ကမ္ဘာပေါ်က အမေတိုင်းမှာရှိတဲ့ တူညီတဲ့အချက်များ

shutterstock/Martin Novak
Sponsored

အမေဆိုတာ လူတိုင်းအတွက်တော့ hero တစ်ယောက်ပါပဲနော်။ ကိုယ့်အပေါ် စစ်မှန်တဲ့ မေတ္တာတွေနဲ့ အချစ်နိုင်ဆုံး၊ အနွံတာခံနိုင်ဆုံး၊ အပြစ်မမြင်တတ်ဆုံး၊ ဂရုအစိုက်ဆုံး လူသားက အမေပဲ ရှိပါတယ်။ အမေတိုင်းက သားသမီးတွေအပေါ် သူတို့တစ်ဘဝလုံးနဲ့ရင်းပြီး ပြုစုပျိုးထောင်လာခဲ့ကြပြီးတော့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးပစ်တတ်ကြပါတယ်။ ကိုယ့်အတွက်တော့ အမေဆိုတာ ဒီအချက်တွေနဲ့ ပြည့်စုံနေတဲ့အတွက် ကိုယ့်ဘဝအတွက် hero တစ်ယောက် ဖြစ်လာခဲ့စေတာပါပဲ။

ဘယ်တော့မှ မဝေဖန်တတ်ဘူး

shutterstock/Claudia K

အမေဆိုတာ သားသမီးတွေ ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ ကိုယ့်သားသမီးဘက်ကပဲ ရပ်တည်ပြီး ကာကွယ်ပေးမယ့် သူမျိုးပါ။ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုပြသနာတွေပဲ ယူဆောင်လာခဲ့ပါစေ ဝေဖန်မှုတွေမပါပဲ အကောင်းဆုံး အားပေးနှစ်သိမ့်တတ်သူပဲ မဟုတ်လား။ ကို်ယ့်ရဲ့ခံစားချက်တိုင်းကို နားထောင်ပေးပြီး ကိုယ်အားရပါးရ ငိုကြွေးလို့ရတဲ့ ရင်ခွင်တစ်ခုလည်း ဖြစ်ပါတယ်။

တစ်ကိုယ်ကောင်း မဆန်ဆုံး လူသား

Sponsored

ဒီလောကကြီးထဲမှာ တစ်ကိုယ်ကောင်းမဆန်ဆုံး လူသားကို ပြပါဆိုရင် ဒါဟာ အမေပဲ ဖြစ်မှာပါ။ မိသားစုအတွက်ပဲ အချိန်တွေကုန်ရင်း၊ သားသမီးတွေအတွက်ပဲ ဦးစားပေးရင်း ကိုယ့်အတွက်ကို မေ့လျော့နေတတ်ကြသူတွေပါနော်။ တစ်ကိုယ်ကောင်းဆန်မှုဆိုတာ ဘာမှန်းမသိတဲ့ အမေတွေဟာ အနစ်နာခံခြင်းဆိုတာကိုတော့ ကောင်းကောင်းနားလည်တတ်ကြသူတွေပါ။ ဒီလို တစ်ကိုယ်ကောင်းမဆန်တတ်ဆုံး လူသားဖြစ်တဲ့ အမေကတော့ ကိုယ့်ဘဝရဲ့ hero တစ်ယောက်ပါပဲ။

READ
ကလေးတွေနဲ့ပတ်သက်လို့ မေမေတို့ စွန့်လွှတ်သင့်နေပြီဖြစ်တဲ့ အယူအဆဟောင်း (၇)ခု

ကြင်နာပြီး နွေးထွေးစစ်မှန်တဲ့ မေတ္တာတွေအတွက်

shutterstock/Rawpixel.com

အမေရဲ့ မေတ္တာဆိုတာ အနားမှာမရှိရင်တောင် ခံစားနိုင်စွမ်းရှိတဲ့ အားကောင်းတဲ့ မေတ္တာဓာတ်တွေပဲ ဖြစ်ပါတယ်။ ဟိုးအဝေးမှာရောက်နေရင်တောင် ထမင်းမှန်မှန်စား၊ ညနက်တဲ့အထိ မနေနဲ့၊ အိမ်ပြန်ရောက်ပြီလားဆိုတဲ့ စကားလုံးတွေထဲမှာ ခံစားမိနိုင်ပါတယ်။ နေမကောင်းဘူးဆိုတာနဲ့ အမေ့ကို တမ်းတတတ်တာဟာလည်း ကိုယ့်အပေါ် အနွေးထွေးနိုင်ဆုံးနဲ့ ဂရုအစိုက်နိုင်ဆုံး သူကို ရှာမိတာပဲ မဟုတ်လား။ ဒီလို စစ်မှန်နွေးထွေးစွာ ကြင်နာတတ်တဲ့ အမေက ကိုယ့်ဘဝရဲ့ သူရဲကောင်းတစ်ယောက်ပါ။

လမ်းမှန်ကို အမြဲ ပြသပေးလို့

ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ဖို့ နည်းပေးလမ်းပြပေးခဲ့တာက အမေပါ။ ဘယ်လိုလုပ်ရပ်တွေက ဆိုးဝါးတယ်၊ ဘာတွေက မှန်ကန်တယ်ဆိုတာကို ငယ်ငယ်ကတည်းက သင်ပြပေးပြီး ထက်ထက်မြက်မြက်ကြီးပြင်းစေခဲ့တဲ့ အမေက ဘဝရဲ့ လက်ဦးဆရာ ပါပဲ။ ဒါတွေကပဲ ကိုယ့်ဘဝမှာ အထောက်အကူတွေ အများကြီးရပြီး လူဝင်ဆန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

READ
ချုပ်ချယ်လွန်းတဲ့မိသားစုမှာ ကြီးပြင်းလာရသူတွေမှန်း သိသာစေမယ့် လက္ခဏာ(၅)မျိုး

လုပ်ရပ်တိုင်းက အတုယူသင့်နေလို့

shutterstock/Krakenimages.com

အမေရဲ့ နေထိုင်ပုံတွေ၊ စိတ်ထားတွေ၊ အိမ်မှုကိစ္စနိုင်နင်းပုံတွေ၊ သူတစ်ပါးအပေါ် ကြင်နာတတ်မှုတွေ၊ မိသားစုအပေါ် ချစ်ခင်တတ်မှုတွေအားလုံးက အတုယူစရာ ကောင်းနေပါတယ်။ နောက်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ ဘဝကို အကောင်းဆုံး ရင်တိုင်တတ်တဲ့ စိတ်ထားတွေ၊ အခက်အခဲတိုင်းကို ဖြေရှင်းပုံနည်းလမ်းတွေက တကယ့်ကို အတုယူသင့်ပါတယ်။ ဒါတွေကို သင်ယူရင်း ကြီးပြင်းဖို့ကတော့ ကိုယ့်တာဝန်ဖြစ်ပြီးတော့ ကိုယ့်ဘဝရဲ့ အလင်းရောင်ကို ဆောင်ကြည်းလာတဲ့ အမေကတော့ ကိုယ့်အတွက် hero တစ်ယောက်ပါပဲ။

Khin

sponsored