မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်က အမည်းစက်တွေကိုဖယ်ရှားဖို့ အကောင်းဆုံး အိမ်တွင်းနည်းလမ်း(၅)မျိုး

Shutterstock/By pangpleiades
Sponsored

အမည်းစက်တွေက မျက်နှာပေါ် ၊ ပခုံးပေါ် ၊ လက်မောင်း နဲ့ကျော်ဘက်တွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အမည်းစက်တွေက နေရောင် ၊ ဟော်မုန်းအပြောင်းအလဲ ၊ မျက်နှာအမွှေးတွေကိုဖယ်ရှားပစ်ခြင်း ၊ ၀က်ခြံအမာရွတ်ကနေ ၊ အသက်အရွယ် စတာတွေကြောင့် ဖြစ်လာတတ်ပါတယ်။ သင့်မျက်နှာပေါ်မှာ အမည်းစက်တွေရှိနေရင် မိတ်ကပ်နဲ့ဖုံးပစ်လိုက်တာ ကုသနည်းမဟုတ်ပါဘူး။ ဒါကြောင့် ဒီနည်းတွေနဲ့ အမည်းစက်တွေကို Bye Bye လုပ်လိုက်ကြရအောင် ။

Shutterstock/By Radu Bercan

(၁) သံပရိုရည် နဲ့ ရေ 

ပါဝင်ပစ္စည်းများ – သံပရိုရည် (၁လုံး) ၊ ရေ ။
– သံပရိုသီးကို အရည်ညှစ်ပြီး ခွက်ထဲထည့်ပေးပါ။
– သံပရိုရည် အတိုင်း ရေပမာဏကိုထည့်ပေးပါ။
– ဂွမ်းနဲ့ မျက်နှာ တစ်ပြင်လုံးကိုလိမ်းပေးပြီး မိနစ် (၂၀)လောက်ထားပေးပါ။
– ရေနဲ့ မျက်နှာသစ်ပေးပါ (ဆပ်ပြာမသုံးပါနဲ့)။

READ
မည်းနေတဲ့ တံတောင်ဆစ်ကို ဖြူလာစေမယ့် အဖြေက ဒီမှာပါ။
Sponsored

 

Pixabay/Christos Giakkas

(၂) အာလူး

ပါဝင်ပစ္စည်းများ – အာလူး။
– အာလူးကို ပါးပါးလှီးပေးပါ။
-လှီးပြီးရင် အာလူးကို ရေနည်းနည်းစွတ်ပေးပြီး အမည်းစက်နေရာတွေမှာ (၁၀)မိနစ်လောက် ကပ်ပေးထားပါ။

 

Pixabay/Franziska Ingold

(၃) ရှားစောင်းလက်ပပ်

ပါဝင်ပစ္စည်းများ – သဘာဝရှားစောင်းလက်ပပ် ပင် ။
– ရှားစောင်းလက်ပပ်ပင်ကနေ ဓားနဲ့ လှီးပေးပြီး အထဲက အနှစ်ကို အမည်းစက်ရှိတဲ့နေရာတွေကို လိမ်းပေးပါ။
– မိနစ် (၂၀)လောက် မျက်နှာပေါ် အခြောက်ခံပေးပြီး ရေနဲ့ သစ်ပေးပါ။

 

Pixabay/congerdesign

(၄) Oatmeal 

ပါဝင်ပစ္စည်းများ – Oatmeal (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ နွားနို့ (စားပွဲတင်ဇွန်း ၁ ဇွန်း)။
– ခွက်ထဲ ပါဝင်ပစ္စည်းများအားလုံးကို အနှစ်ဖြစ်အောင် ရောပေးပါ။
– မျက်နှာတစ်ပြင်လုံးပေါ်ကိုလိမ်းပေးပါ။
– ခြောက်သွားတဲ့အထိ ပေါင်းတင်ပေးပြီး ရေနဲ့ ဆေးပေးပါ။
– တစ်ပတ်ကို (၃)ကြိမ်လုပ်ပေးပါ။

READ
မျက်နှာနဲ့ အရေပြားပေါ်က အဖြူကွက်၊ ညှင်းကွက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းများ

 

Shutterstock/By ThamKC

(၅) Apple Cider Vinegar

ပန်းသီးရှာလကာရည်နဲ့ ပျားရည်တို့က အမည်းစက်တွေအတွက် အထိရောက်ဆုံးနည်းပါ။
ပါဝင်ပစ္စည်းများ – ပန်းသီးရှာလကာရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ရေ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ။
– ပန်းသီးရှာလကာရည်နဲ့ရေကို ရောပေးပြီး ပျားရည်ကို ထည့်ရောပေးပါ။
– ဂွမ်းကိုသုံးပြီး အမည်းစက်တွေပေါ်မှာ လိမ်းပေးပါ ၊ (၁၅)မိနစ်လောက်ထားပေးပါ။
– ရေနဲ့ ဆေးချပေးပါ။

Hannwe Soe

 

 

sponsored