ဝတ်မှုံရွှေရည်နဲ့ အတူ ရုပ်ရှင်ရိုက်ကူးနေတဲ့ နေခြည်ဦး

Sponsored

Beauty Blogger တစ်ယောက်အဖြစ် ဖေ့စ်ဘုတ်ပေါ်မှာ နာမည်ကြီးလာတဲ့ နေခြည်ဦးကတော့ မိန်းကလေးပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ Beauty Blogger တစ်ယောက်အဖြစ်သာမက အနုပညာလမ်းကြောင်းပေါ်မှာလည်း နေရာတစ်နေရာ ရရှိအောင်ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။

Sponsored

အခုဆိုရင်တော့ နေခြည်ဦးဟာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ ဝတ်မှုန်ရွှေရည်၊နေမင်းတို့နဲ့ အတူ “ရန်သူ”လို့ခေါ်တဲ့ ရုပ်ရှင်ကားကို ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့မှာ ပရိသတ်တွေချစ်စနိုးနဲ့ ‘ချီချီ’လို့ ခေါ်ကြတဲ့ နေခြည်ဦးဟာ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံလေးတွေကို သူမရဲ့ ဖေစ်ဘုတ်မှာ တင်ပေးထားပါတယ်။ နေခြည်ဦးကတော့ ရုပ်ရှင်ထဲက သူ့ဇာတ်ရုပ်ဟာ ပေါ့ပေါ့ပါးပါးဇာတ်ရုပ်မဟုတ်လို့ ကြိုးကြိုးစားစားနဲ့ သရုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီဇာတ်ကားကတော့ နာမည်ကျော် သရုပ်ဆောင်တွေလည်း ပါဝင်ထားတဲ့ အပြင် အနုပညာရှင်တစ်ယောက်အဖြစ်နာမည်ကြီးလာဦးမယ့် နေခြည်ဦးလဲ ပါဝင် သရုပ်ဆောင်ထားတာဖြစ်လို့ ပရိသတ်တွေစောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

READ
အိမ်ထောင်သည်ဘဝရဲ့ ပြောင်းလဲမှုကို ဆောင်ဂျွန်ကီ ဖွင့်ဟ

Source: Nay Chi Oo

sponsored