ဆံပင်ကျွတ်လွန်းလို့ ကျဲပါးနေတဲ့ဆံပင်တွေကို ပြန်ထူထဲလာစေမယ့် သဘာဝပေါင်းတင်နည်း (၆)မျိုး

Sponsored

ဆံပင်ပါးတာဟာ အမျိုးသမီးတွေရော၊ အမျိုးသားတွေမှာပါ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ တချို့တွေဆိုရင် ခေါင်းဖြီးတိုင်း၊ ခေါင်းလျှော်တိုင်းမှာ ဆံပင်တွေအများကြီးကျွတ်တတ်ပြီး ရှိတဲ့ဆံပင်လေးတွေ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပါးလာတာကြောင့် ထိပ်ပြောင်လေးဖြစ်လာတော့မလားဆိုပြီး စိတ်ညစ်ရတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ဆံပင်တွေ တအားကျွတ်ပြီး တစ်နေ့ထက်တစ်နေ့ ဆံပင်တွေ ပိုပိုပါးလာတဲ့သူတွေ အမြဲလုပ်ပေးသင့်တဲ့ အလွယ်ဆုံးနဲ့ ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝဆံပင်ပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ရှားစောင်းလက်ပပ်

pinterest

ရှားစောင်းလက်ပပ်က ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်အမြစ်တွေကနေ လိုအပ်တဲ့ အာဟာရကိုဖြည့်ပေးတာကြောင့် ဆံပင်ကျွတ်တာကို ရပ်သွားစေပြီး နဂိုထက်သန်မာထူထဲလာစေပါတယ်။ ရှားစောင်းလက်ပပ်အတွင်းသားအနှစ်ကို ယူပြီး ဦးရေပြားအနှံ့ ပွတ်တိုက်ပေးပြီး ဆယ့်ငါးမိနစ်လောက်ကြာရင် ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ပတ်မှာ နှစ်ကြိမ်လောက် လုပ်ပေးရုံနဲ့ ဆံပင်တွေကျွတ်ပြီး တဖြည်းဖြည်းပါးလာတာကို ရပ်တန့်ပေးနိုင်ပါလိမ့်မယ်။

(၂) ချင်းနဲ့သံလွင်ဆီ

pinterest
Sponsored

ချင်းအနည်းကို ညက်နေအောင် ကြိတ်ချေပြီးး သံလွင်ဆီအနည်းငယ်ထဲ ထည့်ပြီး နာရီဝက်လောက် စိမ်ထားပါ။ ပြီးရင် အဲ့ဒီအဆီနဲ့ ဦးရေပြားအနှံ့ လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် နှိပ်နယ်ပေးပြီး အိပ်ရာဝင်လိုက်ပါ။ နောက်တစ်နေ့မနက်မှ ခေါင်းလျှော်ပေးပါ။ ဒီနည်းလေးကို တစ်ပတ် နှစ်ခါလောက် လုပ်ပေးမယ်ဆိုရင် ဆံပင်ကျွတ်တာကို ရပ်တန့်စေပြီး ပါးလွှာနေတဲ့ ဆံပင်တွေကို တဖြည်းဖြည်းပြန်ထူလာစေပါလိမ့်မယ်။

READ
ကြည်လင်ဖြူစင်တဲ့ မျက်နှာလေးအတွက် ရှားစောင်းလက်ပတ်ပေါင်းတင်နည်း

(၃) ပန်းသီးရှာလကာရည် နဲ့ လက်ဖက်ခြောက်

pinterest

လက်ဖက်ခြောက်အနည်းငယ်ကို ရေနွေးထဲထည့်ပြီး ရေနွေးကြမ်းဖောက်လိုက်ပြီး အအေးခံထားပါ။ လက်ဖက်ခြောက်တွေကို စစ်ထုတ်လိုက်ပြီး အဲ့ဒီအအေးခံထားတဲ့ ရေနွေးကြမ်းထဲကို ပန်းသီးရှာလကာရည်နှစ်ဇွန်းရောလိုက်ပြီး စပရေးဗူးအလွတ်တစ်ခုထဲ ထည့်လိုက်ပါ။ ခေါင်းလျှော်ပြီးတဲ့အခါ တဘက်နဲ့ရေစစ်အောင် သုတ်လိုက်ပြီး ခုနက ပန်းသီးရှာလကာရည်နဲ့ရေနွေးကြမ်းရောထားတဲ့အရည်ကို ဦးရေပြားပေါ်ကို ဖျန်းပေးပါ။ ရေပြန်ဆေးချဖို့ မလိုတော့ဘဲ ဒီအတိုင်းအခြောက်ခံလိုက်ရုံပါပဲ။ လုပ်ရတာလွယ်ကူပြီး ဆံပင်ပါးတာကို အမြန်ဆုံးပြန်ထူထဲလာစေတဲ့ နည်းလမ်းလည်းဖြစ်တာကြောင့် ခေါင်းလျှော်ပြီးတိုင်းလုပ်ပေးလိုက်နော်။

(၄) ကြက်သွန်နီ

pinterest

ကြက်သွန်နီကိုကြိတ်ချေပြီး အရည်ညှစ်ယူကာ ပျားရည်အနည်းငယ်နဲ့ရောပါ။ ဦးရေပြားအနှံ့ ဆံပင်အရင်းတွေမှာ ရွှဲနေအောင်လိမ်းပေးပြီး မိနစ်နှစ်ဆယ်ကြာရင် ခေါင်းလျှော်လိုက်ရုံနဲ့ ဆံပင်ကျွတ်တာကို ရပ်တန့်ပေးပြီး ဆံပင်အရင်းကနေ အားပြန်ဖြည့်ပေးနိုင်တာကြောင့် ဆံပင်ပါးတဲ့ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

(၅) လိမ္မော်သီး

pinterest

လိမ္မော်သီးတစ်လုံးကို Blender ထဲ ထည့်ကြိတ်လိုက်ပြီး အဖတ်တွေကို စစ်ထုတ်လိုက်ပါ။ ရလာတဲ့ လိမ္မော်ရည်ကို ဦးရေပြားအနှံ့ ရွှဲနေအောင်လိမ်းပေးပြီး မိနစ်နှစ်ဆယ်လောက်ကြာရင် ရေအေးနဲ့ပြောင်စင်နေအောင် ဆေးချပေးလိုက်ပါ။ ဆံပင်ကျွတ်တာကို ရပ်တန့်သွားစေပြီး ဦးရေပြားကိုလည်း အာဟာရဖြည့်ပေးတာကြောင့် နဂိုကထက် ဆံပင်ပိုသန်လာပါလိမ့်မယ်။ ဒါ့အပြင် ဦးရေပြားချွေးထွက်လို့ ခေါင်းအနံ့ဆိုးတာနဲ့ ဗောက်ဖြစ်တာကိုပါပျောက်ကင်းစေနိုင်တဲ့အစွမ်း ရှိပါတယ်။

READ
မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအတိုင်းလေး လှနေစေဖို့ လိုက်နာရမယ့် အချက် (၁၀) ချက်

(၆) အုန်းနို့

pinterest

အုန်းနို့ခွက်တစ်ဝက်နဲ့ သံလွင်ဆီ ၃ ဇွန်းကိုရောပြီး အနည်းငယ်နွေးလာအောင် အပူပေးလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်အဖျားအထိ အနှံ့လိမ်းပေးပြီး Showe cap လေးနဲ့ ဆယ့်ငါးမိနစ်လောက် အုပ်ထားပြီးမှ ခေါင်းလျှော်ပေးလိုက်ပါ။ အုန်းနို့နဲ့သံလွင်ဆီက ဦးရေပြားနဲ့ ဆံပင်အမြစ်တွေကို အားဖြည့်ပေးတာကြောင့် ဆံပင်ကျွတ်ပြီး တဖြည်းဖြည်း ပါးမလာအောင် တားဆီးပေးပြီး ဆံပင်အုံထူလာစေပါတယ်။

MAY THAZINHTOO

sponsored