သဘာဝ skin care ပစ္စည်းတွေအဖြစ် အသုံးပြုလို့ရတဲ့ အသားအရေလှစေတဲ့ အသီးအနှံများ

shutterstock/VALUA STUDIO
Sponsored

မျက်နှာအသားအရေ sensitive ဖြစ်တတ်တဲ့ သူတွေနဲ့ ဓာတုပစ္စည်းတွေကို အသုံးမပြုချင်တဲ့ သူတွေအနေနဲ့ အသားအရေကို ဖြူဖွေးပြီး glow စေဖို့ သဘာဝ ပစ္စည်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ ဒီအသီးအနှံတွေက အသားအရေအတွက် အရမ်းကို အကျိုးသက်ရောက်မှုရှိပြီး ကြည်လင်ဖြူဖွေးတဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေမှာပါနော်။

သေဘာၤသီး

shutterstock/Kalcutta

ကြိတ်ခြေထားတဲ့ သင်္ဘောသီးမှည့် သုံးလေးဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောနှောပြီး မျက်နှာပေါ်မှာ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် လိမ်းပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပေးရင် ရပါပြီ။ အရမ်းကို ရိုးရှင်းသလို ထိရောက်လှတဲ့ ဒီနည်းလေးက မျက်နှာလေးကို ကြည်ကြည်တင်းတင်းလေး ဖြစ်နေစေမှာ ဖြစ်ပါတယ်။

ပန်းသီး

shutterstock/Adamova Mariya
Sponsored

ပန်းသီးနှစ်စိပ်ကို ကြိတ်ခြေပြီး ဒိန်ခဲ၊ သံပုရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ ရောနှောပြီး မျက်နှာပေါ်မှာ ဆယ့်ငါးမိနစ်လောက် လိမ်းပေးထားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် စောစောကလို ရေနွေးလေးနဲ့ ဆေးချပေးရမှာ ဖြစ်ပြီးတော့ မျက်နှာအသားအရေ အစိုဓာတ်ပြည့်ဝပြီး glow နေမှာ ဖြစ်ပါတယ်။

READ
ပြည်ရွှေဆံတော်ဘုရားကို ဖူးမြော်ခဲ့ကြတဲ့ ခီမောင်နှံ

စတော်ဘယ်ရီ

shutterstock/ Adamova Mariya

စတော်ဘယ်ရီသုံးလုံးကို ကြိတ်ခြေပြီး ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောနှောကာ မျက်နှာမှာ ဆယ့်ငါးမိနစ် လိမ်းပေးထားလိုက်ပါ။ နောက်ဆုံးမှာ ရေနွေးလေနဲ့ မျက်နှာသစ်ပေးရမှာပါနော်။ ဒီနည်းလမ်းကလည်း မျက်နှာအတွင်းပိုင်းအထိ ဗီတာမင်တွေ အားဖြည့်ပေးပြီး အသားအရေကို ဖြူဖွေးလာစေမှာ ဖြစ်ပါတယ်။

ထောပတ်သီး

shutterstock/Pixel-Shot

ထောပတ်သီး တစ်ခြမ်းကို သေချာလေး ညက်နေအောင် ကြိတ်ခြေပြီး သံပုရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောနှောပေးလိုက်ပါ။ ရလာတဲ့ အရောအနှောကို မျက်နှာမှာ ဆယ့်ငါးမိနစ်ခန့် လိမ်းပေးပြီးရင်တော့ ရေဆေးချလို့ ရပါပြီ။ ထောပတ်သီးမှာပါတဲ့ အဆီတွေက မျက်နှာကို အစိုဓာတ်အလုံအလောက်ပေးသလို ဖြူဝင်းနေစေမှာ ဖြစ်ပါတယ်။

Khin

sponsored