BTS ရဲ့သီချင်းကို နားမထောင်ရကောင်းလားဆိုပြီး ဝေဖန်ခံနေရတဲ့ Niall Horan

Celebrities's Instagram
Sponsored

BTS ဟာ ပြီးခဲ့တဲ့ လတုန်းက Dynamite ဆိုတဲ့ single သီချင်းတစ်ပုဒ်ကို ထုတ်ပေးခဲ့ပါတယ်။ ဒီသီချင်းဟာ တစ်ပုဒ်လုံးကို အင်္ဂလိပ်လို ဆိုထားတာဖြစ်ပြီးတော့ သီချင်းဟာ ကိုဗစ်ကာလအတွင်း စိတ်ဓာတ်ကျနေတဲ့ လူတွေဖို့အထူးရည်ရွယ်ကာ သီဆိုထားတာဖြစ်တယ်လို့ သီချင်းမထွက်ခင်ကတည်းကိုက BTS က ပြောထားခဲ့တာပါ။

 

View this post on Instagram

 

A post shared by BTS official (@bts.bighitofficial) on

Sponsored

အင်္ဂလိပ်လိုဆိုထားတာဖြစ်တဲ့အတွက်ကြောင့် အရင်ကတည်းက အောင်မြင်တဲ့ BTS အနေနဲ့ international fan တွေလည်း ဒီတစ်ခေါက်မှာ ပိုရခဲ့ပြီး တချို့သော ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ အားပေးခြင်းကိုလည်း ခံခဲ့ရတာပါ။ ဥပမာ Charlie Puth လိုပေါ့။ သီချင်းထွက်တုန်းကဆိုရင် Charlie Puth တစ်ယောက် သီချင်းကိုလိုက်ဆိုနေတာကိုတောင် Twitter မှာ တကူးတကတင်လာခဲ့တာပါ။

 

ဒီအပြင် Dynamite ဟာ ပထမအပတ်မှာတင်US stream တစ်ခုတည်းနဲ့တင်ကို ၃၃.၉ သန်းရှိနေခဲ့ပြီး digital မှာ သီချင်းရောင်းခဲ့ရတဲ့အကြိမ်ရေဟာလည်း ၃ သိန်းတောင်ရှိခဲ့ပါတယ်တဲ့။ ဒီအပြင် သြဂုတ်လ ၃၀ ဂက်နေ့အထိ ရေဒီယိုမှာသီချင်းတောင်းတဲ့ ပရိတ်သတ်ပေါင်း ၁၁.၆ သန်းရှိနေခဲ့တာပါ။စစချင်း Digital Song Sales မှာ Dynamite ဟာ နံပါတ် ၁ ချိတ်ခဲ့ပြီး Streaming Songs ကဏ္ဍမှာလည်း နံပါတ် ၃ ချိတ်လာခဲ့တာပါ။ အခုတော့ အားလုံးသိကြတဲ့အတိုင်း BTS ဟာ ကိုရီးယားနိုင်ငံမှာ ပထမဆုံး Billboard Hot 100 ထဲ နံပါတ် ၁ ချိတ်ဖူးခဲ့တဲ့ အနုပညာရှင်တွေအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါသေးတယ်။

READ
အာရှရဲ့ အလင်းလက် အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်လာတဲ့ Darren Espanto...

အောင်မြင်နေတဲ့ Dynamite သီချင်းကို နားထောင်ပြီးပြီလားဆိုပြီး အမေးခံခဲ့ရတဲ့ celebrity တစ်ဦးလည်းရှိနေပါသေးတယ်။ ဒါကတော့ One Direction က Niall Horan ပါပဲ။ စက်တင်ဘာလ ၉ ရက်နေ့တုန်းက @everywhereniall ဆိုတဲ့ Twitter account ကနေပြီး Niall ကို “niall did you listen to dynamite by bts yet??” ဆိုပြီး မေးထားခဲ့တာဖြစ်ပါတယ်။ ဒါကို Niall က ရိုးရိုးသားသားနဲ့ “No I haven’t” ဆိုပြီး ပြန်ဖြေခဲ့တာပါ။

Twitter- @niallhoran

 

View this post on Instagram

 

A post shared by Niall Horan (@niallhoran) on

ဒါကို BTS ရဲ့ တချို့သော ပရိတ်သတ်တွေက ဒီလောက်နာမည်ကြီးနေတဲ့ သီချင်းကို ဘာလို့ နားမထောင်ဖူးတာလဲဆိုပြီး စိတ်ဆိုးကာ Niall ကို ဝေဖန်ကြပါတော့တယ်။ တချို့သော comment တွေဆိုရင် “im sure BTS haven’t listened to ur music as well” (နင့်သီချင်းတွေကိုလည်း BTS က နားထောင်မှာမဟုတ်ပါဘူး) ဆိုပြီးတောင် ဝေဖန်မှုတွေမြင့်တက်နေခဲ့တာပါ။

ဒါပေမဲ့လည်း တချို့သော BTS fan တွေကတော့ ဒီလိုလုပ်ရပ်ဟာ မလုပ်သင့်ကြောင်း fan အချင်းချင်းပဲ အကျိုးအကြောင်း ပြေပြေလည်လည်ရှင်းပြကာ တချို့ကျပြန်တော့လည်း ဟိုဖက် fan ဒီဖက် fan အချင်းချင်း အပြစ်တင်ပြောဆိုမှုတွေ Twitter မှာ ပွထနေခဲ့ပါပြီ။

READ
Brad Pitt နဲ့ Sienna Miller တို့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာ

 

penny

sponsored