မြန်မာပြည်ရဲ့ Liu Yifei (ဂူဂူး) လေးဆိုပြီး တင်စားခံနေရတဲ့ နော်ဖောအယ်ထား

Sponsored

နော်ဖောအယ်ထားကတော့ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူမော်ဒယ်မလေးပါ။ အပြစ်ကင်းစင်တဲ့ Cute Type အလှ မျိုး ကို ပိုင်ဆိုင်ထားသူလေးပါ။ ချစ်စရာကောင်းတဲ့ မော်ဒယ်မလေးကတော့ L’Oreal Paris, Red Carpet Event 2018  ကို ရွှေရောင်ဝတ်စုံလေးကို ၀တ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။

Sponsored

ရွှေရောင်ဝတ်စုံလေးနဲ့ နတ်သမီးလေးကို လှနေ ခဲ့တာပါ။နာမည်ကြီး L’Oreal Paris, Red Carpet Event 2018 ကိုတော့ ဇူလိုင်လ (၇)ရက်နေ့က ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ အနုပညာရှင်တွေ၊မော်ဒယ်တွေ၊ နာမည်ကြီးဆယ်လီတွေ အများကြီး တက်ရောက်ပေးခဲ့ပါတယ်။ ဆယ်လီတွေကလဲ သူ့ထက်ငါ အပြိုင်လန်းတဲ့ အမိုက်စားဖက်ရှင် ၀တ်စုံတွေကို ၀တ်ဆင် ပြီး တက်ရောက်လာခဲ့ပါတယ်။

READ
ပိုင်ဖြိုးသုရဲ့ ခွဲစိတ်ကုသမှု အောင်မြင်

နော်ဖောအယ်ထား ရဲ့  Red Carpet Event ပုံတွေဟာ အွန်လိုင်းပရိသတ်တွေကြား ပျံ့နေပြီး  ပရိသတ်တွေ အားလုံးက သူမကို တရုတ်မင်းသမီးလေး Liu Yifei  နဲ့ တူတယ်ဆိုပြီး ပြောနေကြပါတယ်။ မျက်နှာကျ ၊ဖြူဖြူသွယ် သွယ်ပုံစံလေးက Liu Yifei နဲ့ တူနေတာပါ။ မြန်မာပရိသတ်တွေကြားမှာ ဂူဂူး ဆိုပြီး နာမည်ကြီးတဲ့ Liu Yifei နဲ့ တကယ်ပဲ တူ၊မတူ ဆိုတာကို ပရိသတ်ကြီး ဆုံးဖြတ်ပေးနိုင်ဖို့ နော်ဖောအယ်ထားရဲ့ ပုံလေးတွေ ကို ဖော်ပြပေး လိုက်ပါတယ်။

from နော်ဖောအယ်ထား

sponsored