လည်တိုင်လေး ရှည်မျောမျောနဲ့ ပခုံးအကျ လှစေဖို့ လိုက်လုပ်သင့်တဲ့ လေ့ကျင့်ခန်း(၆)ခု

shutterstock/SunKids
Sponsored

လည်တိုင်လှတဲ့ မိန်းကလေးတွေကို မြင်ရင် ဘာရယ်မဟုတ် ဆွဲဆောင်မှု ပိုတယ်လို့ ခံစားရတတ်တယ် ဟုတ်။ လည်တိုင်လေး ကျော့ကျော့ရှင်းရှင်းလေးက မိန်းကလေးတစ်ယောက်ကို ပိုစမတ်ကျ လှပစေပါတယ်နော်။ ဒီတော့ ဒီလို လည်တိုင်လေး ရှည်မျောမျောလေးနဲ့ ပခုံးအကျ လိုက်ဖက်စေဖို့ ဒီလေ့ကျင့်လေးတွေကို အိမ်မှာပဲ အလွယ်တကူ လိုက်လုပ်ကြည့်လို့ ရပါတယ်နော်။

The lift-off exercise

shutterstock/Iana Aibazova

ဒီလေ့ကျင့်လေးက မတ်တပ်အနေအထား ရပ်လိုက်ပြီး လည်ပင်းလေးကို ဆန့်ပြီး ရှေ့ထုတ်ထားလိုက်ပါ။ ခေါင်းကိုတည့်တည့်ထားပြီး ရှေ့တည့်တည့်ကို ကြည့်နေရပါမယ်။ လက်တွေကို နောက်ဘက်မှာ ယှက်ပြီး တံတောင်ကို အနည်းငယ် ကွေးထားလိုက်ပါ။ ပြီးရင်တော့ လက်တွေကို တွန်းကန်လိုက်တာနဲ့ တင်ပါးလေးကို ပင့်တင်လိုက်သလို ဖြစ်နေရမှာ ဖြစ်ပါတယ်။ ဒီလိုအနေအထားအတိုင်း သုံးဆယ်စက္ကန့်နေပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ လက်ကို အပေါ်အောက် အနေအထား လက်ပြောင်းပြီး လုပ်ပေးရမှာပါ။

Forward head posture

shutterstock/ fizkes
Sponsored

ခြေထောက်တွေကို ပခုံးအကွာအဝေးအတိုင်း နေရာချထားလိုက်ပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ခေါင်းမှာယှက်ပြီး တံတောင်ဆစ်က မျက်နှာနားမှာ ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒီ့နောက်မှာ ဒူးတွေကို ဖြည်းဖြည်းချင်း ကွေးပေးရမှာ ဖြစ်ပြီး ခေါင်းက အောက်ဘက်ကို စိုက်နေတဲ့ အနေအထားတိုင်း ထားရမှာပါ။ လည်ပင်းတင်းကျပ်နေအောင် ခေါင်းက လက်ကို တွန်းကန်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုအနေအထားအတိုင်း စက္ကန့် နှစ်ဆယ်နေပေးရမှာ ဖြစ်ပါတယ်။

READ
ကျားကျားကြိုက်ကြိုက် Red Carpet Show သို့ တက်ရောက်လာတဲ့ အနုပညာရှင်များ

Shoulder rotations

ခေါင်းအုံးပေါ်မှာ ဘေးတစ်စောင်း အနေအထားအတိုင်း လှဲလိုက်ပြီး ခေါင်းအောက်မှာ ဘယ်ဘက်လက်ကို ခုပြီးကွေးထားလိုက်ပါ။ ပြီးရင်တော့ ဒူးတွေကို အနည်းငယ် ကွေးထားရမှာ ဖြစ်ပါတယ်။ ညာဘက်လက်ကို ဗိုက်ရှေ့နားမှာ ကိုးဆယ်ဒီဂရီ ထောက်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဖြည်းဖြည်းချင်း ထောက်ထားတဲ့လက်ကို မြင့်ပေးရမှာဖြစ်ပြီး အညောင်းအညာလေး ပြေစေမှာ ဖြစ်ပါတယ်။ တစ်ဖက်ကို လေးဆယ်ငါးစက္ကန့်လောက် လုပ်ပြီးရင်တော့ ဘက်ပြောင်းပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။

Levator scapulae stretch

shutterstock/ Anatoliy Karlyuk

ဒီလေ့ကျင့်ခန်းကိုတော့ ထိုင်လို့ရော၊ ရပ်လို့ အနေအထားအတိုင်းပါ နှစ်မျိုးလုံး လုပ်လို့ရပါတယ်။ ဘယ်ဘက်လက်ကို အနည်းငယ်ကွေးပြီး ခေါင်းပေါ်မှာ တင်ထားလိုက်ပါ။ ပြီးရင်တော့ ဘေးဘက်ကို ဖြည်းဖြည်းချင်း ခေါင်းကိုဆွဲချပေးရမှာ ဖြစ်ပြီး ကိုယ်ခံနိုင်တဲ့ အထိစောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလို စောင်းလျက်အနေအထားအတိုင်း စက္ကန့်နှစ်ဆယ်ကို သုံးကျော့စီ လုပ်ပေးရမှာဖြစ်။ နောက်တစ်ဖက်ကိုလည်း အဲဒီ့အတိုင်း လုပ်ပေးရမှာပါ။

READ
ဟယ်လ်ပင်ကလေးဆေးရုံမှာ ပျော်ရွှင်မှုတွေ ဖန်တီးပေးခဲ့တဲ့ ကြောက်ကြောက်ကြောက်အဖွဲ့

Chin tucks

shutterstock/Olena Yakobchuk

မတ်တပ်ရပ်ပြီး လည်ပင်းကို ခပ်မတ်မတ်လည်း ထားကာ ရှေ့ကို ကြည့်ထားပေးပါ။ ပြီးရင်တော့ လက်ညိုးနဲ့ မေးကို ဖြည်းဖြည်းချင်း အောက်ကိုကို ဆွဲချပေးရမှာဖြစ်ပြီး ခေါင်းကတော့ ရှေ့တည့်တည့်ကို ကြည့်တဲ့အနေအထားတိုင်းပဲ ရှိနေရမှာပါ။ ဒါက လည်ပင်းနဲ့ ခေါင်းတွေရဲ့ ညောင်းညာမှုကိုလည်း သက်သာစေပါတယ်။ အဲဒီ့အနေအထားအတိုင်း ဆယ်စက္ကန့််နဲ့ ဆယ်ကြိမ်လုပ်ပေးရမှာ ဖြစ်ပါတယ်။

Neck isometrics

shutterstock/KAMPUS

လက်နဲ့ နဖူးပေါ်ကို ဖိချလိုက်ရမှာ ဖြစ်ပြီး လည်ပင်းက ခံနိုင်သလောက် လုပ်ပေးရမှာပါ။ ဒီလို ဆယ်စက္ကန့်လုပ်ပြီး ခဏနားလုပ်ပေးရမှာဖြစ်ပြီး ငါးကြိမ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ လက်နဲ့ ခေါင်းရဲ့ဘေးဘက် နားထင်ဘက်ခြမ်းကို ဆယ်စက္ကန့် ငါးကြိမ်စီ ဖိပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် နောက်တစ်ဖက်ကို စောစောကအတိုင်း လုပ်ပေးရမှာပါ။ အဲဒီ့အတိုင်းပဲ ခေါင်းနောက်ဘက်ကိုလည်း လုပ်ပေးရမှာ ဖြစ်ပါတယ်။

Khin

sponsored