ဓမ္မတာလာချိန်ကို အနည်းငယ် နောက်ဆုတ်နိုင်မယ့် သဘာဝနည်းလမ်းများ

Pixabay/ Irina Ilina
Sponsored

ရာသီစက်ဝန်းကတော့ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတည်း မဖြစ်မနေကြုံေ တွ့ရပါတယ်။ရာသီလာတဲ့ ရက်တွေမှာဆိုရင် အမျိုးသမီး အများစုဟာ နာကျင် မှု ဝေဒနာ(menstruation pain)ကိုခံစားရတတ်ပါတယ်။ဒီလိုရက်တွေ ဆိုရင် အမျိုးသမီးတွေအနေနဲ့ မအီမသာခံစားရတာ၊အာရုံစူးစိုက်လို့ မရတာ အစရှိတာေ တွနဲ့လည်း ကြုံရတတ်ပါတယ်။ကိုယ့်မှာ အရေးကြီးတဲ့ အကြောင်း တစ်စုံ တစ် ရာရှိမယ်၊အဲ့ဒီလိုအချိန်မှာ ရာသီလာနေရင် ကိုယ့်အတွက် သိပ်အဆင်မပြေ နိုင်ဘူး ဆိုရင်တော့ ရာသီလာတဲ့ ရက်ကို နောက်ကို ရက်အနည်းငယ်လောက် ရွှေ့လို့ရပါတယ်။

Pixabay/ Irina Ilina

(၁)နောက်ထပ် ရာသီလာမယ့် ရက်ကို သိထားဖို့လို

Sponsored

ရာသီလာတဲ့ ရက်ကို ရွှေ့ချင်၊နောက်ဆုတ်ချင်ရင်တော့ နောက်တစ်ခေါက် လာမ ယ့် ရက်က ဘယ်ရက်လဲ သိထားဖို့ လိုပါတယ်။ကိုယ်တိုင်က ရာသီပုံမှန်မလာ ဘူး၊ရက်မမှန်ဘူး၊ဘယ်နေ့လာမလဲ အကြမ်းဖျင်းတောင် မသိဘူး ဆိုရင်တော့ ဒီနည်းလမ်းတွေကို သုံးလို့ အဆင်မပြေနိုင်ပါဘူး။ရက် မမှတ်ထားဘူး ဆိုရင် တော့ အခုနောက်ပိုင်းမှာ period tracking app တွေ ကို အလွယ်တကူ DOWNLOAD လုပ်ယူပြီး ဖုန်းထဲ ထည့်ထားပါ။ကိုယ်ရာသီစလာတဲ့ ရက်နဲ့ ဆုံးတဲ့ ရက်ကို APP မှာမှတ်လိုက်ပြီဆိုတာနဲ့ နောက်လအတွက် ရက်ကို သူက တွက်ချက်ပေးပါလိမ့်မယ်။(အတိအကျမဟုတ်ပဲ ရက်အနည်းငယ်လွဲတာတော့ ရှိနိုင်)

READ
စိတ်ခံစားလွယ်တတ်တဲ့ sensitive သမားတွေအနေနဲ့ ဒီအချက်လေးတွေကို သတိပြုပါ

(၂)လေ့ကျင့်ခန်းလုပ်

ဒါကတစ်ရာရာခိုင်နှုန်းတော့ မသေချာပါဘူး။အားကစားလုပ်တဲ့ အခါ  ခန္ဓာ ကိုယ်မှာ physical stress တွေရပါတယ်။အဲ့ဒီ stress က ရာသီလာချိန်ကို နောက်ဆုတ်သွားတတ်ပါတယ်။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်ပေးရင် ရာသီလာတဲ့ ရက် နောက်ကျတတ်ပါတယ်။

(၃)အစပ်ရှောင်

ဒါကတော့ ထိရောက်တဲ့ နည်းတစ်ခုပါ။ရာသီမလာခင်မှာ အစပ်ကို လုံးဝ ရှော င်ပါ။စပ်တဲ့ အစားအစာက ရာသီစက်ဝိုင်းကို လှုံ့ဆောင်ပေးနိုင်ပါတယ်။ ဒါကြော င့် အစပ်တွေကို အများကြီးမစားသင့်ပါဘူး။အစပ်တွေ စားတာများရင် ရာသီေ စာစောလာတတ်ပါတယ်။အစပ်ဆိုတာ ငရုတ်သီးတစ်မျိုး တည်း မဟုတ်ပါ ဘူး။ ကြက်သွန်ဖြူ၊ငရုပ်ကောင်း အစရှိတဲ့ အစပ်တွေပါ ရှောင်ရမှာပါ။

(၄)ပဲနီကလေး ကိုစားပါ

ပဲနီကလေးကလည်း ရာသီလာချိန်ကို နောက်ဆုတ်ရာမှာ အသုံးဝင်တဲ့ နည်းတ စ်ခုပါ။ရာသီမလာခင်တည်းက ကြိုပြီး နေ့စဉ်စားပေးမယ်ဆိုရင် ရာသီလာချိန် နောက်ကျစေပါတယ်။

(၅)ရေများများသောက်

Shutterstock/By Dragana Gordic

အမျိုးသမီးတော်တော်များများက ရေသိပ်မသောက်ရင် ရာသီလာတာ နောက် ကျမယ်လို့ ထင်တတ်ကြပါတယ်။ဒါဟာ မှားပါတယ်။တကယ်က နောက်ကျချင် ရင် ရေများများသောက်ပေးရမှာပါ။

READ
ရေနွေးကြမ်းတစ်နေ့တစ်ခွက်သောက်ရုံနဲ့ရနိုင်မယ့် အံ့မခန်းအကျိုးကျေးဇူး(၆)မျိုး

(၆)ရှာလကာရည်

ရှာလကာရည်ကို သောက်ပေးရမှာပါ။ရေတစ်ဖန်ခွက်ထဲကို ရှာလကာရည် လက်ဖက်ရည်ဇွန်း(၃)ဇွန်း (၄) ဇွန်းလောက် ထည့်ရောပေးပါ။ရာသီလာမယ့် ရက် မတိုင်ခင်မှာ ရက်အနည်းငယ်လောက်တည်းက ကြိုသောက် ပေးပါ။တ စ်နေ့ကို (၂)ကြိမ် (၃)ကြိမ်လောက် သောက်ပေးပါ။ရက်ကို (၃) ရက်၊(၄) ရက်ေ လာက်တော့ နောက်ဆုတ်ပေးနိုင်ပါတယ်။

(၇)သံပရို၊သံပရာ

ရာသီလာတဲ့ရက်ကို နောက်ဆုတ်ပေးနိုင်ရုံတင် မကပဲ ရာသီလာချိန်မှာ ခံ စားရတဲ့ နာကျင်မှုတွေကိုပါ သက်သာစေပါတယ်။သံပရာရည်ညှစ်ပြီး ရေနဲ့ ရောသောက်ပေးရမှာပါ။

(၈)မုန်လာဥနီ

Pixabay/ RitaE

မုန်လာဥနီ ကို စားပေးရမှာပါ။ကြော်ပဲစားစား၊အစိမ်း အတိုင်းပဲ စားစား၊ဖျော်ရည်ပဲ လုပ်သောက်သောက် ရပါတယ်။ရာသီမလာခင်တည်းက ကြိုစားပေးထားရမှာ။

ref;.lovepanky

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့် မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

sponsored