နေလောင်ထားတဲ့ အသားအရေကို ပြန်လည်ကုသပေးနိုင်မယ့် နည်းလမ်းကောင်းများ

shutterstock/   metamorworks
Sponsored

အသားအရေ နုတဲ့သူတွေနဲ့ အပြင်သွားတာများတဲ့သူတွေဟာ နေရောင်နဲ့ထိတွေ့တဲ့အခါမျိုးမှာ အလွယ်တကူပဲ နေလောင်တာတွေ၊ နေလောင်ကွက် ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီနေလောင်ကွက်တွေက မြန်မြန်သာ မကုသဘူးဆိုရင် တင်းတိပ်နဲ့ အမာရွက်တွေအဖြစ် ပြောင်းလဲသွားတတ်ပြီး ကုသရလည်း ခက်တတ်ပါတယ်။ ဒီတော့ နေလောင်ကွင်တွေနဲ့ နေလောင်နေတဲ့ အသားအရေကို သဘာဝပစ္စည်းလေးတွေနဲ့ လွယ်လွယ်ကူကူ ကုသလို့ရတဲ့ နည်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

သံပုရိုရည်

shutterstock/ Syda Productions

သံပုရိုသီးမှာ vitamin C နဲ့ acid ဓာတ်ပါဝင်တဲ့အတွက်ကြောင့် နေလောင်ခြင်းနဲ့ အမည်းစက်တွေကို သက်သာစေပြီး မျက်နှာလေးကို ဖြူဖွေးလာစေပါတယ်။ အသုံးပြုရမယ့် နည်းလမ်းလေးက သံပုရိုသီးတစ်လုံးကို အလယ်ကနေ ထက်ခြမ်းခြမ်းလိုက်ပြီး နေလောင်နေတဲ့နေရာမှာ ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။ ပွတ်တိုက်ပြီးသွားရင်တော့ မိနစ်အနည်းငယ်ထားပေးရမှာဖြစ်ပြီး ခဏနေ ရေဆေးချလို့ရပါပြီ။ ဒီလို ပုံမှန်လေးလုပ်ပေးသွားခြင်းက နေလောင်ကွက်ကို ပျောက်ကင်းသက်သာစေပါတယ်။

READ
ခေတ်အစားဆုံး Denim ဂျင်းဘောင်းဘီလေးတွေကို အထာကျကျ ဝတ်ဆင်နည်းများ

သခွါးသီး၊ သံပုရိုရည်နဲ့ rose water

shutterstock/ Akvals
Sponsored

အလှအပရေးရာမှာ တကယ့်ကို အသုံးဝင်တဲ့ သခွါးသီးမှာ ရေဓာတ်ပါဝင်မှုများပြီး အသားအရေကို ဖြူဝင်းစေတဲ့အတွက် နေလောင်အမည်းစက်တွေအတွက် ကောင်းမွန်စေပါတယ်။ ပါဝင်ပစ္စည်းသုံးမျိုးကို ရောနှောလိုက်ပြီးတော့ နေလောင်ထားတဲ့နေရာမှာ လိမ်းပေးထားရမှာ ဖြစ်ပါတယ်။ စောစောကလိုပဲ မိနစ်အနည်းငယ်ထားပြီးရင် ရေဆေးချလို့ရပါပြီ။

ပျားရည်နဲ့ သဘောင်္သီးမှည့်

shutterstock/ wasanajai

သဘောင်္သီးမှည့် ခွက်တစ်ဝက်လောက်ခန့်ကို ကြိတ်ခြေပြီး ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောနှောလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ မိနစ်သုံးဆယ်လောက် လိမ်းထားပေးရမှာ ဖြစ်ပါတယ်။ မိနစ်သုံးဆယ်ပြည့်သွားရင် မျက်နှာသစ်လို့ ရပါပြီ။ ရလဒ်ကတော့ မျက်နှာလေး စိုစိုပြေပြေနဲ့ ဖြူဝင်းနေတာကို တွေ့ရမှာပါနော်။

ဒိန်ချည်နဲ့ လိမ္မော်ရည်

shutterstock/mirzamlk

ဒိန်ချည်ထဲကို လိမ္မော်ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းရောနှောလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးထားရမှာ ဖြစ်ပါတယ်။ နာရီဝက်ခန့်ကြာရင်တော့ ရေဆေးချလို့ရပါပြီ။ တစ်ပတ်မှာ နှစ်ရက် သို့ သုံးရက်ခန့် လုပ်ပေးခြင်းက သိသာတဲ့ ရလဒ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

READ
"မမ" တွေလိုတည်တည်ငြိမ်ငြိမ်နဲ့ ဆွဲဆောင်မှုရှိနိုင်ဖို့အကောင်းဆုံးဖက်ရှင် အကြံပြုချက်များ

ရှားစောင်းလက်ပတ်၊ ပဲနီလေး၊ ခရမ်းချည်သီး

ပဲနီလေး လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေမှာပွသွားအောင် စိမ်ထားပြီး ညက်နေအောင် ကြိတ်ခြေပေးလိုက်ပါ။ ရှားစောင်းလက်ပတ်နဲ့ ခရမ်းချည်သီးကို အချိုးကျရောနှောပြီး စောစောက ပဲနီလေးနဲ့ သေချာရောနှောပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ နေလောင်တဲ့ နေရာမှာ လိမ်းပြီး သုံးဆယ်မိနစ်ထားပြီးရင် ရေအေးလေးနဲ့ မျက်နှာသစ်လို့ ရပါပြီ။

Khin

sponsored