ်ကြတော့တာပါတဲ့။

READ
ဝက်ခြံဖုတွေကို အမြန်ဆုံး ပျောက်ကင်း သက်သာစေနိုင်တဲ့ အိမ်တွင်းကုထုံးလေးများ
Freepik- shutter2u

penny

sponsored