ချစ်သူကိုအရိုးသားဆုံးချစ်တတ်ပြီး သစ္စာအရှိဆုံးရာသီခွင် (၃) မျိုး

shutterstock/ViChizh
Sponsored

လူတစ်ယောက် သစ္စာရှိမရှိဆိုတာ အပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရသလို၊ အချိန်တိုအတွင်းမှာလည်း မသိနိုင်ပါဘူး။ အချိန်တွေအကြာကြီးဖြတ်သန်းပြီးမှ သစ္စာရှိ၊ မရှိသိနိုင်တာပါ။တစ်ယောက်နဲ့တစ်ယောက် နဂိုဗီဇအရ စိတ်ချင်းမတူကြပေမယ့် နက္ခတ်ပညာအရတော့ သစ္စာအရှိဆုံးလက်တွဲဖော်တွေလို့သတ်မှတ်ရမယ့်သူတွေကတော့ ဒီရာသီဖွားတွေပဲဖြစ်ပါတယ်။

Scorpio (Oct 23 – Nov 21)

google/freepik

ဗြိစ္ဆာရာသီဖွားတွေက ချစ်သူကို အရိုးသားဆုံးနဲ့အကောင်းဆုံးချစ်တတ်သူတွေဖြစ်ပြီး သူတို့ချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင်ထားတတ်သူတွေဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူတစ်ယောက်တည်းအတွက်ပဲ စဉ်းစားပေးတတ်ပြီး ချစ်သူအပေါ်ဘယ်တော့မှ သစ္စာမဖောက်မယ့်သူလေးတွေဖြစ်ကြပါတယ်။

Taurus ( Apr 21- May 20)

Sponsored

ပြိဿတွေက ခေါင်းမာတတ်တဲ့သဘာဝရှိပြီး သူတို့စိတ်ထဲယုံကြည်တဲ့အရာကိုစွဲစွဲမြဲမြဲလုပ်တတ်တဲ့သဘောရှိပါတယ်။ ဒီအကျင့်၊ ဒီစိတ်ကပဲ သူတို့ကိုသစ္စာရှိတဲ့သူတွေဖြစ်စေတာပါ။

Capricorn ( Dec 20 – Jan 19)

freepik by freepik

မကာရရာသီဖွားတွေက ချစ်သူကိုအဖက်ဖက်ကတိုးတက်အောင်ထောက်ပံ့ပေးတတ်သူတွေ၊ ကိုယ်ချစ်တဲ့သူပျော်ရွှင်အောင်ထားဖို့ အမြဲကြိုးစားပေးတတ်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့လက်တွဲဖော်နဲ့ပတ်သက်လို့ အပြစ်မြင်တာထက် အကောင်းမြင်တာပိုများပြီး ချစ်သူရှိရက်နဲ့တခြားတစ်ယောက်အပေါ်စိတ်ဝင်စားတာမျိုး မရှိတတ်သူတွေ၊ သစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။

READ
သိရင်အံ့သြသွားမယ့် မိန်းကလေးတွေလုပ်တတ်ကြတဲ့ ထူးထူးဆန်းဆန်းအပြုအမူ (၁၁)မျိုး

RAY

sponsored