ဆံပင်ကျွတ်တာများပြီး တဖြည်းဖြည်းပါးလာတာကို ရပ်တန့်ပေးမယ့် အိမ်တွင်းနည်းလမ်း (၃)မျိုး

Sponsored

အစားအသောက်ပုံစံကြောင့်၊ ဓာတုဆေးတွေနဲ့ ထိတွေ့မှုများခြင်းကြောင့်၊ ဟော်မုန်းအပြောင်းအလဲကြောင့် စတဲ့ အကြောင်းရင်းတွေက ဆံပင်တွေ အများကြီးကျွတ်စေပြီး တဖြည်းဖြည်း ဆံပင်ပါးလာကာ နောက်ဆို ထိပ်ပြောင်တဲ့အထိဖြစ်စေပါလိမ့်မယ်။ ဒီတော့ ခေါင်းဖြီးတိုင်း၊ခေါင်းလျှော်တိုင်းမှာ ဆံပင်တွေအထွေးလိုက်ကျွတ်တတ်တဲ့သူလေးတွေအနေနဲ့ ဆံပင်တွေပါးပြီး ထိပ်ပြောင်တဲ့အထိမဖြစ်အောင် ဒီနည်းလမ်းလေးတွေနဲ့ ကာကွယ်ထားလိုက်ပါနော်။

(၁) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်မှာ ပါဝင်တဲ့ proteolytic enzymes က ဦးရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ကုသပေးနိုင်တဲ့အစွမ်း ရှိပြီး ဆံပင်အမြစ်တွေကို အားဖြည့်ပေးတာကြောင့် ဆံပင်ကျွတ်တာကို ရပ်တန့်ပေးနိုင်တဲ့အပြင် ဆံပင်ကိုပြန်ပြီး ထူထဲသန်မာစေပါလိမ့်မယ်။

shutterstock
Sponsored

ရှားစောင်းလက်ပပ်အရွက်ကို နှစ်လွှာခွဲလိုက်ပြီးအထဲကအနှစ်ကိုထု တ်ကာ blender ထဲ ထည့်မွှေလိုက်ကာ ဦးရေပြားအနှံ့လိမ်းလိုက်ပါ။ ၁၀ မိနစ်လောက် နှိပ်နယ်ပြီး ၁၅ မိနစ်လောက် ထားထားပေးလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ ဒါကို တစ်ပတ်တစ်ခါလောက် လုပ်ပေးလိုက်ရုံနဲ့ ဆံပင်ကျွတ်တာရပ်သွားပြီး ပြန်လည်သန်မာထူထဲလာပါလိမ့်မယ်။

(၂) ကြက်ဥ

ကြက်ဥမှာ proteins, vitamin B12, iron, zinc and omega-6 fatty acids တို့ ပါဝင်တာကြောင့် ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေကို ကောင်းကောင်းဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကြောင့် ဆံပင်တွေ အရမ်းကျွတ်ပြီး တဖြည်းဖြည်းပါးလာတာကို ကုသဖို့ ကြက်ဥကိုလည်း စိတ်ချလက်ချ သုံးသင့်ပါတယ်။

READ
မျက်နှာပေါ်က ၀က်ခြံကို တစ်ညအတွင်း ရှင်းလင်းနိုင်မယ့် နည်းလမ်း(၄)မျိုး
shutterstock

ကြက်ဥတစ်လုံး နဲ့ သံလွင်ဆီတစ်ဇွန်း ဒါမှမဟုတ် အုန်းဆီတစ်ဇွန်း တို့ကို ရောမွှေပြီး ဦးရေပြားနဲ့ ဆံပင်အဖျားထိ နှံ့နေအောင် လိမ်းပေးပါ။ နာရီဝက်လောက် ထားပေးပြီး သုံးနေကျခေါင်းလျှော်ရည်ကို သုံးပြီး ရေအေးနဲ့ခေါင်းလျှော်ပါ။ ရေနွေးကိုလုံးဝမသုံးပါနဲ့။ ဒီနည်းလေးကို သုံးရက်တစ်ခါလောက် လုပ်ပေးနိုင်ပြီး ဆံပင်ကျွတ်တာတွေကို သေချာပေါက်ရပ်တန့်စေပြီး အမြန်ဆုံးပြန်ထူထဲလာတာကို တွေ့ရမှာပါ။

(၃) ဆီးဖြူသီး

ဆီးဖြူသီးမှာ အာဟာရဓာတ်တွေ အများအပြားပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် စီ ကြွယ်ဝပြီး အမိုင်နိုအက်စစ်၊ သတ္တုဓာတ်၊ အာဟာရဓာတ်တွေများစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်နိုင်စွမ်းလည်း ရှိတာကြောင့် ဆံပင်နဲ့ အသားအရေအတွက် အသုံးဝင်လွန်းပါတယ်။

shutterstock

ဆီးဖြူသီးကိုအခြောက်ခံပြီးအမှုန့်ကြိတ်ပါ။ ဆီးဖြူသီးမှုန့််နှစ်ဇွန်း၊ သံပရိုရည်နှစ်ဇွန်းတို့ကိုရောပြီး ရလာတဲ့ အနှစ်ကို ဦးရေပြားနဲ့ ဆံပင်အဖျားထိ နှံ့နေအောင် လိမ်းပေးပါ။ ခြောက်သွားတဲ့အထိထားပြီး သုံးနေကျခေါင်းလျှော်ရည်ကို သုံးကာ ရေအေးနဲ့ခေါင်းလျှော်ပေးပါ။ ဒါကို တစ်ပတ်တစ်ခါ လုပ်ပေးရုံနဲ့ ဆံပင်ကျွတ်တာ ရပ်သွားပြီး တဖြည်းဖြည်းပြန်ပြီးသန်မာထူထဲလာပါလိမ့်မယ်။

READ
မိန်းကလေးအများစု မသိလောက်သေးတဲ့ ရေခဲတုံးရဲ့ စူပါမှော်အစွမ်း

MAY THAZINHTOO

sponsored